ရိုးမားလေ့ကျင့်ရေးကွင်းသို့ လာရောက်ကာ ကားများကို ဖျက်ဆီးခဲ့တဲ့ ဂျီနိုအာတိုက်စစ်မှူးရဲ့ဖခင်

ဂျီယန်လူကာစကာမက္ကာရဲ့ဖခင်ဟာရိုးမားအသင်းရဲ့လေ့ကျင့်ရေးစင်တာသို့ရောက်လာပြီးသံခေါက်ဖြင့်ကားလေးစီး(သို့မဟုတ်)ငါးစီးကိုထုခွဲဖျက်ဆီးမှုပြုလုပ်ခဲ့မှုအတွက်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

ဂျီယန်လူကာစကာမက္ကာရဲ့ဖခင်ဟာဆက်စ်ဆူလိုအသင်းအင်္ကျီကိုဝတ်ဆင်ကာရောက်လာခဲ့တာဖြစ်ပါတယ်။စကာမက္ကာဟာဆက်စ်ဆူလိုကနေဂျီနိုအာသို့အငှားဖြင့်သွားရောက်ကစားနေသူလည်းဖြစ်ပါတယ်။

အီတလီယူ-၂၁လက်ရွေးစင်တိုက်စစ်မှူးစကာမက္ကာဟာရိုးမားလူငယ်အသင်းအတွက်၂၀၁၂မှ၂၀၁၅ခုနှစ်အတွင်းကစားခဲ့သူဖြစ်ပါတယ်။သူဟာရိုးမားလူငယ်အသင်းမှာကစားသမားဘဝစတင်ခဲ့ပေမယ့်၎င်းနှင့်ရိုးမားအကြားဆက်နွယ်မရှိလာခဲ့တာကြာမြင့်ပြီဖြစ်ပါတယ်။

စကာမက္ကာရဲ့ဖခင်ဟာတနင်္လာနေ့ညနေ၇နာရီခွဲခန့်အချိန်တွင်ကားဖြင့်အတားအဆီးများကိုတိုက်ကာရိုးမားလေ့ကျင့်ရေးကွင်းသို့အတင်းဝင်ရောက်ခဲ့တာဖြစ်ပြီးကားလေးစီး(သို့မဟုတ်)ငါးစီးရဲ့မှန်များကိုရိုက်ခွဲဖျက်ဆီးခဲ့ပါတယ်။ဖျက်ဆီးခံရတဲ့ကားများထဲမှာဒါရိုက်တာများဖြစ်ကြတဲ့တီယာဂိုပင်တို၊မော်ဂန်ဒီဆန်းတစ်တို့ရဲ့ကားများလည်းပါဝင်ပါတယ်။

သူဟာလေ့ကျင့်ရေးကွင်းအဝင်ပေါက်တွင်အလှထုလုပ်ထားတဲ့ဝံပုလွေရုပ်ထုကိုလည်းကျိုးပဲ့အောင်ဖျက်ဆီးခဲ့ပါသေးတယ်။

လက်ရှိအချိန်တွင်အသက်၄၅နှစ်ရှိအမ်မီလီယိုစကာမက္ကာဟာမည်သည့်အကြောင်းကြောင့်ရိုးမားအသင်းလေ့ကျင့်ရေးကွင်းသို့ဝင်ရောက်ကာဖျက်ဆီးမှုပြုလုပ်တယ်ဆိုတာအတိအကျမသိရသေးပါဘူး။

La Repubblica ကအမ်မီလီယိုဟာရိုးမားဒါရိုက်တာဘရူနိုကွန်တီထံမှငွေကြေးရရန်ရှိမှုအတွက်ယင်းသို့လုပ်ဆောင်တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့ဝင်များရောက်လာချိန်မှာလည်းသူဟာကားတစ်စီးကိုဖျက်ဆီးခဲ့သေးကာနောက်ဆုံးတွင်မှဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ရဲတပ်ဖွဲ့ဟာသူ့ကိုဖမ်းဆီးကစိတ်ကျန်းမာရေးဆေးရုံသို့ခေါ်ဆောင်သွားခဲ့ပါတယ်။

ZawGyi

႐ိုးမားေလ့က်င့္ေရးကြင္းသို႔ လာေရာက္ကာ ကားမ်ားကို ဖ်က္ဆီးခဲ့တဲ့ ဂ်ီႏိုအာတိုက္စစ္မႉးရဲ႕ဖခင္

ဂ်ီယန္လူကာစကာမကၠာရဲ႕ဖခင္ဟာ႐ိုးမားအသင္းရဲ႕ေလ့က်င့္ေရးစင္တာသို႔ေရာက္လာၿပီးသံေခါက္ျဖင့္ကားေလးစီး(သို႔မဟုတ္)ငါးစီးကိုထုခြဲဖ်က္ဆီးမႈျပဳလုပ္ခဲ့မႈအတြက္ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။

ဂ်ီယန္လူကာစကာမကၠာရဲ႕ဖခင္ဟာဆက္စ္ဆူလိုအသင္းအက်ႌကိုဝတ္ဆင္ကာေရာက္လာခဲ့တာျဖစ္ပါတယ္။စကာမကၠာဟာဆက္စ္ဆူလိုကေနဂ်ီႏိုအာသို႔အငွားျဖင့္သြားေရာက္ကစားေနသူလည္းျဖစ္ပါတယ္။

အီတလီယူ-၂၁လက္ေ႐ြးစင္တိုက္စစ္မႉးစကာမကၠာဟာ႐ိုးမားလူငယ္အသင္းအတြက္၂၀၁၂မွ၂၀၁၅ခုႏွစ္အတြင္းကစားခဲ့သူျဖစ္ပါတယ္။သူဟာ႐ိုးမားလူငယ္အသင္းမွာကစားသမားဘဝစတင္ခဲ့ေပမယ့္၎ႏွင့္႐ိုးမားအၾကားဆက္ႏြယ္မရွိလာခဲ့တာၾကာျမင့္ၿပီျဖစ္ပါတယ္။

စကာမကၠာရဲ႕ဖခင္ဟာတနလၤာေန႔ညေန၇နာရီခြဲခန႔္အခ်ိန္တြင္ကားျဖင့္အတားအဆီးမ်ားကိုတိုက္ကာ႐ိုးမားေလ့က်င့္ေရးကြင္းသို႔အတင္းဝင္ေရာက္ခဲ့တာျဖစ္ၿပီးကားေလးစီး(သို႔မဟုတ္)ငါးစီးရဲ႕မွန္မ်ားကို႐ိုက္ခြဲဖ်က္ဆီးခဲ့ပါတယ္။ဖ်က္ဆီးခံရတဲ့ကားမ်ားထဲမွာဒါ႐ိုက္တာမ်ားျဖစ္ၾကတဲ့တီယာဂိုပင္တို၊ေမာ္ဂန္ဒီဆန္းတစ္တို႔ရဲ႕ကားမ်ားလည္းပါဝင္ပါတယ္။

သူဟာေလ့က်င့္ေရးကြင္းအဝင္ေပါက္တြင္အလွထုလုပ္ထားတဲ့ဝံပုေလြ႐ုပ္ထုကိုလည္းက်ိဳးပဲ့ေအာင္ဖ်က္ဆီးခဲ့ပါေသးတယ္။

လက္ရွိအခ်ိန္တြင္အသက္၄၅ႏွစ္ရွိအမ္မီလီယိုစကာမကၠာဟာမည္သည့္အေၾကာင္းေၾကာင့္႐ိုးမားအသင္းေလ့က်င့္ေရးကြင္းသို႔ဝင္ေရာက္ကာဖ်က္ဆီးမႈျပဳလုပ္တယ္ဆိုတာအတိအက်မသိရေသးပါဘူး။

La Repubblica ကအမ္မီလီယိုဟာ႐ိုးမားဒါ႐ိုက္တာဘ႐ူႏိုကြန္တီထံမွေငြေၾကးရရန္ရွိမႈအတြက္ယင္းသို႔လုပ္ေဆာင္တာျဖစ္တယ္လို႔ေဖာ္ျပထားပါတယ္။

ရဲတပ္ဖြဲ႕ဝင္မ်ားေရာက္လာခ်ိန္မွာလည္းသူဟာကားတစ္စီးကိုဖ်က္ဆီးခဲ့ေသးကာေနာက္ဆုံးတြင္မွဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္။ရဲတပ္ဖြဲ႕ဟာသူ႔ကိုဖမ္းဆီးကစိတ္က်န္းမာေရးေဆး႐ုံသို႔ေခၚေဆာင္သြားခဲ့ပါတယ္။