ရိုးမားအတွက် ပထမဆုံးခေါ်ယူတဲ့ကစားသမားအဖြစ် အာဆင်နယ်ကစားသမားကို မော်ရင်ဟိုပစ်မှတ်ထားနေ

ဟိုဆေးမော်ရင်ဟိုဟာရိုးမားအတွက်ပထမဆုံးခေါ်ယူတဲ့ကစားသမားအဖြစ်အာဆင်နယ်ကစားသမားတစ်ဦးအားခေါ်ယူရန်ဆွေးနွေးမှုများပြုလုပ်နေကြောင်းသိရပါတယ်။

စပါးစ်၊မန်ယူနှင့်ချဲလ်ဆီးနည်းပြဟောင်းဟာရိုးမားအသင်းကိုစတင်ဦးဆောင်နေပြီဖြစ်ပြီးအာဆင်နယ်ရဲ့ဆွစ်ဇာလန်ကွင်းလယ်ကစားသမားဂရာနစ်ဇာခါအားခေါ်ယူရန်ပစ်မှတ်ထားနေပါတယ်။

လက်ရှိအချိန်မှာရိုးမားနှင့်အာဆင်နယ်တို့ဟာဇာခါရဲ့အပြောင်းအရွှေ့အတွက်စတင်ဆွေးနွေးမှုများပြုလုပ်နေပြီဖြစ်ပါတယ်။ဒါပေမယ့်သဘောတူညီမှုတော့မရသေးပါဘူး။

အာဆင်နယ်ဟာဇာခါအတွက်ပြောင်းရွှေ့ကြေးယူရို၂၅သန်းရရှိလိုနေပြီးရိုးမားကယူရိုသန်း၂၀သာပေးလိုနေပါတယ်။

ကွင်းလယ်ကစားသမားဇာခါဟာအာဆင်နယ်သို့ရောက်လာပြီးနောက်ဆက်တိုက်ခြေစွမ်းပြနိုင်ရန် ရုန်းကန်ရမှုကြောင့်ပရိသတ်များရဲ့ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံလာခဲ့ရသူဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအာဆင်နယ်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၄၅ပွဲကစားခွင့်ရရှိပါတယ်။

ZawGyi





