ရိုမေးနီးယားက ကန်ထုတ်ခံရဖို့ရှိနေတဲ့ ရေနွေးကန်မှာ အမျိုးသမီးများနှင့် ပျော်ပါးခဲ့တဲ့ အဲဗာတန်စတားဟောင်း

အဲဗာတန်စတားဟောင်းမာဂါယီဂူယီဟာအမျိုးသမီးနှစ်ဦးနှင့်ရေနွေးကန်မှာစိမ်ရင်းရှန်ပိန်သောက်တဲ့ဗီဒီယိုဖိုင်ကြောင့်ရိုမေးနီးယားမှပြန်ပို့ခံရမယ့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။

အသက်၃၀နှစ်ရှိပြင်သစ်တိုက်စစ်မှူးဟာအဲဗာတန်မှာလေးရာသီကြာကစားစဉ်အတွင်း၃၉ပွဲတည်းသာကစားခွင့် ရရှိခဲ့ပြီး၂၀၁၄ခုနှစ်မှာမီဝေါလ်သို့ပြောင်းခဲ့သူဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်တုန်းကအဇာဘိုင်ဂျန်ကလပ်ကွာရာဘတ်မှဒိုင်နမိုဘူခါရက်သို့၂နှစ်စာချုပ်ဖြင့်ပြောင်းခဲ့သူဖြစ်ပါ တယ်။ဒါပေမယ့်သူဟာဒိုင်နမိုဘူခါရက်သို့ရောက်လာပြီးနောက်၉ပွဲတည်းသာကစားခွင့်ရရှိပြီး၂ဂိုးတည်းသာသွင်း ထားနိုင်ပါတယ်။

ယခုဆိုရှယ်မီဒီယာမှာပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်ကြောင့်သူဟာရိုမေးနီးယားမှာလူပြောသူပြောအလွန်ခံနေရပါတယ်။

ယင်းဗီဒီယိုဖိုင်မှာပဲရစ်ဖွားကစားသမားဟာဂျာကူစီမှာအမျိုးသမီးနှစ်ဦးနှင့်အတူစိမ်နေပြီးရှန်ပိန်သောက်နေခဲ့ပါ တယ်။ယင်းဖြစ်ရပ်ကြောင့်သူဟာကလပ်တာဝန်ရှိသူတွေရဲ့အပြင်းအထန်ဝေဖန်ခြင်းခံနေရပြီးသူနဲ့အတူရှိနေတဲ့ အမျိုးသမီးနှစ်ဦးကလည်းပြည်တန်ဆာတွေလို့သိရပါတယ်။

ယင်းအမျိုးသမီးများဟာဂျာကူစီမှာပရီးမီးယားလိဂ်စတားဟောင်းကိုနမ်းကာဖက်ခဲ့ကြပြီးသူတို့နှစ်ဦးလည်း အပြန်အလှန်ဖက်နေကြပါတယ်။

ဒိုင်နမိုဂန္ထဝင်ကစားသမားဖလိုရင်တီပီထရီက ဂူယီကိုရိုမေးနီးယားကနေကန်ထုတ်ဖို့ တောင်းဆိုနေပြီ ဖြစ်ပါတယ်။

၎င်းက “ဂူယီရဲ့ဖြစ်ရပ်ကတုန်လှုပ်စရာကောင်းတယ်။အားတဲ့အချိန်မှာလွတ်လွတ်လပ်လပ်နေနိုင်တယ်။အခုသူ့ လုပ်ရပ်ကဒိုင်နမိုရဲ့သမိုင်းကြောင်းတစ်ခုလုံးကိုလှောင်ပြောင်လိုက်တာပါ။သူ့ကိုဒဏ်ရိုက်ရမယ်။ပြီးရင်သူလာတဲ့ နေရာသို့ပြန်ပို့ရမယ်။နိုင်ငံကနေတောင်ကန်ထုတ်သင့်တယ်။ဒိုင်နမိုမှာရင်းနှီးမြှပ်နှံထားတဲ့ပရိသတ်အားလုံးကို လှောင်ပြောင်လိုက်တာပါ။သူဟာပရိသတ်ရဲ့ငွေတွေနဲ့စားတယ်၊သောက်တယ်။သူကအရက်လည်းစွဲခဲ့ဖူးတဲ့သူပါ။ ဒီကိုရောက်ကတည်းကသူ့အကြောင်းကျွန်တော်သိတယ်။သူကဘောလုံးသမားတစ်ဦးထက်ရက်ဘီကစားသမား တစ်ဦးနဲ့တောင်ပိုတူသေးတယ်။သူတို့ကနာမည်တစ်လုံးဒိုင်နမိုသို့ရောက်လာပြီးငွေရယူနေတဲ့ကောင်တွေပါ”လို့ ပြောကြားသွားပါတယ်။

အဲဗာတန်ဟာဂူယီကို၂၀၁၀ခုနှစ်တုန်းကပေါင်၁သန်းဖြင့်ထရာဘော့မှခေါ်ယူခဲ့တာဖြစ်ပါတယ်။သူဟာအဲဗာတန်မှာ ကစားတဲ့လေးရာသီမှာသုံးဂိုးတည်းသာသွင်းနိုင်ခဲ့ပါတယ်။သူဟာမီဝေါလ်အတွက်၃၆ပွဲကစားခဲ့ရာမှာလည်း၅ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။သူဟာတူရကီ၊အဇာဘိုင်ဂျန်တို့တွင်ကစားပြီးနောက်ရိုမေးနီးယားသို့ရောက်လာခဲ့တာပါ။

ZawGyi

႐ိုေမးနီးယားက ကန္ထုတ္ခံရဖို႔ရွိေနတဲ့ ေရေႏြးကန္မွာ အမ်ိဳးသမီးမ်ားႏွင့္ ေပ်ာ္ပါးခဲ့တဲ့ အဲဗာတန္စတားေဟာင္း

အဲဗာတန္စတားေဟာင္းမာဂါယီဂူယီဟာအမ်ိဳးသမီးႏွစ္ဦးႏွင့္ေရေႏြးကန္မွာစိမ္ရင္းရွန္ပိန္ေသာက္တဲ့ဗီဒီယိုဖိုင္ေၾကာင့္႐ိုေမးနီးယားမွျပန္ပို႔ခံရမယ့္အေရးႏွင့္ရင္ဆိုင္ေနရပါတယ္။

အသက္၃၀ႏွစ္ရွိျပင္သစ္တိုက္စစ္မႉးဟာအဲဗာတန္မွာေလးရာသီၾကာကစားစဥ္အတြင္း၃၉ပြဲတည္းသာကစားခြင့္ ရရွိခဲ့ၿပီး၂၀၁၄ခုႏွစ္မွာမီေဝါလ္သို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ႏွစ္တုန္းကအဇာဘိုင္ဂ်န္ကလပ္ကြာရာဘတ္မွဒိုင္နမိုဘူခါရက္သို႔၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းခဲ့သူျဖစ္ပါ တယ္။ဒါေပမယ့္သူဟာဒိုင္နမိုဘူခါရက္သို႔ေရာက္လာၿပီးေနာက္၉ပြဲတည္းသာကစားခြင့္ရရွိၿပီး၂ဂိုးတည္းသာသြင္း ထားႏိုင္ပါတယ္။

ယခုဆိုရွယ္မီဒီယာမွာျပန႔္ႏွံ႔လာတဲ့ဗီဒီယိုဖိုင္ေၾကာင့္သူဟာ႐ိုေမးနီးယားမွာလူေျပာသူေျပာအလြန္ခံေနရပါတယ္။

ယင္းဗီဒီယိုဖိုင္မွာပဲရစ္ဖြားကစားသမားဟာဂ်ာကူစီမွာအမ်ိဳးသမီးႏွစ္ဦးႏွင့္အတူစိမ္ေနၿပီးရွန္ပိန္ေသာက္ေနခဲ့ပါ တယ္။ယင္းျဖစ္ရပ္ေၾကာင့္သူဟာကလပ္တာဝန္ရွိသူေတြရဲ႕အျပင္းအထန္ေဝဖန္ျခင္းခံေနရၿပီးသူနဲ႔အတူရွိေနတဲ့ အမ်ိဳးသမီးႏွစ္ဦးကလည္းျပည္တန္ဆာေတြလို႔သိရပါတယ္။

ယင္းအမ်ိဳးသမီးမ်ားဟာဂ်ာကူစီမွာပရီးမီးယားလိဂ္စတားေဟာင္းကိုနမ္းကာဖက္ခဲ့ၾကၿပီးသူတို႔ႏွစ္ဦးလည္း အျပန္အလွန္ဖက္ေနၾကပါတယ္။

ဒိုင္နမိုဂႏၴဝင္ကစားသမားဖလိုရင္တီပီထရီက ဂူယီကို႐ိုေမးနီးယားကေနကန္ထုတ္ဖို႔ ေတာင္းဆိုေနၿပီ ျဖစ္ပါတယ္။

၎က “ဂူယီရဲ႕ျဖစ္ရပ္ကတုန္လႈပ္စရာေကာင္းတယ္။အားတဲ့အခ်ိန္မွာလြတ္လြတ္လပ္လပ္ေနႏိုင္တယ္။အခုသူ႔ လုပ္ရပ္ကဒိုင္နမိုရဲ႕သမိုင္းေၾကာင္းတစ္ခုလုံးကိုေလွာင္ေျပာင္လိုက္တာပါ။သူ႔ကိုဒဏ္႐ိုက္ရမယ္။ၿပီးရင္သူလာတဲ့ ေနရာသို႔ျပန္ပို႔ရမယ္။ႏိုင္ငံကေနေတာင္ကန္ထုတ္သင့္တယ္။ဒိုင္နမိုမွာရင္းႏွီးျမႇပ္ႏွံထားတဲ့ပရိသတ္အားလုံးကို ေလွာင္ေျပာင္လိုက္တာပါ။သူဟာပရိသတ္ရဲ႕ေငြေတြနဲ႔စားတယ္၊ေသာက္တယ္။သူကအရက္လည္းစြဲခဲ့ဖူးတဲ့သူပါ။ ဒီကိုေရာက္ကတည္းကသူ႔အေၾကာင္းကြၽန္ေတာ္သိတယ္။သူကေဘာလုံးသမားတစ္ဦးထက္ရက္ဘီကစားသမား တစ္ဦးနဲ႔ေတာင္ပိုတူေသးတယ္။သူတို႔ကနာမည္တစ္လုံးဒိုင္နမိုသို႔ေရာက္လာၿပီးေငြရယူေနတဲ့ေကာင္ေတြပါ”လို႔ ေျပာၾကားသြားပါတယ္။

အဲဗာတန္ဟာဂူယီကို၂၀၁၀ခုႏွစ္တုန္းကေပါင္၁သန္းျဖင့္ထရာေဘာ့မွေခၚယူခဲ့တာျဖစ္ပါတယ္။သူဟာအဲဗာတန္မွာ ကစားတဲ့ေလးရာသီမွာသုံးဂိုးတည္းသာသြင္းႏိုင္ခဲ့ပါတယ္။သူဟာမီေဝါလ္အတြက္၃၆ပြဲကစားခဲ့ရာမွာလည္း၅ဂိုးသာ သြင္းႏိုင္ခဲ့ပါတယ္။သူဟာတူရကီ၊အဇာဘိုင္ဂ်န္တို႔တြင္ကစားၿပီးေနာက္႐ိုေမးနီးယားသို႔ေရာက္လာခဲ့တာပါ။