ရိုးမားအတွက် ပင်နယ်တီအနိုင်ဂိုးသွင်းစဉ် မတော်တဆဒဏ်ရာရရှိကာ ကမ္ဘာ့ဖလားလွဲဖွယ်ရှိနေတဲ့ ဒိုင်ဘာလာ

ပေါ်လိုဒိုင်ဘာလာဟာမနေ့ညတုန်းကလက်ချီကိုရိုးမားက၂-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ပင်နယ်တီမှတဆင့်အနိုင်ဂိုးသွင်းယူစဉ် မတော်တဆကြွက်သားဒဏ်ရာရရှိကာကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်ရမယ့်အခြေအနေမျိုးနှင့်ကြုံနေရပါတယ်။

ရိုးမားနည်းပြဟိုဆေးမော်ရင်ဟိုကအာဂျင်တီးနားတိုက်စစ်မှူးရဲ့ကြွက်သားဒဏ်ရာမှာ အလွန်ဆိုးရွားလွန်းလှပြီး၂၀၂၃ခုနှစ်အထိအနားယူရနိုင်ကြောင်းဆိုသွားပါတယ်။

ဂျူဗင်တပ်သူရဲကောင်းဟောင်းဒိုင်ဘာလာဟာပွဲချိန်၄၈မိနစ်တွင်ပင်နယ်တီကန်သွင်းစဉ်ဘယ်ခြေထောက်ဒဏ်ရာရရှိသွားတာလည်းဖြစ်ပါတယ်။

ဒိုင်ဘာလာဟာပင်နယ်တီမှဂိုးသွင်းပြီးနောက်အောင်ပွဲခံရန်သွားစဉ်ကြွက်သားနာကျင်ကာထော့နင်းထော့နင်းဖြစ်နေခဲ့ပြီးချက်ချင်းဆိုသလိုလူစားလဲခဲ့ရပါတယ်။

မော်ရင်ဟိုက “ဒဏ်ရာကြည့်ရတာအရမ်းဆိုးပုံရတယ်။ကျွန်တော်လည်းတော်တော်စိတ်မကောင်းဖြစ်နေတယ်။ဒါပေမဲ့ပေါ်လိုနဲ့စကားပြောပြီးချိန်မှာတော်တော်ဆိုးတာသိလိုက်ရတယ်”လို့ပြောကြားသွားပါတယ်။

ဒိုင်ဘာလာဟာယနေ့တွင်ဒဏ်ရာကိုစစ်ဆေးမှုပြုလုပ်လာမှာဖြစ်ပါတယ်။ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာကျင်းပရန် ၇ပတ်တည်းသာလိုပါတော့တယ်။

အဆိုပါပွဲတွင်ရိုးမားဟာစမောလင်းရဲ့ခေါင်းတိုက်ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပြီးပွဲချိန်၂၂မိနစ်တွင်လက်ချီရဲ့ဟူမန်အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ဒါပေမဲ့လက်ချီဟာပွဲချိန်၃၉မိနစ်မှာစထရီဖီဇာကချေပဂိုးသွင်းယူခဲ့ပါတယ်။ယင်းနောက်ပွဲချိန်၄၈မိနစ်မှာအေဘရာဟမ်ကြောင့်ရတဲ့ပင်နယ်တီကနေ ဒိုင်ဘာလာကရိုးမားအတွက်အနိုင်ဂိုးသွင်းခဲ့ပါတယ်။

ZawGyi

႐ိုးမားအတြက္ ပင္နယ္တီအႏိုင္ဂိုးသြင္းစဥ္ မေတာ္တဆဒဏ္ရာရရွိကာ ကမာၻ႔ဖလားလြဲဖြယ္ရွိေနတဲ့ ဒိုင္ဘာလာ

ေပၚလိုဒိုင္ဘာလာဟာမေန႔ညတုန္းကလက္ခ်ီကို႐ိုးမားက၂-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ပင္နယ္တီမွတဆင့္အႏိုင္ဂိုးသြင္းယူစဥ္ မေတာ္တဆႂကြက္သားဒဏ္ရာရရွိကာကမာၻ႔ဖလားၿပိဳင္ပြဲကိုလြဲေခ်ာ္ရမယ့္အေျခအေနမ်ိဳးႏွင့္ႀကဳံေနရပါတယ္။

႐ိုးမားနည္းျပဟိုေဆးေမာ္ရင္ဟိုကအာဂ်င္တီးနားတိုက္စစ္မႉးရဲ႕ႂကြက္သားဒဏ္ရာမွာ အလြန္ဆိုး႐ြားလြန္းလွၿပီး၂၀၂၃ခုႏွစ္အထိအနားယူရႏိုင္ေၾကာင္းဆိုသြားပါတယ္။

ဂ်ဴဗင္တပ္သူရဲေကာင္းေဟာင္းဒိုင္ဘာလာဟာပြဲခ်ိန္၄၈မိနစ္တြင္ပင္နယ္တီကန္သြင္းစဥ္ဘယ္ေျခေထာက္ဒဏ္ရာရရွိသြားတာလည္းျဖစ္ပါတယ္။

ဒိုင္ဘာလာဟာပင္နယ္တီမွဂိုးသြင္းၿပီးေနာက္ေအာင္ပြဲခံရန္သြားစဥ္ႂကြက္သားနာက်င္ကာေထာ့နင္းေထာ့နင္းျဖစ္ေနခဲ့ၿပီးခ်က္ခ်င္းဆိုသလိုလူစားလဲခဲ့ရပါတယ္။

ေမာ္ရင္ဟိုက “ဒဏ္ရာၾကည့္ရတာအရမ္းဆိုးပုံရတယ္။ကြၽန္ေတာ္လည္းေတာ္ေတာ္စိတ္မေကာင္းျဖစ္ေနတယ္။ဒါေပမဲ့ေပၚလိုနဲ႔စကားေျပာၿပီးခ်ိန္မွာေတာ္ေတာ္ဆိုးတာသိလိုက္ရတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒိုင္ဘာလာဟာယေန႔တြင္ဒဏ္ရာကိုစစ္ေဆးမႈျပဳလုပ္လာမွာျဖစ္ပါတယ္။ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာက်င္းပရန္ ၇ပတ္တည္းသာလိုပါေတာ့တယ္။

အဆိုပါပြဲတြင္႐ိုးမားဟာစေမာလင္းရဲ႕ေခါင္းတိုက္ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ၿပီးပြဲခ်ိန္၂၂မိနစ္တြင္လက္ခ်ီရဲ႕ဟူမန္အနီကတ္ျပထုတ္ပယ္ခံခဲ့ရပါတယ္။ဒါေပမဲ့လက္ခ်ီဟာပြဲခ်ိန္၃၉မိနစ္မွာစထရီဖီဇာကေခ်ပဂိုးသြင္းယူခဲ့ပါတယ္။ယင္းေနာက္ပြဲခ်ိန္၄၈မိနစ္မွာေအဘရာဟမ္ေၾကာင့္ရတဲ့ပင္နယ္တီကေန ဒိုင္ဘာလာက႐ိုးမားအတြက္အႏိုင္ဂိုးသြင္းခဲ့ပါတယ္။