ရိုးမားစတားနီကိုလာဇာလောစကီးရဲ့မျက်နှာနှင့်လည်ပင်းကို တုန်လှုပ်ဖွယ်တက်နင်းခဲ့တဲ့ လူဒိုဂိုရက်စ်နောက်ခံလူ

ရိုးမားရဲ့လူဒိုဂိုရက်စ်အားအနိုင်ရရှိတဲ့ယူရိုပါလိဂ်ပွဲစဉ်ကအလယ်တန်းကစားသမားနီကိုလာဇာလောစကီးရဲ့အဖြစ်အပျက်ကြောင့်တုန်လှုပ်စရာဖြစ်ပျက်ခဲ့ရပါတယ်။

မော်ရင်ဟိုရဲ့အသင်းနှင့်ဘူလ်ဂေးရီးယားထိပ်သီးအသင်းတို့ကစားတဲ့ပွဲစဉ်ရဲ့ပွဲပြီးခါနီးအချိန်မှာဖြစ်ပျက်ခဲ့တာလည်းဖြစ်ပါတယ်။

ဇာလောစကီးဟာဖရီးကစ်ကိုကာကွယ်ရန်အတွက် လူဒိုဂိုရက်စ်နောက်ခံလူဗာဒွန်ကိုလူကပ်ထားခဲ့ပါတယ်။ရိုးမားကစားသမားဟာမထိန်းနိုင်ဘဲလူကျသွားခဲ့ပါတယ်။

ဗာဒွန်ဟာဇာလောစကီးရဲ့လည်ပင်းအပေါ်သို့တက်နင်းမိခဲ့တာတွေ့ရပါတယ်။ယင်းနောက်ဗာဒွန်ရဲ့ဖိနပ်ကလျောကာမျက်နှာကိုလည်းတက်နင်းမိခဲ့တာတွေ့ရပါတယ်။

ဗာဒွန်ဟာဇာလောစကီးကိုတမင်လုပ်ခဲ့သလား၊မတော်တဆလုပ်ခဲ့သလားဆိုတာအတိအကျမသိရပါဘူး။သူဟာအပြစ်တစုံတရာမရှိကြောင်းပြောဆိုခဲ့ပေမဲ့ဒိုင်လူကြီးနီကိုလာဒါလာနိုဗစ်ကာတိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။

ကံကောင်းတာကတော့အရန်အဖြစ်ဝင်ရောက်လာတဲ့ဇာလောစကီးဟာပွဲပြီးတဲ့အထိဆက်ကစားသွားနိုင်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့ရိုးမားဟာလိုရန်ဇိုပယ်လီဂရီနီ၊နီကိုလိုဇာနီယိုလိုတို့ရဲ့ဂိုးများဖြင့် လူဒိုဂိုရက်စ်ကို၃-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ရိုးမားဟာယူရိုပါလိဂ်အုပ်စု(ခ)တွင်အုပ်စုဒုတိယအဖြစ်သာရပ်တည်နိုင်မှုကြောင့် ယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်ပလေးအော့ဖ်တွင် ချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်ခွာလာရတဲ့အသင်းနှင့်ရင်ဆိုင်ရပါမယ်။

ZawGyi

႐ိုးမားစတားနီကိုလာဇာေလာစကီးရဲ႕မ်က္ႏွာႏွင့္လည္ပင္းကို တုန္လႈပ္ဖြယ္တက္နင္းခဲ့တဲ့ လူဒိုဂိုရက္စ္ေနာက္ခံလူ

႐ိုးမားရဲ႕လူဒိုဂိုရက္စ္အားအႏိုင္ရရွိတဲ့ယူ႐ိုပါလိဂ္ပြဲစဥ္ကအလယ္တန္းကစားသမားနီကိုလာဇာေလာစကီးရဲ႕အျဖစ္အပ်က္ေၾကာင့္တုန္လႈပ္စရာျဖစ္ပ်က္ခဲ့ရပါတယ္။

ေမာ္ရင္ဟိုရဲ႕အသင္းႏွင့္ဘူလ္ေဂးရီးယားထိပ္သီးအသင္းတို႔ကစားတဲ့ပြဲစဥ္ရဲ႕ပြဲၿပီးခါနီးအခ်ိန္မွာျဖစ္ပ်က္ခဲ့တာလည္းျဖစ္ပါတယ္။

ဇာေလာစကီးဟာဖရီးကစ္ကိုကာကြယ္ရန္အတြက္ လူဒိုဂိုရက္စ္ေနာက္ခံလူဗာဒြန္ကိုလူကပ္ထားခဲ့ပါတယ္။႐ိုးမားကစားသမားဟာမထိန္းႏိုင္ဘဲလူက်သြားခဲ့ပါတယ္။

ဗာဒြန္ဟာဇာေလာစကီးရဲ႕လည္ပင္းအေပၚသို႔တက္နင္းမိခဲ့တာေတြ႕ရပါတယ္။ယင္းေနာက္ဗာဒြန္ရဲ႕ဖိနပ္ကေလ်ာကာမ်က္ႏွာကိုလည္းတက္နင္းမိခဲ့တာေတြ႕ရပါတယ္။

ဗာဒြန္ဟာဇာေလာစကီးကိုတမင္လုပ္ခဲ့သလား၊မေတာ္တဆလုပ္ခဲ့သလားဆိုတာအတိအက်မသိရပါဘူး။သူဟာအျပစ္တစုံတရာမရွိေၾကာင္းေျပာဆိုခဲ့ေပမဲ့ဒိုင္လူႀကီးနီကိုလာဒါလာႏိုဗစ္ကာတိုက္႐ိုက္အနီကတ္ျပထုတ္ပယ္ခဲ့ပါတယ္။

ကံေကာင္းတာကေတာ့အရန္အျဖစ္ဝင္ေရာက္လာတဲ့ဇာေလာစကီးဟာပြဲၿပီးတဲ့အထိဆက္ကစားသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ေမာ္ရင္ဟိုရဲ႕႐ိုးမားဟာလိုရန္ဇိုပယ္လီဂရီနီ၊နီကိုလိုဇာနီယိုလိုတို႔ရဲ႕ဂိုးမ်ားျဖင့္ လူဒိုဂိုရက္စ္ကို၃-၁ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

႐ိုးမားဟာယူ႐ိုပါလိဂ္အုပ္စု(ခ)တြင္အုပ္စုဒုတိယအျဖစ္သာရပ္တည္ႏိုင္မႈေၾကာင့္ ယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္ပေလးေအာ့ဖ္တြင္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွထြက္ခြာလာရတဲ့အသင္းႏွင့္ရင္ဆိုင္ရပါမယ္။