ရိုဒရီမှာ မန်စီးတီးရဲ့ပင်နယ်တီကန်သူအဖြစ် ဆက်ရှိနေမှာမဟုတ်ကြောင်း ဂွါဒီယိုလာအတည်ပြု

စပါးစ်အား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ပင်နယ်တီမှတစ်ဆင့်ဂိုးသွင်းနိုင်ခဲ့သော်လည်းရိုဒရီမှာမန်စီးတီးရဲ့ပင်နယ်တီ ကန်သူအဖြစ်ရှိနေမှာမဟုတ်ကြောင်းမန်စီးတီးနည်းပြဂွါဒီယိုလာကအတည်ပြုပြောကြားလိုက်ပါတယ်။

ယခုရာသီတွင်မန်စီးတီးရဲ့ပင်နယ်တီကန်သူများအဖြစ်ရပ်တည်နေကြတဲ့ကီဗင်ဒီဘရိုင်း၊ရာဟမ်းစတာလင်း၊အိုင်ကေးဂန်ဒိုဂန်တို့မှာပင်နယ်တီလွဲချော်ထားကြပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကလီဗာပူးနှင့်ပွဲတွင်ဂန်ဒိုဂန်ပင်နယ်တီလွဲပြီးနောက်ဂွါဒီယိုလာကဂိုးသမားအီဒါဆင်ကိုပင်နယ်တီကန်သွင်းသူအဖြစ်တာဝန်ပေးနိုင်ကြောင်းပြောကြားခဲ့ပါတယ်။

ဒါပေမယ့်စပါးစ်နှင့်ပွဲစဉ်တွင်ပင်နယ်တီရရှိပြီးနောက်ပီဒရီကဘောလုံးကိုရယူကာကန်သွင်းမှုပြုလုပ်ခဲ့ပါတယ်။ အလယ်တန်းကစားသမားက၎င်းမှာပြီးခဲ့တဲ့ရက်သတ္တပတ်များတွင်ပင်နယ်တီလွဲချော်မှုများအပေါ်ဒေါသထွက်ကာ ကန်သွင်းခဲ့ခြင်းဖြစ်ပြီးနည်းပြရဲ့ပြောကြားမှုကိုနားမထောင်ခဲ့ကြောင်းဆိုသွားပါတယ်။

အီဒါဆင်ဟာပင်နယ်တီရရှိပြီးနောက်ရှေ့သို့ပြေးတက်လာခဲ့ပြီးပင်နယ်တီကန်လိုခဲ့သော်လည်းအခွင့်အရေးမရရှိခဲ့ပါဘူး။

ပွဲအပြီးတွင်ရိုဒရီက “ကျွန်တော်တို့ပင်နယ်တီတွေအများကြီးလွဲခဲ့လို့ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကတည်းကဒေါသ ထွက်နေခဲ့တာပါ။ပွဲကြီးပွဲကောင်းတွေမှာပင်နယ်တီကိုဝင်အောင်သွင်းနိုင်ရပါမယ်။ကျွန်တော်ဒေါသထွက်ခဲ့တယ်။ ဘောလုံးကိုရယူခဲ့တယ်။ဘယ်သူမှလည်းကျွန်တော့်ဆီကလာမယူကြပါဘူး။ကံကောင်းစွာဘဲကျွန်တော်သွင်းနိုင်ခဲ့ တယ်။အနိုင်ရဖို့ကအရေးအကြီးဆုံးပါ။ဂိုးသမားတွေကတစ်ယောက်အကြောင်းတစ်ယောက်သိကြတယ်။အီဒါဆင်က လိုရစ်နဲ့ပတ်သက်ပြီးကျွန်တော့်ကိုအကြံပေးသေးတယ်။ကျွန်တော်နားမထောင်ခဲ့ပါဘူး။ကျွန်တော့်နည်းနဲ့ကျွန် တော်သွင်းနိုင်မယ်လို့ယုံကြည်နေခဲ့တယ်။အဝတ်အစားလဲခန်းမှာကျွန်တော်တို့ရယ်မောနေကြတယ်။လာမယ့်ပင် နယ်တီကိုကျွန်တော်ကန်သွားပါဦးမယ်”လို့ပြောကြားသွားပါတယ်။

ဒါပေမယ့်ရိုဒရီပြောကြားမှုကိုတော့မန်စီးတီးနည်းပြဂွါဒီယိုလာကလက်မခံပါဘူး။၎င်းကရိုဒရီမှာမန်စီးတီးရဲ့ပင်နယ်တီကန်သူအဖြစ်ဆက်ရှိနေမှာမဟုတ်ကြောင်းနှင့်လာမယ့်ပင်နယ်တီကိုဟင်ဒါဆင်ကန်နိုင်ကြောင်းအရိပ်အမြွက်ပြောကြားသွားပါတယ်။

ဂွါဒီယိုလာက “ရိုဒီရီပင်နယ်တီကန်သူလားဆိုတော့မဟုတ်ပါဘူး။သူ့ရဲ့ပင်နယ်တီကန်သွင်းလိုတဲ့သတ္တိကိုတော့ ကြိုက်တယ်။ဒါပေမယ့်သူကပင်နယ်တီကန်ကောင်းသူမဟုတ်ဘူး။သူကန်တာလည်းမကောင်းပါဘူး။ကျွန်တော်က တော့မရယ်မောနိုင်ဘူး။ကျွန်တော်ကစိုးရိမ်နေခဲ့တာ။အရည်အသွေးရှိတဲ့ပင်နယ်တီစပါယ်ရှယ်လစ်လိုအပ်နေပါ တယ်။ကျွန်တော်တို့လေ့ကျင့်ရပါမယ်။ဟင်ဒါဆင်နဲ့ပင်နယ်တီအကြောင်းပြောတုန်းကလိုပေါ့။သူဟာကိုက်၆၀-၇၀ အကွာကတောင်ဖန်တီးမှုကောင်းကောင်းလုပ်နိုင်တဲ့သူပါ။၁၂ကိုက်အကွာကနေသူဂိုးသွင်းနိုင်မှာပါ”လို့ ပြောကြားသွားပါတယ်။

ZawGyi

႐ိုဒရီမွာ မန္စီးတီးရဲ႕ပင္နယ္တီကန္သူအျဖစ္ ဆက္ရွိေနမွာမဟုတ္ေၾကာင္း ဂြါဒီယိုလာအတည္ျပဳ

စပါးစ္အား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ပင္နယ္တီမွတစ္ဆင့္ဂိုးသြင္းႏိုင္ခဲ့ေသာ္လည္း႐ိုဒရီမွာမန္စီးတီးရဲ႕ပင္နယ္တီ ကန္သူအျဖစ္ရွိေနမွာမဟုတ္ေၾကာင္းမန္စီးတီးနည္းျပဂြါဒီယိုလာကအတည္ျပဳေျပာၾကားလိုက္ပါတယ္။

ယခုရာသီတြင္မန္စီးတီးရဲ႕ပင္နယ္တီကန္သူမ်ားအျဖစ္ရပ္တည္ေနၾကတဲ့ကီဗင္ဒီဘ႐ိုင္း၊ရာဟမ္းစတာလင္း၊အိုင္ေကးဂန္ဒိုဂန္တို႔မွာပင္နယ္တီလြဲေခ်ာ္ထားၾကပါတယ္။

ၿပီးခဲ့တဲ့အပတ္တုန္းကလီဗာပူးႏွင့္ပြဲတြင္ဂန္ဒိုဂန္ပင္နယ္တီလြဲၿပီးေနာက္ဂြါဒီယိုလာကဂိုးသမားအီဒါဆင္ကိုပင္နယ္တီကန္သြင္းသူအျဖစ္တာဝန္ေပးႏိုင္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္စပါးစ္ႏွင့္ပြဲစဥ္တြင္ပင္နယ္တီရရွိၿပီးေနာက္ပီဒရီကေဘာလုံးကိုရယူကာကန္သြင္းမႈျပဳလုပ္ခဲ့ပါတယ္။ အလယ္တန္းကစားသမားက၎မွာၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားတြင္ပင္နယ္တီလြဲေခ်ာ္မႈမ်ားအေပၚေဒါသထြက္ကာ ကန္သြင္းခဲ့ျခင္းျဖစ္ၿပီးနည္းျပရဲ႕ေျပာၾကားမႈကိုနားမေထာင္ခဲ့ေၾကာင္းဆိုသြားပါတယ္။

အီဒါဆင္ဟာပင္နယ္တီရရွိၿပီးေနာက္ေရွ႕သို႔ေျပးတက္လာခဲ့ၿပီးပင္နယ္တီကန္လိုခဲ့ေသာ္လည္းအခြင့္အေရးမရရွိခဲ့ပါဘူး။

ပြဲအၿပီးတြင္႐ိုဒရီက “ကြၽန္ေတာ္တို႔ပင္နယ္တီေတြအမ်ားႀကီးလြဲခဲ့လို႔ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြကတည္းကေဒါသ ထြက္ေနခဲ့တာပါ။ပြဲႀကီးပြဲေကာင္းေတြမွာပင္နယ္တီကိုဝင္ေအာင္သြင္းႏိုင္ရပါမယ္။ကြၽန္ေတာ္ေဒါသထြက္ခဲ့တယ္။ ေဘာလုံးကိုရယူခဲ့တယ္။ဘယ္သူမွလည္းကြၽန္ေတာ့္ဆီကလာမယူၾကပါဘူး။ကံေကာင္းစြာဘဲကြၽန္ေတာ္သြင္းႏိုင္ခဲ့ တယ္။အႏိုင္ရဖို႔ကအေရးအႀကီးဆုံးပါ။ဂိုးသမားေတြကတစ္ေယာက္အေၾကာင္းတစ္ေယာက္သိၾကတယ္။အီဒါဆင္က လိုရစ္နဲ႔ပတ္သက္ၿပီးကြၽန္ေတာ့္ကိုအႀကံေပးေသးတယ္။ကြၽန္ေတာ္နားမေထာင္ခဲ့ပါဘူး။ကြၽန္ေတာ့္နည္းနဲ႔ကြၽန္ ေတာ္သြင္းႏိုင္မယ္လို႔ယုံၾကည္ေနခဲ့တယ္။အဝတ္အစားလဲခန္းမွာကြၽန္ေတာ္တို႔ရယ္ေမာေနၾကတယ္။လာမယ့္ပင္ နယ္တီကိုကြၽန္ေတာ္ကန္သြားပါဦးမယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမယ့္႐ိုဒရီေျပာၾကားမႈကိုေတာ့မန္စီးတီးနည္းျပဂြါဒီယိုလာကလက္မခံပါဘူး။၎က႐ိုဒရီမွာမန္စီးတီးရဲ႕ပင္နယ္တီကန္သူအျဖစ္ဆက္ရွိေနမွာမဟုတ္ေၾကာင္းႏွင့္လာမယ့္ပင္နယ္တီကိုဟင္ဒါဆင္ကန္ႏိုင္ေၾကာင္းအရိပ္အႁမြက္ေျပာၾကားသြားပါတယ္။

ဂြါဒီယိုလာက “႐ိုဒီရီပင္နယ္တီကန္သူလားဆိုေတာ့မဟုတ္ပါဘူး။သူ႔ရဲ႕ပင္နယ္တီကန္သြင္းလိုတဲ့သတၱိကိုေတာ့ ႀကိဳက္တယ္။ဒါေပမယ့္သူကပင္နယ္တီကန္ေကာင္းသူမဟုတ္ဘူး။သူကန္တာလည္းမေကာင္းပါဘူး။ကြၽန္ေတာ္က ေတာ့မရယ္ေမာႏိုင္ဘူး။ကြၽန္ေတာ္ကစိုးရိမ္ေနခဲ့တာ။အရည္အေသြးရွိတဲ့ပင္နယ္တီစပါယ္ရွယ္လစ္လိုအပ္ေနပါ တယ္။ကြၽန္ေတာ္တို႔ေလ့က်င့္ရပါမယ္။ဟင္ဒါဆင္နဲ႔ပင္နယ္တီအေၾကာင္းေျပာတုန္းကလိုေပါ့။သူဟာကိုက္၆၀-၇၀ အကြာကေတာင္ဖန္တီးမႈေကာင္းေကာင္းလုပ္ႏိုင္တဲ့သူပါ။၁၂ကိုက္အကြာကေနသူဂိုးသြင္းႏိုင္မွာပါ”လို႔ ေျပာၾကားသြားပါတယ္။