ရိုးမားသို့ ပြောင်းရွှေ့ကစားရန် နီးစပ်နေပြီဖြစ်တဲ့ ချဲလ်ဆီးတိုက်စစ်မှူးအေဘရာဟမ်

ရိုးမားဟာချဲလ်ဆီးတိုက်စစ်မှူးတမ်မီအေဘရာဟမ်အားခေါ်ယူရန်နီးစပ်နေပြီဖြစ်ကြောင်းသိရပါတယ်။မော်ရင်ဟိုကိုင်တွယ်နေတဲ့ရိုးမားဟာအသက်၂၃နှစ်ရှိုတိုက်စစ်မှူးအားခေါ်ယူရန်ဆန္ဒပြင်းပနေပါတယ်။

ရိုးမားဟာအေဘရာဟမ်အားပေါင်၃၃သန်းဖြင့်အပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့်အငှားဖြင့်ကမ်းလှမ်းရန်ချဲလ်ဆီးထံသို့တရားဝင်ကမ်းလှမ်းမှုပြုလုပ်ထားကြောင်းသိရပါတယ်။

လက်ရှိအချိန်တွင်ကာယကံရှင်ဖြစ်တဲ့အေဘရာဟမ်ဘက်ကတော့ရိုးမားအပြောင်းအရွှေ့အတွက်သဘောတူညီခြင်းမရှိသေးပါဘူး။

စတမ်းဖို့ဒ်ဘရစ်ချ်သို့ယခုရက်ပိုင်းအတွင်းတွင်လူကာကူရောက်လာတော့မှာဖြစ်လို့အေဘရာဟမ်အနေဖြင့်သောမတ်စ်တူချယ်လက်အောက်မှာနေရာရရှိရေးပိုမိုရုန်းကန်လာရတော့မှာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကိုဟိုဆေးမော်ရင်ဟိုဒုတိယအကြိမ်ကိုင်တွယ်တုန်းကအေဘရာဟမ်ဟာချဲလ်ဆီးအသင်းလူငယ်အသင်းမှာကစားနေခဲ့တာဖြစ်ပါတယ်။

သူဟာ၂၀၁၉ခုနှစ်တွင်ဖရန့်လမ်းပတ်လက်အောက်မှာချဲလ်ဆီးပထမအသင်းသို့ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ်။

သူဟာချဲလ်ဆီးကိုလမ်းပတ်ကိုင်တွယ်တုန်းကအရေးပါတဲ့အစိတ်အပိုင်းအဖြစ်ကစားခွင့်ရရှိခဲ့ပေမယ့်လည်းတူချယ်လက်အောက်တွင်မူနေရာရရှိရန်ရုန်းကန်လာခဲ့ရပါတယ်။

တူချယ်ဟာချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့သော်လည်းဂျရူးထွက်ခွာသွားမှုကြောင့်တိုက်စစ်မှူးတစ်ဦးအားဖြည့်လိုနေခဲ့ကာလူကာကူအားခေါ်ယူရန်သဘောတူညီမှုရရှိထားပြီဖြစ်ပါတယ်။

အေဘရာဟမ်ကိုရိုးမားအပြင်အာဆင်နယ်၊ဆောက်သမ်တန်တို့ကလည်းခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။

ZawGyi

႐ိုးမားသို႔ ေျပာင္းေ႐ႊ႕ကစားရန္ နီးစပ္ေနၿပီျဖစ္တဲ့ ခ်ဲလ္ဆီးတိုက္စစ္မႉးေအဘရာဟမ္

႐ိုးမားဟာခ်ဲလ္ဆီးတိုက္စစ္မႉးတမ္မီေအဘရာဟမ္အားေခၚယူရန္နီးစပ္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။ေမာ္ရင္ဟိုကိုင္တြယ္ေနတဲ့႐ိုးမားဟာအသက္၂၃ႏွစ္ရႈိတိုက္စစ္မႉးအားေခၚယူရန္ဆႏၵျပင္းပေနပါတယ္။

႐ိုးမားဟာေအဘရာဟမ္အားေပါင္၃၃သန္းျဖင့္အၿပီးသတ္ေခၚယူမယ့္အခ်က္ျဖင့္အငွားျဖင့္ကမ္းလွမ္းရန္ခ်ဲလ္ဆီးထံသို႔တရားဝင္ကမ္းလွမ္းမႈျပဳလုပ္ထားေၾကာင္းသိရပါတယ္။

လက္ရွိအခ်ိန္တြင္ကာယကံရွင္ျဖစ္တဲ့ေအဘရာဟမ္ဘက္ကေတာ့႐ိုးမားအေျပာင္းအေ႐ႊ႕အတြက္သေဘာတူညီျခင္းမရွိေသးပါဘူး။

စတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ယခုရက္ပိုင္းအတြင္းတြင္လူကာကူေရာက္လာေတာ့မွာျဖစ္လို႔ေအဘရာဟမ္အေနျဖင့္ေသာမတ္စ္တူခ်ယ္လက္ေအာက္မွာေနရာရရွိေရးပိုမို႐ုန္းကန္လာရေတာ့မွာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းကိုဟိုေဆးေမာ္ရင္ဟိုဒုတိယအႀကိမ္ကိုင္တြယ္တုန္းကေအဘရာဟမ္ဟာခ်ဲလ္ဆီးအသင္းလူငယ္အသင္းမွာကစားေနခဲ့တာျဖစ္ပါတယ္။

သူဟာ၂၀၁၉ခုႏွစ္တြင္ဖရန႔္လမ္းပတ္လက္ေအာက္မွာခ်ဲလ္ဆီးပထမအသင္းသို႔ထိုးေဖာက္ဝင္ေရာက္ႏိုင္ခဲ့ပါတယ္။

သူဟာခ်ဲလ္ဆီးကိုလမ္းပတ္ကိုင္တြယ္တုန္းကအေရးပါတဲ့အစိတ္အပိုင္းအျဖစ္ကစားခြင့္ရရွိခဲ့ေပမယ့္လည္းတူခ်ယ္လက္ေအာက္တြင္မူေနရာရရွိရန္႐ုန္းကန္လာခဲ့ရပါတယ္။

တူခ်ယ္ဟာခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ေသာ္လည္းဂ်႐ူးထြက္ခြာသြားမႈေၾကာင့္တိုက္စစ္မႉးတစ္ဦးအားျဖည့္လိုေနခဲ့ကာလူကာကူအားေခၚယူရန္သေဘာတူညီမႈရရွိထားၿပီျဖစ္ပါတယ္။

ေအဘရာဟမ္ကို႐ိုးမားအျပင္အာဆင္နယ္၊ေဆာက္သမ္တန္တို႔ကလည္းေခၚယူရန္စိတ္ဝင္စားေနပါတယ္။