ရိုဒရီကို ပင်နယ်တီကန်ခွင့်မပေးဘဲ ဘောလုံးယူကာ မရာ့ဇ်ကို ကန်စေခဲ့တဲ့ မန်စီးတီးအသင်းခေါင်းဆောင်ဂန်ဒိုဂန်

မန်စီးတီးအသင်းခေါင်းဆောင်အိုင်ကေးဂန်ဒိုဂန်ဟာမနေ့ညတုန်းကဗီလာနှင့်ပွဲစဉ်တွင်မန်စီးတီးအသင်းရရှိတဲ့ပင်နယ်တီအားရိုဒရီကန်ရန်ကြိုးပမ်းမှုကိုတားဆီးခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့မန်စီးတီးဟာဗီလာအား၂-၀ဂိုးဖြင့်အနိုင်ရရှိနေတဲ့ပထမပိုင်းပြီးခါနီးအချိန်တွင်ပင်နယ်တီရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဗီလာနှင့်ပွဲတွင်မန်စီးတီးအတွက်အဖွင့်ဂိုးသွင်းခဲ့တဲ့ရိုဒရီဟာယင်းပင်နယ်တီကိုကန်သွင်းရန်စိတ်အားထက်သန်နေခဲ့ပါတယ်။

ဒါပေမဲ့မန်စီးတီးအသင်းခေါင်းဆောင်ဂန်ဒိုဂန်ဟာရိုဒရီထံမှဘောလုံးကိုလုယူပြီးကန်ခွင့်မပေးဘဲရီယက်မရာ့ဇ်ကိုကန်စေခဲ့ပါတယ်။

အယ်လ်ဂျီးရီးယားစတားကယင်းပင်နယ်တီကိုအမှားအယွင်းမရှိကန်သွင်းပြီးမန်စီးတီးအတွက်တတိယဂိုးသွင်းခဲ့ပါတယ်။

အိုင်ကေးဂန်ဒိုဟာကွင်းအတွင်းတွင်ပင်နယ်တီဦးစားပေးကန်သွင်းသူအာလင်းဟာလန်းရှိနေပေမဲ့လည်းမရာ့ဇ်ကိုကန်စေခဲ့တာလည်းဖြစ်ပါတယ်။

ယင်းနှင့်ပတ်သက်ပြီးရိုဒရီက “ရှင်းရှင်းလေးပါ။အသင်းခေါင်းဆောင်ကပဲဆုံးဖြတ်တာပါ။ဒီဆုံးဖြတ်ချက်ကိုကျွန်တော့်ဘက်ကလက်ခံရပါမယ်။သူကရီယက်ကပုံမှန်ကန်သူလို့ပြောပါတယ်။ဒါပေမဲ့ကျွန်တော်ကလည်းကန်ဖို့ယုံကြည်ချက်ရှိနေတယ်ဆိုပြီးကန်ခွင့်တောင်းခဲ့တယ်။ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒါကိုလက်ခံပါတယ်”လို့ပြောကြားသွားပါတယ်။

အာလင်းဟာလန်းကန်သင့်သလားလို့မေးမြန်းလာမှုကိုရိုဒရီက “မသိပါဘူး။နည်းပြအပေါ်မှာပဲမူတည်တယ်။ပွဲမတိုင်ခင်ကတည်းကနည်းပြကဆုံးဖြတ်ထားပြီးသားပါ။ကန်ရမဲ့သူကရီယက်ပါ။ဒီရာသီမှာကျွန်တော်တို့ပင်နယ်တီသိပ်မရပေမဲ့လည်းအသင်းမှာပင်နယ်တီကန်ကောင်းသူတွေအများကြီးပါ”လို့ပြောကြားသွားပါတယ်။

ဒါပေမဲ့မန်စီးတီးနည်းပြဂွါဒီယိုလာကတော့အာလင်းဟာလန်းသာလျှင်အာလင်းဟာလန်းသာလျှင်မန်စီးတီးရဲ့ပင်နယ်တီဦးစားပေးကန်သူဖြစ်ကြောင်းဆိုသွားပါတယ်။

၎င်းက “ဘာဖြစ်တာလဲမသိဘူး။ပြီးမှသူတို့နဲ့စကားပြောကြည့်ရမယ်။ပုံမှန်ဆိုရင်အာလင်းကဦးစားပေးကန်သူပါ။ရီယက်ကဒုတိယဦးစားပေးပါ။ရိုဒရီလည်းပါတယ်။ကွင်းဘေးကနေမြင်တယ်။မနက်ဖြန်ကျမှစကားပြောကြည့်ရမယ်”လို့ပြောကြားသွားပါတယ်။

အဆိုပါပွဲစဉ်ရဲ့ပထမပိုင်းအပြီးတွင်အာလင်းဟာလန်းမှာဒဏ်ရာကြောင့်လူစားလဲခဲ့ရပြီးဗုဒ္ဓဟူးနေ့အာဆင်နယ်နှင့်ပွဲစဉ်တွင်ပါဝင်ကစားရန်မရေမရာဖြစ်နေပါတယ်။

ZawGyi

႐ိုဒရီကို ပင္နယ္တီကန္ခြင့္မေပးဘဲ ေဘာလုံးယူကာ မရာ့ဇ္ကို ကန္ေစခဲ့တဲ့ မန္စီးတီးအသင္းေခါင္းေဆာင္ဂန္ဒိုဂန္

မန္စီးတီးအသင္းေခါင္းေဆာင္အိုင္ေကးဂန္ဒိုဂန္ဟာမေန႔ညတုန္းကဗီလာႏွင့္ပြဲစဥ္တြင္မန္စီးတီးအသင္းရရွိတဲ့ပင္နယ္တီအား႐ိုဒရီကန္ရန္ႀကိဳးပမ္းမႈကိုတားဆီးခဲ့ပါတယ္။

ဂြါဒီယိုလာရဲ႕မန္စီးတီးဟာဗီလာအား၂-၀ဂိုးျဖင့္အႏိုင္ရရွိေနတဲ့ပထမပိုင္းၿပီးခါနီးအခ်ိန္တြင္ပင္နယ္တီရရွိခဲ့တာလည္းျဖစ္ပါတယ္။

ဗီလာႏွင့္ပြဲတြင္မန္စီးတီးအတြက္အဖြင့္ဂိုးသြင္းခဲ့တဲ့႐ိုဒရီဟာယင္းပင္နယ္တီကိုကန္သြင္းရန္စိတ္အားထက္သန္ေနခဲ့ပါတယ္။

ဒါေပမဲ့မန္စီးတီးအသင္းေခါင္းေဆာင္ဂန္ဒိုဂန္ဟာ႐ိုဒရီထံမွေဘာလုံးကိုလုယူၿပီးကန္ခြင့္မေပးဘဲရီယက္မရာ့ဇ္ကိုကန္ေစခဲ့ပါတယ္။

အယ္လ္ဂ်ီးရီးယားစတားကယင္းပင္နယ္တီကိုအမွားအယြင္းမရွိကန္သြင္းၿပီးမန္စီးတီးအတြက္တတိယဂိုးသြင္းခဲ့ပါတယ္။

အိုင္ေကးဂန္ဒိုဟာကြင္းအတြင္းတြင္ပင္နယ္တီဦးစားေပးကန္သြင္းသူအာလင္းဟာလန္းရွိေနေပမဲ့လည္းမရာ့ဇ္ကိုကန္ေစခဲ့တာလည္းျဖစ္ပါတယ္။

ယင္းႏွင့္ပတ္သက္ၿပီး႐ိုဒရီက “ရွင္းရွင္းေလးပါ။အသင္းေခါင္းေဆာင္ကပဲဆုံးျဖတ္တာပါ။ဒီဆုံးျဖတ္ခ်က္ကိုကြၽန္ေတာ့္ဘက္ကလက္ခံရပါမယ္။သူကရီယက္ကပုံမွန္ကန္သူလို႔ေျပာပါတယ္။ဒါေပမဲ့ကြၽန္ေတာ္ကလည္းကန္ဖို႔ယုံၾကည္ခ်က္ရွိေနတယ္ဆိုၿပီးကန္ခြင့္ေတာင္းခဲ့တယ္။ဒါေပမဲ့ဘာပဲျဖစ္ျဖစ္ဒါကိုလက္ခံပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အာလင္းဟာလန္းကန္သင့္သလားလို႔ေမးျမန္းလာမႈကို႐ိုဒရီက “မသိပါဘူး။နည္းျပအေပၚမွာပဲမူတည္တယ္။ပြဲမတိုင္ခင္ကတည္းကနည္းျပကဆုံးျဖတ္ထားၿပီးသားပါ။ကန္ရမဲ့သူကရီယက္ပါ။ဒီရာသီမွာကြၽန္ေတာ္တို႔ပင္နယ္တီသိပ္မရေပမဲ့လည္းအသင္းမွာပင္နယ္တီကန္ေကာင္းသူေတြအမ်ားႀကီးပါ”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမဲ့မန္စီးတီးနည္းျပဂြါဒီယိုလာကေတာ့အာလင္းဟာလန္းသာလွ်င္အာလင္းဟာလန္းသာလွ်င္မန္စီးတီးရဲ႕ပင္နယ္တီဦးစားေပးကန္သူျဖစ္ေၾကာင္းဆိုသြားပါတယ္။

၎က “ဘာျဖစ္တာလဲမသိဘူး။ၿပီးမွသူတို႔နဲ႔စကားေျပာၾကည့္ရမယ္။ပုံမွန္ဆိုရင္အာလင္းကဦးစားေပးကန္သူပါ။ရီယက္ကဒုတိယဦးစားေပးပါ။႐ိုဒရီလည္းပါတယ္။ကြင္းေဘးကေနျမင္တယ္။မနက္ျဖန္က်မွစကားေျပာၾကည့္ရမယ္”လို႔ေျပာၾကားသြားပါတယ္။

အဆိုပါပြဲစဥ္ရဲ႕ပထမပိုင္းအၿပီးတြင္အာလင္းဟာလန္းမွာဒဏ္ရာေၾကာင့္လူစားလဲခဲ့ရၿပီးဗုဒၶဟူးေန႔အာဆင္နယ္ႏွင့္ပြဲစဥ္တြင္ပါဝင္ကစားရန္မေရမရာျဖစ္ေနပါတယ္။