ရိုးမားကို ကြီးမားတဲ့အလှည့်အပြောင်းဖြစ်လာအောင် မန်ယူမှတပည့်နှစ်ဦးကို ခေါ်ယူရန် မော်ရင်ဟိုပစ်မှတ်ထား

ဟိုဆေးမော်ရင်ဟိုဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် မန်ယူတွင်နေရာရရှိရန်ရုန်းကန်နေရတဲ့ကစားသမားနှစ်ဦးအားရိုးမားသို့ခေါ်ဆောင်ရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။

မန်ယူနည်းပြဟောင်းဟာရောမတွင်ကြီးမားတဲ့စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရပြီးလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အသင်းသို့ကစားသမားသစ်ခေါ်ယူအားဖြည့်လိုနေပါတယ်။

မော်ရင်ဟိုဟာအသင်းရဲ့အားအနည်းဆုံးနေရာဖြစ်တဲ့ဗဟိုခံစစ်ကိုအဓိကအားဖြည့်လိုနေတာလည်းဖြစ်ပါတယ်။

II Romanista ရဲ့ဖော်ပြချက်အရမော်ရင်ဟိုဟာအသင်းရဲ့ခံစစ်ပြဿနာအား မန်ယူညာနောက်ခံလူဒါလော့နှင့်ဗဟိုနောက်ခံလူလင်ဒီလော့ဖ်တို့အားခေါ်ယူအားဖြည့်လိုနေတာဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ဒါလော့ဟာပြီးခဲ့တဲ့ရာသီတုန်းကအေစီမီလန်တွင်အငှားဖြင့်သွားကစားစဉ်ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီးမန်ယူသို့ပြန်ရောက်လာချိန်တွင်နေရာရရန်ရုန်းကန်နေပါတယ်။မော်ရင်ဟိုဟာမန်ယူကိုကိုင်တွယ်စဉ်တုန်းကအသက်၂၂နှစ်ရှိဒါလော့ကိုအိုးထရက်ဖို့ဒ်သို့ခေါ်ဆောင်ပေးခဲ့သူဖြစ်ပြီးသူ့ကိုရိုးမားသို့အငှားဖြင့်ခေါ်ယူလိုနေပါတယ်။

ဒါ့အပြင်မော်ရင်ဟိုဟာဗာရိန်းရောက်လာပြီးနောက်နေရာပျောက်နေတဲ့လင်ဒီလော့ဖ်ကိုလည်းခေါ်ယူလိုနေပါတယ်။မန်ယူအနေဖြင့်အသက်၂၇နှစ်ရှိဗဟိုခံစစ်မှူးကိုအလွယ်တကူလက်လွှတ်မယ့်အနေအထားမျိုးမှာတော့မရှိပါဘူး။

ZawGyi

႐ိုးမားကို ႀကီးမားတဲ့အလွည့္အေျပာင္းျဖစ္လာေအာင္ မန္ယူမွတပည့္ႏွစ္ဦးကို ေခၚယူရန္ ေမာ္ရင္ဟိုပစ္မွတ္ထား

ဟိုေဆးေမာ္ရင္ဟိုဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ မန္ယူတြင္ေနရာရရွိရန္႐ုန္းကန္ေနရတဲ့ကစားသမားႏွစ္ဦးအား႐ိုးမားသို႔ေခၚေဆာင္ရန္စိတ္ဝင္စားေနေၾကာင္းသိရပါတယ္။

မန္ယူနည္းျပေဟာင္းဟာေရာမတြင္ႀကီးမားတဲ့စိန္ေခၚမႈမ်ားႏွင့္ရင္ဆိုင္ေနရၿပီးလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အသင္းသို႔ကစားသမားသစ္ေခၚယူအားျဖည့္လိုေနပါတယ္။

ေမာ္ရင္ဟိုဟာအသင္းရဲ႕အားအနည္းဆုံးေနရာျဖစ္တဲ့ဗဟိုခံစစ္ကိုအဓိကအားျဖည့္လိုေနတာလည္းျဖစ္ပါတယ္။

II Romanista ရဲ႕ေဖာ္ျပခ်က္အရေမာ္ရင္ဟိုဟာအသင္းရဲ႕ခံစစ္ျပႆနာအား မန္ယူညာေနာက္ခံလူဒါေလာ့ႏွင့္ဗဟိုေနာက္ခံလူလင္ဒီေလာ့ဖ္တို႔အားေခၚယူအားျဖည့္လိုေနတာျဖစ္ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ဒါေလာ့ဟာၿပီးခဲ့တဲ့ရာသီတုန္းကေအစီမီလန္တြင္အငွားျဖင့္သြားကစားစဥ္ေျခစြမ္းျပႏိုင္ခဲ့သူျဖစ္ၿပီးမန္ယူသို႔ျပန္ေရာက္လာခ်ိန္တြင္ေနရာရရန္႐ုန္းကန္ေနပါတယ္။ေမာ္ရင္ဟိုဟာမန္ယူကိုကိုင္တြယ္စဥ္တုန္းကအသက္၂၂ႏွစ္ရွိဒါေလာ့ကိုအိုးထရက္ဖို႔ဒ္သို႔ေခၚေဆာင္ေပးခဲ့သူျဖစ္ၿပီးသူ႔ကို႐ိုးမားသို႔အငွားျဖင့္ေခၚယူလိုေနပါတယ္။

ဒါ့အျပင္ေမာ္ရင္ဟိုဟာဗာရိန္းေရာက္လာၿပီးေနာက္ေနရာေပ်ာက္ေနတဲ့လင္ဒီေလာ့ဖ္ကိုလည္းေခၚယူလိုေနပါတယ္။မန္ယူအေနျဖင့္အသက္၂၇ႏွစ္ရွိဗဟိုခံစစ္မႉးကိုအလြယ္တကူလက္လႊတ္မယ့္အေနအထားမ်ိဳးမွာေတာ့မရွိပါဘူး။