
ဖရန်ဆစ္စကိုတော့တီရဲ့ဇနီးဟောင်းလာရီဘလာစီဟာချစ်သူနှင့်လူသိရှင်ကြားလက်တွဲလာပါတယ်။
အသက်၄၆နှစ်ရှိရိုးမားဂန္ထဝင်ဖရန်ဆစ္စကိုတော့တီနှင့်အသက်၄၁နှစ်ရှိဘလာစီတို့ဟာနှစ်ပေါင်း၂၀ကြာလက်တွဲလာပြီးတဲ့နောက်ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကလမ်းခွဲခဲ့ကြပါတယ်။
၎င်းတို့နှစ်ဦးဟာ၂၀၀၂ခုနှစ်တွင်ဆုံတွေ့ပြီးနောက်၂၀၀၅ခုနှစ်တွင်လက်ထပ်ခဲ့ကြကာသားသမီးသုံးဦးပိုင်ဆိုင်ထားပါတယ်။
ဒါပေမဲ့ရိုးမားစူပါစတားဟောင်းဟာဇနီးသည်ဘလာစီမှာသူ့ရဲ့ သီးသန့် Trainer အဖြစ်အလုပ်လုပ်ခဲ့တဲ့သူနှင့်ဖောက်ပြန်နေကြောင်းတွေ့ရှိရပြီးနောက်လမ်းခွဲခဲ့တာလည်းဖြစ်ပါတယ်။
ယင်းနောက်တော့တီဟာပြီးခဲ့တဲ့အောက်တိုဘာလတုန်းကချစ်သူသစ်နိုမီဘော့ချီနှင့်လူသိရှင်ကြားတွဲလာခဲ့ပါတယ်။
ယခုအခါဇနီးဟောင်း အီတလီနာမည်ကျော်ရုပ်သံတင်ဆက်သူဟာလည်း ချစ်သူသစ်နှင့်လက်တွဲလာပါတယ်။
ဘလာစီရဲ့ချစ်သူသစ်မှာဂျာမနီနိုင်ငံသားဘာစတီယန်မူလာဖြစ်ကြောင်း Cosmopolitan ရဲ့ဖော်ပြချက်အရသိရပါတယ်။မူလာဟာဂျာမနီမှစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ကြောင်းလည်းသိရပါတယ်။
မူလာဟာလူသိနည်းသူတစ်ဦးဖြစ်ကြောင်းလည်းသိရပါတယ်။၎င်းတို့စုံတွဲဟာပဲရစ်တွင်ပျော်ရွှင်ခဲ့ကြသလို မကြာသေးမီတုန်းကထိုင်းနိုင်ငံသို့လည်းသွားရောက်လည်ပတ်ပျော်ရွှင်ခဲ့ကြကြောင်းသိရပါတယ်။
ZawGyi
႐ိုးမားဂႏၴဝင္ေတာ့တီႏွင့္လမ္းခြဲၿပီး ေျခာက္လအၾကာတြင္ ခ်စ္သူသစ္ႏွင့္ လက္တြဲလာတဲ့ ဘလာစီ
ဖရန္ဆစၥကိုေတာ့တီရဲ႕ဇနီးေဟာင္းလာရီဘလာစီဟာခ်စ္သူႏွင့္လူသိရွင္ၾကားလက္တြဲလာပါတယ္။
အသက္၄၆ႏွစ္ရွိ႐ိုးမားဂႏၴဝင္ဖရန္ဆစၥကိုေတာ့တီႏွင့္အသက္၄၁ႏွစ္ရွိဘလာစီတို႔ဟာႏွစ္ေပါင္း၂၀ၾကာလက္တြဲလာၿပီးတဲ့ေနာက္ၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းကလမ္းခြဲခဲ့ၾကပါတယ္။
၎တို႔ႏွစ္ဦးဟာ၂၀၀၂ခုႏွစ္တြင္ဆုံေတြ႕ၿပီးေနာက္၂၀၀၅ခုႏွစ္တြင္လက္ထပ္ခဲ့ၾကကာသားသမီးသုံးဦးပိုင္ဆိုင္ထားပါတယ္။
ဒါေပမဲ့႐ိုးမားစူပါစတားေဟာင္းဟာဇနီးသည္ဘလာစီမွာသူ႔ရဲ႕ သီးသန႔္ Trainer အျဖစ္အလုပ္လုပ္ခဲ့တဲ့သူႏွင့္ေဖာက္ျပန္ေနေၾကာင္းေတြ႕ရွိရၿပီးေနာက္လမ္းခြဲခဲ့တာလည္းျဖစ္ပါတယ္။
ယင္းေနာက္ေတာ့တီဟာၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းကခ်စ္သူသစ္ႏိုမီေဘာ့ခ်ီႏွင့္လူသိရွင္ၾကားတြဲလာခဲ့ပါတယ္။
ယခုအခါဇနီးေဟာင္း အီတလီနာမည္ေက်ာ္႐ုပ္သံတင္ဆက္သူဟာလည္း ခ်စ္သူသစ္ႏွင့္လက္တြဲလာပါတယ္။
ဘလာစီရဲ႕ခ်စ္သူသစ္မွာဂ်ာမနီႏိုင္ငံသားဘာစတီယန္မူလာျဖစ္ေၾကာင္း Cosmopolitan ရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။မူလာဟာဂ်ာမနီမွစီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္ေၾကာင္းလည္းသိရပါတယ္။
မူလာဟာလူသိနည္းသူတစ္ဦးျဖစ္ေၾကာင္းလည္းသိရပါတယ္။၎တို႔စုံတြဲဟာပဲရစ္တြင္ေပ်ာ္႐ႊင္ခဲ့ၾကသလို မၾကာေသးမီတုန္းကထိုင္းႏိုင္ငံသို႔လည္းသြားေရာက္လည္ပတ္ေပ်ာ္႐ႊင္ခဲ့ၾကေၾကာင္းသိရပါတယ္။