ရိုမီရိုနှင့်ပီရဲရာတို့အပါအဝင်ကစားသမား ၈ ဦးတို့က ထွက်ခွာခွင့်ပြုလိုက်တဲ့ သရဲနီ

မန်ယူကယခုနွေရာသီတွင်ကစားသမား၈ဦးထွက်ခွာတော့မှာဖြစ်ကြောင်းအတည်ပြုကြေညာလာပါတယ်။မန်ယူကကြေညာလာတဲ့ကစားသမား၈ဦးထဲမှာဂိုးသမားများဖြစ်ကြတဲ့ဆာဂျီယိုရိုမီရိုနှင့်ပီရဲရားတို့လည်းပါဝင်ပါတယ်။

မန်ယူကယခုနွေတွင်ထွက်ခွာခွင့်ပြုလိုက်တဲ့ကစားသမား၈ဦးထဲမှာပထမအသင်းဂိုးသမားနှစ်ဦးနှင့်အကယ်ဒမီကစားသမား၆ဦးတို့ပါဝင်ပါတယ်။

မန်ယူကထွက်ခွာခွင့်ပေးလိုက်တဲ့ကစားသမားများစာရင်းထဲမှာဂျူအန်မာတာပါဝင်ခြင်းမရှိပါဘူး။မာတာဟာယခုလအကုန်မှာမန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးအခြေအနေအရစာချုပ်သစ်ချုပ်ဆိုရေးအတွက်ဆွေးနွေးနေပုံရပါတယ်။

ရိုမီရိုဟာ၂၀၁၅ခုနှစ်တွင်မန်ယူသို့ရောက်လာပြီးနောက်၆၁ပွဲကစားခဲ့သူဖြစ်ပြီးပြီးခဲ့တဲ့အပြောင်းအရွှေ့နှစ်ခုတွင်အသင်းပြောင်းရန်ကြိုးပမ်းခဲ့သူလည်းဖြစ်ပါတယ်။ပီရဲရာမှာမန်ယူအတွက်စီနီယာပွဲတစ်ပွဲတည်းသာကစားခွင့်ရခဲ့သူဖြစ်ပါတယ်။

မန်ယူကထွက်ခွာခွင့်ပေးလိုက်တဲ့အကယ်ဒမီကစားသမား၆ဦးမှာဂိုးသမားဂျာကော့ကာနေး၊အလယ်တန်းကစားသမားမတ်ဟမ်း၊နောက်ခံလူလက်စ်တီဟုချ်၊အလယ်တန်းကစားသမားအာနူးပူဂ်မယ်၊နောက်ခံလူမက်စ်တေလာနှင့်အလယ်တန်းကစားသမားအလူထရာအိုရီတို့ဖြစ်ပါတယ်။

ZawGyi

႐ိုမီ႐ိုႏွင့္ပီရဲရာတို႔အပါအဝင္ကစားသမား ၈ ဦးတို႔က ထြက္ခြာခြင့္ျပဳလိုက္တဲ့ သရဲနီ

မန္ယူကယခုေႏြရာသီတြင္ကစားသမား၈ဦးထြက္ခြာေတာ့မွာျဖစ္ေၾကာင္းအတည္ျပဳေၾကညာလာပါတယ္။မန္ယူကေၾကညာလာတဲ့ကစားသမား၈ဦးထဲမွာဂိုးသမားမ်ားျဖစ္ၾကတဲ့ဆာဂ်ီယို႐ိုမီ႐ိုႏွင့္ပီရဲရားတို႔လည္းပါဝင္ပါတယ္။

မန္ယူကယခုေႏြတြင္ထြက္ခြာခြင့္ျပဳလိုက္တဲ့ကစားသမား၈ဦးထဲမွာပထမအသင္းဂိုးသမားႏွစ္ဦးႏွင့္အကယ္ဒမီကစားသမား၆ဦးတို႔ပါဝင္ပါတယ္။

မန္ယူကထြက္ခြာခြင့္ေပးလိုက္တဲ့ကစားသမားမ်ားစာရင္းထဲမွာဂ်ဴအန္မာတာပါဝင္ျခင္းမရွိပါဘူး။မာတာဟာယခုလအကုန္မွာမန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးအေျခအေနအရစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ေဆြးေႏြးေနပုံရပါတယ္။

႐ိုမီ႐ိုဟာ၂၀၁၅ခုႏွစ္တြင္မန္ယူသို႔ေရာက္လာၿပီးေနာက္၆၁ပြဲကစားခဲ့သူျဖစ္ၿပီးၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ႏွစ္ခုတြင္အသင္းေျပာင္းရန္ႀကိဳးပမ္းခဲ့သူလည္းျဖစ္ပါတယ္။ပီရဲရာမွာမန္ယူအတြက္စီနီယာပြဲတစ္ပြဲတည္းသာကစားခြင့္ရခဲ့သူျဖစ္ပါတယ္။

မန္ယူကထြက္ခြာခြင့္ေပးလိုက္တဲ့အကယ္ဒမီကစားသမား၆ဦးမွာဂိုးသမားဂ်ာေကာ့ကာေနး၊အလယ္တန္းကစားသမားမတ္ဟမ္း၊ေနာက္ခံလူလက္စ္တီဟုခ်္၊အလယ္တန္းကစားသမားအာႏူးပူဂ္မယ္၊ေနာက္ခံလူမက္စ္ေတလာႏွင့္အလယ္တန္းကစားသမားအလူထရာအိုရီတို႔ျဖစ္ပါတယ္။