ရိန်းဂျားနှင့်ပွဲတွင် ဖရီးကစ်ဂိုးဖြင့် ဝေဖန်မှုများကို နှုတ်ဆိတ်ခဲ့တဲ့ ထရန်းအလက်ဇန္ဒားအာနိုး

ထရန်းအလက်ဇန္ဒားအာနိုးဟာမနေ့ညတုန်းကရိန်းဂျားကိုအနိုင်ရရှိတဲ့ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင်လီဗာပူးအတွက်ဦးဆောင်ဂိုးအားဖရီးကစ်မှတဆင့်သွင်းယူခဲ့ပါတယ်။

လီဗာပူးနှင့်ရိန်းဂျားတို့ဟာအင်္ဂါနေ့ညနေတုန်းကအန်ဖီးလ်တွင်သမိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။

လီဗာပူးဟာ၄-၂-၃-၁ကစားကွက်ဖြင့်ပွဲထွက်ခဲ့ပြီးတာထွက်ကောင်းခဲ့ပါတယ်။ပွဲအစ၇မိနစ်မှာပဲထရန်းလက်ဇန္ဒားအာနိုးကရိန်းဂျားဧရိယာထိပ်မှာရရှိတဲ့ဖရီးကစ်ကိုတိုက်ရိုက်ကန်သွင်းပြီးဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။

ယင်းဂိုးဟာအသက်၂၃နှစ်ရှိထရန်းအလက်ဇန္ဒားအာနိုးအတွက်ယခုရာသီဒုတိယမြောက်ဂိုးလည်းဖြစ်ပါတယ်။

သူဟာယခုရာသီတွင်ခံစစ်ပိုင်းကာကွယ်ပေးနိုင်ခြင်းမရှိမှုများအတွက်ဝေဖန်မှုများခံနေရသူလည်းဖြစ်ပါတယ်။ဒါ့အပြင်သူဟာမကြာသေးမီတုန်းကနိုင်ငံတကာပွဲစဉ်များတွင်လည်းအင်္ဂလန်နည်းပြဆောက်ဂိတ်ရဲ့အခွင့်အရေးပေးခြင်းမခံခဲ့ရပါဘူး။

မနေ့ညတုန်းကရိန်းဂျားနှင့်ပွဲစဉ်တွင်လီဗာပူးအတွက်ဒုတိယအနိုင်ဂိုးကို မိုဟာမက်ဆာလက်ကပင်နယ်တီကနေ သွင်းယူခဲ့ပါတယ်။

ထူးခြားတာကတော့လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာရိန်းဂျားနှင့်ပွဲတွင် ထရန်းအလက်ဇန္ဒားအာနိုးကိုလူစားလဲချိန်တွင်အန်ဖီးလ်ကွင်းရှိပရိသတ်များအားမတ်တပ်ရပ်လက်ခုပ်တီးအားပေးကြရန်တောင်းဆိုမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ဟာလက်ရှိအချိန်တွင်ဝေဖန်မှုများကြုံနေရတဲ့ထရန်းအလက်ဇန္ဒားအာနိုး စိတ်ဓာတ်မြှင့်တင်ရေးအတွက် Man-Management လုပ်နိုင်မှုအပေါ်ချီးကျူးခံနေရပါတယ်။

ZawGyi

ရိန္းဂ်ားႏွင့္ပြဲတြင္ ဖရီးကစ္ဂိုးျဖင့္ ေဝဖန္မႈမ်ားကို ႏႈတ္ဆိတ္ခဲ့တဲ့ ထရန္းအလက္ဇႏၵားအာႏိုး

ထရန္းအလက္ဇႏၵားအာႏိုးဟာမေန႔ညတုန္းကရိန္းဂ်ားကိုအႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္တြင္လီဗာပူးအတြက္ဦးေဆာင္ဂိုးအားဖရီးကစ္မွတဆင့္သြင္းယူခဲ့ပါတယ္။

လီဗာပူးႏွင့္ရိန္းဂ်ားတို႔ဟာအဂၤါေန႔ညေနတုန္းကအန္ဖီးလ္တြင္သမိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ထိပ္တိုက္ေတြ႕ဆုံခဲ့ၾကပါတယ္။

လီဗာပူးဟာ၄-၂-၃-၁ကစားကြက္ျဖင့္ပြဲထြက္ခဲ့ၿပီးတာထြက္ေကာင္းခဲ့ပါတယ္။ပြဲအစ၇မိနစ္မွာပဲထရန္းလက္ဇႏၵားအာႏိုးကရိန္းဂ်ားဧရိယာထိပ္မွာရရွိတဲ့ဖရီးကစ္ကိုတိုက္႐ိုက္ကန္သြင္းၿပီးဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။

ယင္းဂိုးဟာအသက္၂၃ႏွစ္ရွိထရန္းအလက္ဇႏၵားအာႏိုးအတြက္ယခုရာသီဒုတိယေျမာက္ဂိုးလည္းျဖစ္ပါတယ္။

သူဟာယခုရာသီတြင္ခံစစ္ပိုင္းကာကြယ္ေပးႏိုင္ျခင္းမရွိမႈမ်ားအတြက္ေဝဖန္မႈမ်ားခံေနရသူလည္းျဖစ္ပါတယ္။ဒါ့အျပင္သူဟာမၾကာေသးမီတုန္းကႏိုင္ငံတကာပြဲစဥ္မ်ားတြင္လည္းအဂၤလန္နည္းျပေဆာက္ဂိတ္ရဲ႕အခြင့္အေရးေပးျခင္းမခံခဲ့ရပါဘူး။

မေန႔ညတုန္းကရိန္းဂ်ားႏွင့္ပြဲစဥ္တြင္လီဗာပူးအတြက္ဒုတိယအႏိုင္ဂိုးကို မိုဟာမက္ဆာလက္ကပင္နယ္တီကေန သြင္းယူခဲ့ပါတယ္။

ထူးျခားတာကေတာ့လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ဟာရိန္းဂ်ားႏွင့္ပြဲတြင္ ထရန္းအလက္ဇႏၵားအာႏိုးကိုလူစားလဲခ်ိန္တြင္အန္ဖီးလ္ကြင္းရွိပရိသတ္မ်ားအားမတ္တပ္ရပ္လက္ခုပ္တီးအားေပးၾကရန္ေတာင္းဆိုမႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္ဟာလက္ရွိအခ်ိန္တြင္ေဝဖန္မႈမ်ားႀကဳံေနရတဲ့ထရန္းအလက္ဇႏၵားအာႏိုး စိတ္ဓာတ္ျမႇင့္တင္ေရးအတြက္ Man-Management လုပ္ႏိုင္မႈအေပၚခ်ီးက်ဴးခံေနရပါတယ္။