
နာပိုလီဟာမနေ့ညတုန်းကအိုလံပီကိုကွင်းတွင်ရိုးမားကို၁-၀ဂိုးဖြင့်အနိုင်ရရှိပြီးနောက်ပြိုင်ပွဲအရပ်ရပ်တွင်၁၁ပွဲဆက်နိုင်ပွဲရရှိထားပြီဖြစ်ပါတယ်။
နာပိုလီဟာမနေ့ညတုန်းကမော်ရင်ဟိုရဲ့ရိုးမားကိုအနိုင်ရရှိပြီးနောက် ဒုတိယနေရာမှအေစီမီလန်ကို ၃ မှတ်ဆက်ဖြတ်ကာစီးရီးအေအမှတ်ပေးဇယားကိုဆက်လက်ဦးဆောင်နေပါတယ်။
မနေ့ညတုန်းကရိုးမားနှင့်ပွဲတွင်နာပိုလီအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲပြီးဖို့၁၁မိနစ်အလိုမှာဗစ်တာအိုဆမ်ဟန်ကခရစ်စမောလင်းကိုကျော်ဖြတ်ပြီး Half-Volley ကန်ချက်ဖြင့်ထောင့်ကျဉ်းထဲသို့သွင်းယူခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟိုရဲ့ရိုးမားဟာမနေ့ညတုန်းကနာပိုလီနှင့်ပွဲတွင်ဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်မျှတောင်မပြုလုပ်နိုင်ခဲ့ပါဘူး။
နာပိုလီဟာမနေ့ညတုန်းကရိုးမားကိုအနိုင်ရရှိမှုနှင့်အတူ ဥရောပထိပ်သီးလိဂ်ကြီးငါးခုတွင်ရီးရဲလ်မက်ဒရစ်၊ပီအက်စ်ဂျီတို့နှင့်အတူရှုံးပွဲမရှိသေးတဲ့အသင်းအဖြစ်ဆက်လက်ရပ်တည်နေခဲ့ပါတယ်။
ZawGyi
ရိုးမားကို အနိုင်ရရှိကာ ပြိုင်ပွဲအရပ်ရပ်တွင် ၁၁ ပွဲဆက် နိုင်ပွဲရရှိလာတဲ့ နာပိုလီ