
ရိုးမားနှင့်ဆက်စ်ဆူလိုတို့ပွဲစဉ်တွင် နှစ်ဖက်ကစားသမားနှစ်ဦးတို့ဟာပေါင်ခြံကိုအပြန်အလှန်ကန်မှုဖြစ်ခဲ့ပါတယ်။
ရိုးမားရဲ့မာရပ်စ်ကမ်ဘူလ်လာဟာပထမပိုင်းပြီးခါနီးတွင်ကွင်းမြက်ခင်းတွင်လဲနေတဲ့ဒိုမီနစ်ကိုဘီရာဒီရဲ့ပေါင်ကြားကိုကန်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့အနှေးပြကွက်အရဘီရာဒီဟာလည်းပြိုင်ဘက်ကစားသမားရဲ့ပေါင်ကြားကိုပြန်လည်ကန်ခဲ့တာတွေ့ရပါတယ်။
ယင်းဖြစ်ရပ်ကို VAR ကစစ်ဆေးခဲ့ပေမဲ့လည်းဘီရာဒီရဲ့လုပ်ရပ်ကိုမမြင်ခဲ့ပါဘူး။အယ်လ်ဘေးနီးယားလက်ရွေးစင်ကမ်းဘူလ်လာသာအနီကတ်ပြသခြင်းခံခဲ့ရပါတယ်။
ယင်းဖြစ်ရပ်ကြောင့်ဆက်စ်ဆူလို ပင်နယ်တီရရှိခဲ့ပြီးဘီရာဒီကကန်သွင်းကာ၃-၁ဖြင့်ဦးဆောင်စေခဲ့ပါတယ်။
မနေ့ညကပွဲတွင်ဆက်စ်ဆူလိုဟာပွဲချိန်၁၈မိနစ်အတွင်းလူရီယန်တီရဲ့ဂိုး၂ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပြီး၂၆မိနစ်မှာဇာလောစကီးကရိုးမားအတွက်ချေပခဲ့ပါတယ်။ယင်းနောက်ပထမပိုင်းပြီးခါနီးမှာဘီရာဒီကပင်နယ်တီကဆက်စ်ဆူလိုအတွက်တတိယဂိုးသွင်းခဲ့ပါတယ်။ရိုးမားဟာပွဲချိန်၅၀မိနစ်မှာဒိုင်ဘာလာရဲ့ဂိုးဖြင့်ဒုတိယချေပဂိုးရခဲ့ပေမဲ့၇၅မိနစ်မှာပီနာမွန်တီကဆက်စ်ဆူလိုအတွက်စတုတ္ထဂိုးသွင်းခဲ့ပါတယ်။ရိုးမားအတွက်နှစ်သိမ့်ဂိုးကိုမိနစ်၉၀မှာဝီနယ်ဒမ်ကသွင်းယူခဲ့လို့ဆက်စ်ဆူလိုတို့၄-၃ဖြင့်အနိုင်ရသွားခဲ့ပါတယ်။
ZawGyi
႐ိုးမားႏွင့္ဆက္စ္လူလိုပြဲတြင္ ႏွစ္ဖက္ကစားသမားတို႔ အျပန္အလွန္ ေဘာကန္ခဲ့ၾက
႐ိုးမားႏွင့္ဆက္စ္ဆူလိုတို႔ပြဲစဥ္တြင္ ႏွစ္ဖက္ကစားသမားႏွစ္ဦးတို႔ဟာေပါင္ၿခံကိုအျပန္အလွန္ကန္မႈျဖစ္ခဲ့ပါတယ္။
႐ိုးမားရဲ႕မာရပ္စ္ကမ္ဘူလ္လာဟာပထမပိုင္းၿပီးခါနီးတြင္ကြင္းျမက္ခင္းတြင္လဲေနတဲ့ဒိုမီနစ္ကိုဘီရာဒီရဲ႕ေပါင္ၾကားကိုကန္ခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့အေႏွးျပကြက္အရဘီရာဒီဟာလည္းၿပိဳင္ဘက္ကစားသမားရဲ႕ေပါင္ၾကားကိုျပန္လည္ကန္ခဲ့တာေတြ႕ရပါတယ္။
ယင္းျဖစ္ရပ္ကို VAR ကစစ္ေဆးခဲ့ေပမဲ့လည္းဘီရာဒီရဲ႕လုပ္ရပ္ကိုမျမင္ခဲ့ပါဘူး။အယ္လ္ေဘးနီးယားလက္ေ႐ြးစင္ကမ္းဘူလ္လာသာအနီကတ္ျပသျခင္းခံခဲ့ရပါတယ္။
ယင္းျဖစ္ရပ္ေၾကာင့္ဆက္စ္ဆူလို ပင္နယ္တီရရွိခဲ့ၿပီးဘီရာဒီကကန္သြင္းကာ၃-၁ျဖင့္ဦးေဆာင္ေစခဲ့ပါတယ္။
မေန႔ညကပြဲတြင္ဆက္စ္ဆူလိုဟာပြဲခ်ိန္၁၈မိနစ္အတြင္းလူရီယန္တီရဲ႕ဂိုး၂ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ၿပီး၂၆မိနစ္မွာဇာေလာစကီးက႐ိုးမားအတြက္ေခ်ပခဲ့ပါတယ္။ယင္းေနာက္ပထမပိုင္းၿပီးခါနီးမွာဘီရာဒီကပင္နယ္တီကဆက္စ္ဆူလိုအတြက္တတိယဂိုးသြင္းခဲ့ပါတယ္။႐ိုးမားဟာပြဲခ်ိန္၅၀မိနစ္မွာဒိုင္ဘာလာရဲ႕ဂိုးျဖင့္ဒုတိယေခ်ပဂိုးရခဲ့ေပမဲ့၇၅မိနစ္မွာပီနာမြန္တီကဆက္စ္ဆူလိုအတြက္စတုတၳဂိုးသြင္းခဲ့ပါတယ္။႐ိုးမားအတြက္ႏွစ္သိမ့္ဂိုးကိုမိနစ္၉၀မွာဝီနယ္ဒမ္ကသြင္းယူခဲ့လို႔ဆက္စ္ဆူလိုတို႔၄-၃ျဖင့္အႏိုင္ရသြားခဲ့ပါတယ္။