ရိုးမားရှုံးပွဲတွင် လူစားဝင်ရောက်ပြီး စက္ကန့် ၄၀ အကြာတွင်ပင် မန်စီနီကို ဒေါသတကြီးကန်ကျောက်မှုအတွက် အထုတ်ခံခဲ့ရတဲ့ မွိုက်စ်ကိန်း

ဂျူဗင်တပ်တိုက်စစ်မှူးမွိုက်စ်ကိန်းဟာမနေ့ညတုန်းကရိုးမားကိုဂျူဗင်တပ်တို့၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်လူစားဝင်ရောက်ကစားပြီးစက္ကန့်၄၀အကြာတွင်ပင်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

အီတလီတိုက်စစ်မှူးဟာပွဲချိန်၈၉မိနစ်တွင်လူစားဝင်ရောက်လာပြီးနောက်စက္ကန့်၂၀အကြာတွင်ပင်ရိုးမားရဲ့အနိုင်ဂိုးရှင်ဂျီယန်လူကာမန်စီနီကိုဒေါသတကြီးကန်ကျောက်ခဲ့တာလည်းဖြစ်ပါတယ်။

အသက်၂၃နှစ်ရှိတိုက်စစ်မှူးဟာဂျူဗင်တပ်တို့ချေပဂိုးရရန်ဖိအားများနေတဲ့ကွာဒရာဒိုအစားလူစားဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့မွိုက်စ်ကိန်းဟာရိုးမားနောက်ခံလူမန်စီနီနှင့်ဘောလုံးယှဉ်လုစဉ်လဲကျသွားပြီးနောက်ပြန်ထလာချိန်တွင်အသားလွတ်ကန်ကျောက်ခဲ့တာလည်းဖြစ်ပါတယ်။

မနေ့ညကပွဲတွင်မော်ရင်ဟိုရဲ့ရိုးမားအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုမန်စီနီကဧရိယာအပြင်ကန်နေအနိမ့်ဘောအပြင်းကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာရိုးမားရှုံ့းပွဲကြောင့်စီးရီးအေအမှတ်ပေးဇယားအဆင့်၈နေရာသို့ဆင်းပေးလိုက်ရပါတယ်။အယ်လီဂရီရဲ့ဂျူဗင်တပ်ဟာရမှတ်၁၅မှတ်အလျှော့ခံထားရမှုကြောင့်အဆင့်၈နေရာသို့ရောက်နေတာလည်းဖြစ်ပါတယ်။ရိုးမားကတော့ဂျူဗင်တပ်နိုင်ပွဲကြောင့်အမှတ်ပေးဇယားအဆင့်၄နေနရာသို့တက်လှမ်းလာပါတယ်။

ZawGyi

႐ိုးမားရႈံးပြဲတြင္ လူစားဝင္ေရာက္ၿပီး စကၠန႔္ ၄၀ အၾကာတြင္ပင္ မန္စီနီကို ေဒါသတႀကီးကန္ေက်ာက္မႈအတြက္ အထုတ္ခံခဲ့ရတဲ့ မြိဳက္စ္ကိန္း

ဂ်ဴဗင္တပ္တိုက္စစ္မႉးမြိဳက္စ္ကိန္းဟာမေန႔ညတုန္းက႐ိုးမားကိုဂ်ဴဗင္တပ္တို႔၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္လူစားဝင္ေရာက္ကစားၿပီးစကၠန႔္၄၀အၾကာတြင္ပင္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

အီတလီတိုက္စစ္မႉးဟာပြဲခ်ိန္၈၉မိနစ္တြင္လူစားဝင္ေရာက္လာၿပီးေနာက္စကၠန႔္၂၀အၾကာတြင္ပင္႐ိုးမားရဲ႕အႏိုင္ဂိုးရွင္ဂ်ီယန္လူကာမန္စီနီကိုေဒါသတႀကီးကန္ေက်ာက္ခဲ့တာလည္းျဖစ္ပါတယ္။

အသက္၂၃ႏွစ္ရွိတိုက္စစ္မႉးဟာဂ်ဴဗင္တပ္တို႔ေခ်ပဂိုးရရန္ဖိအားမ်ားေနတဲ့ကြာဒရာဒိုအစားလူစားဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့မြိဳက္စ္ကိန္းဟာ႐ိုးမားေနာက္ခံလူမန္စီနီႏွင့္ေဘာလုံးယွဥ္လုစဥ္လဲက်သြားၿပီးေနာက္ျပန္ထလာခ်ိန္တြင္အသားလြတ္ကန္ေက်ာက္ခဲ့တာလည္းျဖစ္ပါတယ္။

မေန႔ညကပြဲတြင္ေမာ္ရင္ဟိုရဲ႕႐ိုးမားအတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုမန္စီနီကဧရိယာအျပင္ကန္ေနအနိမ့္ေဘာအျပင္းကန္သြင္းခဲ့တာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ဟာ႐ိုးမားရႈံ႕းပြဲေၾကာင့္စီးရီးေအအမွတ္ေပးဇယားအဆင့္၈ေနရာသို႔ဆင္းေပးလိုက္ရပါတယ္။အယ္လီဂရီရဲ႕ဂ်ဴဗင္တပ္ဟာရမွတ္၁၅မွတ္အေလွ်ာ့ခံထားရမႈေၾကာင့္အဆင့္၈ေနရာသို႔ေရာက္ေနတာလည္းျဖစ္ပါတယ္။႐ိုးမားကေတာ့ဂ်ဴဗင္တပ္ႏိုင္ပြဲေၾကာင့္အမွတ္ေပးဇယားအဆင့္၄ေနနရာသို႔တက္လွမ္းလာပါတယ္။