ရိန်းဂျားသို့ စရောက်တဲ့နေ့တွင် ဂတ်စကွိုင်နီရဲ့တုန်လှုပ်ဖွယ်ရာ စနောက်မှု ကြုံခဲ့ရတဲ့ ဂတ်တူဆို

ဂန်နာရိုဂတ်တူဆိုဟာဘောလုံးကစားသမားဘဝတုန်းကကွင်းထဲမှာလူကြမ်းတစ်ယောက်လိုကစားမှုကြောင့်ထင်ပေါ်ကျော်ကြားခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။

တစ်ဖက်တွင်အင်္ဂလန်ဂန္ထဝင်ဂတ်စကွိုင်နီကလည်းအပျော်လွန်၊အစအနောက်သန်တဲ့သူတစ်ဦးဖြစ်ပါတယ်။အေစီမီလန်ကွင်းလယ်ကစားသမားဟာလူငယ်ကစားသမားဘဝတုန်းကဂတ်စကွိုင်နီနှင့်တွဲကစားခွင့်ရရှိဖူးပါတယ်။

ထိုစဉ်ကဂတ်တူဆိုကအသက်၁၉နှစ်ဘဲရှိပါသေးတယ်။ဂတ်တူဆိုဟာပီရူဂျီယာကနေရိန်းဂျားသို့ပြောင်းရွှေ့ကစားခဲ့ရာမှာဂတ်စကွိုင်နဲ့တွဲကစားခွင့်ရခဲ့တာပါ။ထိုစဉ်ကရိန်းဂျားဟာစကော့တလန်ပရီးမီးယားလိဂ်အမှတ်ပေးဖလားကိုကိုးကြိမ်ဆက်တိုက်ဆွတ်ခူးထားနိုင်ပါတယ်။

လူငယ်ကစားသမားပီပီဂတ်တူဆိုဟာထိုစဉ်ကထိပ်သီးကစားသမားတစ်ဦးဖြစ်တဲ့ဂတ်စကွိုင်နီဆီသို့သွားပြီးမိတ်ဆက်မှုပြုလုပ်ခဲ့ရပါတယ်။

ဒါပေမယ့်ဂတ်တူဆိုဟာရိန်းဂျားသို့ပထမဆုံးရောက်တဲ့နေ့မှာဘဲဗြိတိန်ရဲ့အကောင်းဆုံးကစားသမားများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံထားရတဲ့ဂတ်စကွိုင်ရဲ့တုန်လှုပ်စရာကောင်းတဲ့ကြိုဆိုမှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

ဂတ်တူဆိုက “ဂလက်ကိုကိုရောက်တဲ့ကျွန်တော့်ရဲ့ပထမဆုံးနေ့မှာပေါ့။ဂတ်စကွိုင်ကကျွန်တော့်ခြေအိတ်ထဲမှာအီးအီးပါထားခဲ့တယ်။ကျွန်တော်ရေသွားချိုးနေတုန်းလုပ်ချလိုက်တာ။ကျွန်တော်လည်းပြန်ရောက်လာရောဆိုးရွားတဲ့အနံ့နဲ့ကြုံရတော့တာဘဲ။သူကနေ့တိုင်းတစ်ခုမှတစ်ခုလုပ်တတ်တယ်”လို့ပြောကြားခဲ့ပါတယ်။

ဂတ်စကွိုင်နီဟာကစားသမားဘဝနှောင်းပိုင်းမှာအရက်အလွန်အကျွံသောက်မှုကြောင့်ပြဿနာများစွာတက်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်ဂတ်စကွိုင်နီဟာကစားသမားဘဝတုန်းကအကောင်းဆုံးကစားသမားများထဲမှတစ်ဦးဖြစ်ခဲ့ရာလူတိုင်းကချစ်ခင်မှုခံခဲ့ရပါတယ်။

မကြာသေးမီတုန်းကမန်ယူနည်းပြဖာဂူဆန်ကမန်ယူကိုကိုင်တွယ်စဉ်တုန်းကဂတ်စကွိုင်နီကိုအိုးထရက်ဖို့ဒ်သို့မခေါ်ဆောင်နိုင်ခဲ့မှုအတွက်နောင်တအလွန်ရမိကြောင်းဝန်ခံခဲ့ဖူးပါတယ်။

ZawGyi

ရိန္းဂ်ားသို႔ စေရာက္တဲ့ေန႔တြင္ ဂတ္စကြိဳင္နီရဲ႕တုန္လႈပ္ဖြယ္ရာ စေနာက္မႈ ႀကဳံခဲ့ရတဲ့ ဂတ္တူဆို

ဂန္နာ႐ိုဂတ္တူဆိုဟာေဘာလုံးကစားသမားဘဝတုန္းကကြင္းထဲမွာလူၾကမ္းတစ္ေယာက္လိုကစားမႈေၾကာင့္ထင္ေပၚေက်ာ္ၾကားခဲ့တဲ့သူတစ္ဦးျဖစ္ပါတယ္။

တစ္ဖက္တြင္အဂၤလန္ဂႏၴဝင္ဂတ္စကြိဳင္နီကလည္းအေပ်ာ္လြန္၊အစအေနာက္သန္တဲ့သူတစ္ဦးျဖစ္ပါတယ္။ေအစီမီလန္ကြင္းလယ္ကစားသမားဟာလူငယ္ကစားသမားဘဝတုန္းကဂတ္စကြိဳင္နီႏွင့္တြဲကစားခြင့္ရရွိဖူးပါတယ္။

ထိုစဥ္ကဂတ္တူဆိုကအသက္၁၉ႏွစ္ဘဲရွိပါေသးတယ္။ဂတ္တူဆိုဟာပီ႐ူဂ်ီယာကေနရိန္းဂ်ားသို႔ေျပာင္းေ႐ႊ႕ကစားခဲ့ရာမွာဂတ္စကြိဳင္နဲ႔တြဲကစားခြင့္ရခဲ့တာပါ။ထိုစဥ္ကရိန္းဂ်ားဟာစေကာ့တလန္ပရီးမီးယားလိဂ္အမွတ္ေပးဖလားကိုကိုးႀကိမ္ဆက္တိုက္ဆြတ္ခူးထားႏိုင္ပါတယ္။

လူငယ္ကစားသမားပီပီဂတ္တူဆိုဟာထိုစဥ္ကထိပ္သီးကစားသမားတစ္ဦးျဖစ္တဲ့ဂတ္စကြိဳင္နီဆီသို႔သြားၿပီးမိတ္ဆက္မႈျပဳလုပ္ခဲ့ရပါတယ္။

ဒါေပမယ့္ဂတ္တူဆိုဟာရိန္းဂ်ားသို႔ပထမဆုံးေရာက္တဲ့ေန႔မွာဘဲဲၿဗိတိန္ရဲ႕အေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ခံထားရတဲ့ဂတ္စကြိဳင္ရဲ႕တုန္လႈပ္စရာေကာင္းတဲ့ႀကိဳဆိုမႈနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။

ဂတ္တူဆိုက “ဂလက္ကိုကိုေရာက္တဲ့ကြၽန္ေတာ့္ရဲ႕ပထမဆုံးေန႔မွာေပါ့။ဂတ္စကြိဳင္ကကြၽန္ေတာ့္ေျခအိတ္ထဲမွာအီးအီးပါထားခဲ့တယ္။ကြၽန္ေတာ္ေရသြားခ်ိဳးေနတုန္းလုပ္ခ်လိုက္တာ။ကြၽန္ေတာ္လည္းျပန္ေရာက္လာေရာဆိုး႐ြားတဲ့အနံ႔နဲ႔ႀကဳံရေတာ့တာဘဲ။သူကေန႔တိုင္းတစ္ခုမွတစ္ခုလုပ္တတ္တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဂတ္စကြိဳင္နီဟာကစားသမားဘဝေႏွာင္းပိုင္းမွာအရက္အလြန္အကြၽံေသာက္မႈေၾကာင့္ျပႆနာမ်ားစြာတက္ခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္ဂတ္စကြိဳင္နီဟာကစားသမားဘဝတုန္းကအေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးျဖစ္ခဲ့ရာလူတိုင္းကခ်စ္ခင္မႈခံခဲ့ရပါတယ္။

မၾကာေသးမီတုန္းကမန္ယူနည္းျပဖာဂူဆန္ကမန္ယူကိုကိုင္တြယ္စဥ္တုန္းကဂတ္စကြိဳင္နီကိုအိုးထရက္ဖို႔ဒ္သို႔မေခၚေဆာင္ႏိုင္ခဲ့မႈအတြက္ေနာင္တအလြန္ရမိေၾကာင္းဝန္ခံခဲ့ဖူးပါတယ္။