ရိမ်းစ်စတားကို အင်္ကျီလဲလှယ်ဖို့ ငြင်းခဲ့တဲ့ လီယွန်နယ်မက်ဆီ

လီယွန်နယ်မက်ဆီဟာတနင်္ဂနွေနေ့တုန်းကပီအက်စ်ဂျီအတွက်ပထမဆုံးပွဲကစားလို့အပြီးမှာရိမ်းစ်စတားမစ်ချဲလ်ဗန်ဘာဂန်ကအင်္ကျီလဲလှယ်ရန်တောင်းဆိုမှုအားငြင်းဆိုခဲ့ပါတယ်။

အာဂျင်တီးနားစတားဟာအင်္ကျီလဲလှယ်မှုမပြုလုပ်လာခဲ့တာကြာမြင့်ပြီဖြစ်ပြီးပြင်သစ်သို့ ရောက်လာချိန်တွင်လည်းအင်္ကျီလဲလှယ်ရန်ငြင်းဆိုနေပါတယ်။

အသက်၃၄နှစ်ရှိမက်ဆီဟာရိမ်းစ်အား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာပွဲချိန်၆၆မိနစ်မှာနေမာနှင့်လူစားလဲလှယ်ကာပီအက်စ်ဂျီအတွက်ပထမဆုံးပွဲကိုကစားခဲ့တာဖြစ်ပါတယ်။

ယင်းပွဲမှာပီအက်စ်ဂျီအတွက်အနိုင်ဂိုး၂ဂိုးစလုံးကိုပြင်သစ်စူပါစတားကိုင်လီယန်ဘက်ပေးကသွင်းယူခဲ့ပါတယ်။

လူတွေဟာယင်းပွဲရလဒ်ကိုအာရုံစိုက်ခြင်းမရှိဘဲမက်ဆီအပေါ်တွင်သာအာရုံစိုက်ခဲ့ပါတယ်။ယင်းပွဲဟာစပိန်ရုပ်သံသမိုင်းမှာလူကြည့်အများဆုံးပြင်သစ်ဘောလုံးပွဲအဖြစ်သမိုင်းဝင်သွားခဲ့ပါတယ်။

မက်ဆီဟာရိမ်းစ်စတားအားအင်္ကျီလဲလှယ်ရန်ငြင်းဆိုခဲ့ပေမယ့်ရိမ်းစ်ဂိုးသမားရဲ့ဖခင်မေတ္တာကိုတော့ဖြည့်ဆည်းပေးခဲ့ပါတယ်။ရိမ်းစ်ဂိုးသမားပရီဒရစ်ရာကိုဗစ်ကသူ့ကလေးနှင့်ဓာတ်ပုံတွဲရိုက်ပေးရန်တောင်းဆိုမှုကမက်ဆီလက်ခံခဲ့ပါတယ်။ဒါ့အပြင်မက်ဆီဟာရိမ်းစ်နှင့်ပွဲအပြီးမှာပရိသတ်တစ်ဦးရဲ့ဆိုင်းဘုတ်တွင်အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

ZawGyi

ရိမ္းစ္စတားကို အက်ႌလဲလွယ္ဖို႔ ျငင္းခဲ့တဲ့ လီယြန္နယ္မက္ဆီ

လီယြန္နယ္မက္ဆီဟာတနဂၤေႏြေန႔တုန္းကပီအက္စ္ဂ်ီအတြက္ပထမဆုံးပြဲကစားလို႔အၿပီးမွာရိမ္းစ္စတားမစ္ခ်ဲလ္ဗန္ဘာဂန္ကအက်ႌလဲလွယ္ရန္ေတာင္းဆိုမႈအားျငင္းဆိုခဲ့ပါတယ္။

အာဂ်င္တီးနားစတားဟာအက်ႌလဲလွယ္မႈမျပဳလုပ္လာခဲ့တာၾကာျမင့္ၿပီျဖစ္ၿပီးျပင္သစ္သို႔ ေရာက္လာခ်ိန္တြင္လည္းအက်ႌလဲလွယ္ရန္ျငင္းဆိုေနပါတယ္။

အသက္၃၄ႏွစ္ရွိမက္ဆီဟာရိမ္းစ္အား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာပြဲခ်ိန္၆၆မိနစ္မွာေနမာႏွင့္လူစားလဲလွယ္ကာပီအက္စ္ဂ်ီအတြက္ပထမဆုံးပြဲကိုကစားခဲ့တာျဖစ္ပါတယ္။

ယင္းပြဲမွာပီအက္စ္ဂ်ီအတြက္အနိိုင္ဂိုး၂ဂိုးစလုံးကိုျပင္သစ္စူပါစတားကိုင္လီယန္ဘက္ေပးကသြင္းယူခဲ့ပါတယ္။

လူေတြဟာယင္းပြဲရလဒ္ကိုအာ႐ုံစိုက္ျခင္းမရွိဘဲမက္ဆီအေပၚတြင္သာအာ႐ုံစိုက္ခဲ့ပါတယ္။ယင္းပြဲဟာစပိန္႐ုပ္သံသမိုင္းမွာလူၾကည့္အမ်ားဆုံးျပင္သစ္ေဘာလုံးပြဲအျဖစ္သမိုင္းဝင္သြားခဲ့ပါတယ္။

မက္ဆီဟာရိမ္းစ္စတားအားအက်ႌလဲလွယ္ရန္ျငင္းဆိုခဲ့ေပမယ့္ရိမ္းစ္ဂိုးသမားရဲ႕ဖခင္ေမတၱာကိုေတာ့ျဖည့္ဆည္းေပးခဲ့ပါတယ္။ရိမ္းစ္ဂိုးသမားပရီဒရစ္ရာကိုဗစ္ကသူ႔ကေလးႏွင့္ဓာတ္ပုံတြဲ႐ိုက္ေပးရန္ေတာင္းဆိုမႈကမက္ဆီလက္ခံခဲ့ပါတယ္။ဒါ့အျပင္မက္ဆီဟာရိမ္းစ္ႏွင့္ပြဲအၿပီးမွာပရိသတ္တစ္ဦးရဲ႕ဆိုင္းဘုတ္တြင္အမွတ္တရလက္မွတ္ေရးထိုးေပးခဲ့ပါတယ္။