ရိုးမားအပြောင်းအရွှေ့အပြီးသတ်ရန် ယနေ့တွင် ရောမသို့ ထွက်ခွာမယ့် အေဘရာဟမ်

တမ်မီအေဘရာဟမ်ဟာရိုးမားသို့အပြောင်းအရွှေ့အပြီးသတ်ရန်အတွက်ယနေ့တွင်ရောမသို့ထွက်ခွာဖို့ရှိနေကြောင်းသိရပါတယ်။

အသက်၂၃နှစ်ရှိချဲလ်ဆီးတိုက်စစ်မှူးဟာစီးရီးအေကလပ်သို့ပြောင်းရွှေ့ကြေးပေါင်၃၄သန်းဖြင့်ပြောင်းရန်သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။

Sky Italian ရဲ့ဖော်ပြချက်အရရိုးမားအထွေထွေမန်နေဂျာတီယာဂိုပန်တိုဟာပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းကလန်ဒန်တွင်အေဘရာဟမ်နှင့်ဆွေးနွေးမှုပြုလုပ်ခဲ့ရာတွင်အဆင်ပြေမှုရရှိခဲ့ကြောင်းသိရပါတယ်။

ချဲလ်ဆီးအကယ်ဒမီထွက်တိုက်စစ်မှူးဟာယနေ့တွင်ရောမသို့သွားရောက်ပြီးဆေးစစ်မှုခံယူကာအပြောင်းအရွှေ့အပြီးသတ်မှုပြုလုပ်လာပါမယ်။

အေဘရာဟမ်ဟာရိုးမားတွင်တစ်ပတ်လုပ်ခပေါင်၈၀၀၀၀ရရှိမှာဖြစ်ပြီးတစ်နှစ်လုပ်ခပေါင်၄သန်းရရှိပါမှာဖြစ်ကာလေးနှစ်စာချုပ်ချုပ်ဆိုပါမယ်။

ချဲလ်ဆီးဟာအေဘရာဟမ်အားရိုးမားသို့ပေါင်၃၄သန်းဖြင့်ရောင်းချရာတွင်စာချုပ်သက်တမ်းကာလအတွင်းတွင်ပေါင်၆၈သန်းဖြင့်ပြန်လည်ခေါ်ယူနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားကြောင်းသိရပါတယ်။

အေဘရာဟမ်ဟာချဲလ်ဆီးအတွက်၈၂ပွဲကစားထားရာမှာဂိုး၃၀သွင်းထားသူဖြစ်ပြီးပြီးခဲ့တဲ့ရာသီတုန်းက၁၂ဂိုးသွင်းကာချဲလ်ဆီးရဲ့ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။

ZawGyi

႐ိုးမားအေျပာင္းအေ႐ႊ႕အၿပီးသတ္ရန္ ယေန႔တြင္ ေရာမသို႔ ထြက္ခြာမယ့္ ေအဘရာဟမ္

တမ္မီေအဘရာဟမ္ဟာ႐ိုးမားသို႔အေျပာင္းအေ႐ႊ႕အၿပီးသတ္ရန္အတြက္ယေန႔တြင္ေရာမသို႔ထြက္ခြာဖို႔ရွိေနေၾကာင္းသိရပါတယ္။

အသက္၂၃ႏွစ္ရွိခ်ဲလ္ဆီးတိုက္စစ္မႉးဟာစီးရီးေအကလပ္သို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္၃၄သန္းျဖင့္ေျပာင္းရန္သေဘာတူညီမႈရရွိထားၿပီးျဖစ္ပါတယ္။

Sky Italian ရဲ႕ေဖာ္ျပခ်က္အရ႐ိုးမားအေထြေထြမန္ေနဂ်ာတီယာဂိုပန္တိုဟာၿပီးခဲ့တဲ့ၾကာသပေတးေန႔တုန္းကလန္ဒန္တြင္ေအဘရာဟမ္ႏွင့္ေဆြးေႏြးမႈျပဳလုပ္ခဲ့ရာတြင္အဆင္ေျပမႈရရွိခဲ့ေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးအကယ္ဒမီထြက္တိုက္စစ္မႉးဟာယေန႔တြင္ေရာမသို႔သြားေရာက္ၿပီးေဆးစစ္မႈခံယူကာအေျပာင္းအေ႐ႊ႕အၿပီးသတ္မႈျပဳလုပ္လာပါမယ္။

ေအဘရာဟမ္ဟာ႐ိုးမားတြင္တစ္ပတ္လုပ္ခေပါင္၈၀၀၀၀ရရွိမွာျဖစ္ၿပီးတစ္ႏွစ္လုပ္ခေပါင္၄သန္းရရွိပါမွာျဖစ္ကာေလးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုပါမယ္။

ခ်ဲလ္ဆီးဟာေအဘရာဟမ္အား႐ိုးမားသို႔ေပါင္၃၄သန္းျဖင့္ေရာင္းခ်ရာတြင္စာခ်ဳပ္သက္တမ္းကာလအတြင္းတြင္ေပါင္၆၈သန္းျဖင့္ျပန္လည္ေခၚယူႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားေၾကာင္းသိရပါတယ္။

ေအဘရာဟမ္ဟာခ်ဲလ္ဆီးအတြက္၈၂ပြဲကစားထားရာမွာဂိုး၃၀သြင္းထားသူျဖစ္ၿပီးၿပီးခဲ့တဲ့ရာသီတုန္းက၁၂ဂိုးသြင္းကာခ်ဲလ္ဆီးရဲ႕ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ႏိုင္ခဲ့ပါတယ္။