ရိုးမားနည်းပြဟောင်းဖွန်ဆီကာအား ခန့်အပ်ရန် စပါးစ် နီးစပ်နေ

စပါးစ်ဟာရိုးမားနည်းပြဟောင်းဖွန်ဆီကာအားနည်းပြသစ်အဖြစ်ခန့်အပ်ရန်ဆွေးနွေးမှုတိုးတက်လျက်ရှိကြောင်းသိရပါတယ်။

ရိုးမားဟာဖွန်ဆီကာကိုထုတ်ပယ်ကာစပါးစ်မှထုတ်ပယ်ခြင်းခံခဲ့ရတဲ့မော်ရင်ဟိုနှင့်အစားထိုးခန့်အပ်ထားပါတယ်။ယင်းအချိန်တွင်စပါးစ်ကလည်းရာထူးမှထုတ်ပယ်လိုက်တဲ့မော်ရင်ဟိုနေရာမှာဖွန်ဆီကာနှင့်အစားထိုးရန်စီစဉ်နေတာဖြစ်ပါတယ်။

စပါးစ်ရဲ့ဘောလုံးဒါရိုက်တာသစ်ဖြစ်လာမယ့်ဖေဘီယိုပါရာတီကာဟာဖွန်ဆီကာရဲ့ပရိသတ်တစ်ဦးလည်းဖြစ်ပါတယ်။ဖွန်ဆီကာဟာရိုးမားကိုမကိုင်တွယ်မီပေါ်တို၊ဘရာဂါ၊ရှက်တာဒိုနက်စ်တို့အားကိုင်တွယ်ဖူးသူဖြစ်ပါတယ်။

စပါးစ်ဟာအသက်၄၈နှစ်ရှိပေါ်တူဂီနည်းပြအားသုံးနှစ်စာချုပ်ဖြင့်ခန့်အပ်ရန်ဆွေးနွေးနေတာဖြစ်ပြီးဆွေးနွေးမှုမှာတိုးတက်လျက်ရှိပါတယ်။

စပါးစ်ဟာအစောပိုင်းတုန်းကအင်တာမီလန်ကိုစကူဒက်တိုဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်ခဲ့တဲ့ချဲလ်ဆီးနည်းပြဟောင်းကွန်တီကိုခန့်အပ်ရန်ကြိုးပမ်းခဲ့ပါတယ်။ဒါပေမယ့်ကွန်တီဘက်ကတစ်နှစ်လုပ်ခပေါင်၁၅သန်း၊အပြောင်းအရွှေ့စရိတ်ပေါင်သန်း၁၀၀ တောင်းဆိုမှုတို့ကြောင့်စပါးစ်ဘက်ကနောက်ဆုတ်ခဲ့ရပါတယ်။

ဖွန်ဆီကာဟာရိုးမားကိုကိုင်တွယ်ခဲ့တဲ့နှစ်ရာသီအတွင်းတွင်စီးရီးအေထိပ်သီးများနှင့်၂၄ပွဲရင်ဆိုင်ခဲ့ရာတွင်၄ပွဲတည်းသာအနိုင်ရအောင်စွမ်းဆောင်နိုင်မှုကြောင့်ဝေဖန်မှုခံခဲ့ရပြီးပြီးခဲ့တဲ့ရာသီတုန်းကရိုးမားမှာအဆင့်၅နေရာတွင်သာရပ်တည်နိုင်ခဲ့ပါတယ်။

ဖွန်ဆီကာဟာယူကရိန်းကလပ်ရှက်တာဒိုးနက်စ်အား၂၀၁၆ခုနှစ်မှ၂၀၁၉ခုနှစ်အထိကိုင်တွယ်စဉ်အတွင်းပြည်တွင်းဖလားနှစ်လုံးကိုသုံးကြိမ်ဆက်တိုက်ဆွတ်ခူးနိုင်အောင်ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါ့အပြင်သူဟာဘရာဂါကိုလည်းကလပ်သမိုင်းတွင်ပထမဆုံးပေါ်တူဂီရှုံးထွက်ဖလားရရှိအောင်ဦးဆောင်ပေးခဲ့ဖူးကာ တိုက်စစ်အားသန်နည်းပြအဖြစ်နာမည်ကြီးပါတယ်။

ZawGyi

႐ိုးမားနည္းျပေဟာင္းဖြန္ဆီကာအား ခန႔္အပ္ရန္ စပါးစ္ နီးစပ္ေန

စပါးစ္ဟာ႐ိုးမားနည္းျပေဟာင္းဖြန္ဆီကာအားနည္းျပသစ္အျဖစ္ခန႔္အပ္ရန္ေဆြးေႏြးမႈတိုးတက္လ်က္ရွိေၾကာင္းသိရပါတယ္။

႐ိုးမားဟာဖြန္ဆီကာကိုထုတ္ပယ္ကာစပါးစ္မွထုတ္ပယ္ျခင္းခံခဲ့ရတဲ့ေမာ္ရင္ဟိုႏွင့္အစားထိုးခန႔္အပ္ထားပါတယ္။ယင္းအခ်ိန္တြင္စပါးစ္ကလည္းရာထူးမွထုတ္ပယ္လိုက္တဲ့ေမာ္ရင္ဟိုေနရာမွာဖြန္ဆီကာႏွင့္အစားထိုးရန္စီစဥ္ေနတာျဖစ္ပါတယ္။

စပါးစ္ရဲ႕ေဘာလုံးဒါ႐ိုက္တာသစ္ျဖစ္လာမယ့္ေဖဘီယိုပါရာတီကာဟာဖြန္ဆီကာရဲ႕ပရိသတ္တစ္ဦးလည္းျဖစ္ပါတယ္။ဖြန္ဆီကာဟာ႐ိုးမားကိုမကိုင္တြယ္မီေပၚတို၊ဘရာဂါ၊ရွက္တာဒိုနက္စ္တို႔အားကိုင္တြယ္ဖူးသူျဖစ္ပါတယ္။

စပါးစ္ဟာအသက္၄၈ႏွစ္ရွိေပၚတူဂီနည္းျပအားသုံးႏွစ္စာခ်ဳပ္ျဖင့္ခန႔္အပ္ရန္ေဆြးေႏြးေနတာျဖစ္ၿပီးေဆြးေႏြးမႈမွာတိုးတက္လ်က္ရွိပါတယ္။

စပါးစ္ဟာအေစာပိုင္းတုန္းကအင္တာမီလန္ကိုစကူဒက္တိုဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ခဲ့တဲ့ခ်ဲလ္ဆီးနည္းျပေဟာင္းကြန္တီကိုခန႔္အပ္ရန္ႀကိဳးပမ္းခဲ့ပါတယ္။ဒါေပမယ့္ကြန္တီဘက္ကတစ္ႏွစ္လုပ္ခေပါင္၁၅သန္း၊အေျပာင္းအေ႐ႊ႕စရိတ္ေပါင္သန္း၁၀၀ ေတာင္းဆိုမႈတို႔ေၾကာင့္စပါးစ္ဘက္ကေနာက္ဆုတ္ခဲ့ရပါတယ္။

ဖြန္ဆီကာဟာ႐ိုးမားကိုကိုင္တြယ္ခဲ့တဲ့ႏွစ္ရာသီအတြင္းတြင္စီးရီးေအထိပ္သီးမ်ားႏွင့္၂၄ပြဲရင္ဆိုင္ခဲ့ရာတြင္၄ပြဲတည္းသာအႏိုင္ရေအာင္စြမ္းေဆာင္ႏိုင္မႈေၾကာင့္ေဝဖန္မႈခံခဲ့ရၿပီးၿပီးခဲ့တဲ့ရာသီတုန္းက႐ိုးမားမွာအဆင့္၅ေနရာတြင္သာရပ္တည္ႏိုင္ခဲ့ပါတယ္။

ဖြန္ဆီကာဟာယူကရိန္းကလပ္ရွက္တာဒိုးနက္စ္အား၂၀၁၆ခုႏွစ္မွ၂၀၁၉ခုႏွစ္အထိကိုင္တြယ္စဥ္အတြင္းျပည္တြင္းဖလားႏွစ္လုံးကိုသုံးႀကိမ္ဆက္တိုက္ဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ေပးႏိုင္ခဲ့ပါတယ္။ဒါ့အျပင္သူဟာဘရာဂါကိုလည္းကလပ္သမိုင္းတြင္ပထမဆုံးေပၚတူဂီရႈံးထြက္ဖလားရရွိေအာင္ဦးေဆာင္ေပးခဲ့ဖူးကာ တိုက္စစ္အားသန္နည္းျပအျဖစ္နာမည္ႀကီးပါတယ္။