ရိုးမားအောင်ပွဲခံဘတ်စ်ကားကို တက်မောင်းရာမှ ယာဉ်တိုက်မှုဖြစ်လုနီးပါးဖြစ်ခဲ့တဲ့ မော်ရင်ဟို

ဟိုဆေးမော်ရင်ဟိုဟာရိုးမားအသင်းရဲ့ယူရိုပါကွန်ဖရင့်လိဂ်ချန်ပီယံအောင်ပွဲခံလှည့်လည်မှုမတိုင်မီရိုးမားရဲ့အောင်ပွဲခံဘတ်စ်ကားကိုတက်မောင်းခဲ့ပါတယ်။

ရိုးမားဟာဗုဒ္ဓဟူးနေ့တုန်းကအယ်ဘေးနီးယားတွင်ဖီယင်နုကို၁-၀ဂိုးဖြင့်အနိုင်ရရှိပြီးကလပ်သမိုင်းတွင်ပထမဆုံးဥရောပဖလားနှင့်ပထမဆုံးယူရိုပါကွန်ဖရင့်လိဂ်ဖလားဆွတ်ခူးခဲ့ပါတယ်။

မော်ရင်ဟိုဟာလည်းယင်းဖလားကြောင့်ဥရောပဖလားငါးကြိမ်ဆွတ်ခူးလာနိုင်တဲ့အပြင်ချန်ပီယံလိဂ်ဖလား၊ယူရိုပါလိဂ်ဖလားနှင့်ယူရိုပါကွန်ဖရင့်လိဂ်ဖလားအားလုံးကိုဆွတ်ခူးထားနိုင်တဲ့ပထမဆုံးနည်းပြဖြစ်လာပါတယ်။

မော်ရင်ဟိုဟာကြာသပတေးနေ့တုန်းကရောမတွင်ဆုဖလားအောင်ပွဲခံလှည့်လည်မှုမပြုလုပ်မီအသင်းဘတ်စ်ကားကိုမောင်းနှင်ဖို့အခွင့်အရေးရခဲ့ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာအပျော်အဖြစ်ဘတ်စ်ကားကိုတက်မောင်းခဲ့ပြီးနောက်ခံမှကစားသမားများကသူ့အမည်ကိုသီဆိုခဲ့ကြပါတယ်။

ဒါပေမဲ့မော်ရင်ဟိုဟာရဲတပ်ဖွဲ့ဆိုင်ကယ်တစ်စီး ဘတ်စ်ကားရှေ့သို့တက်လာမှုနဲ့အတူကားကိုဘရိတ်အုပ်ခဲ့ရပါတယ်။

ZawGyi

႐ိုးမားေအာင္ပြဲခံဘတ္စ္ကားကို တက္ေမာင္းရာမွ ယာဥ္တိုက္မႈျဖစ္လုနီးပါးျဖစ္ခဲ့တဲ့ ေမာ္ရင္ဟို

ဟိုေဆးေမာ္ရင္ဟိုဟာ႐ိုးမားအသင္းရဲ႕ယူ႐ိုပါကြန္ဖရင့္လိဂ္ခ်န္ပီယံေအာင္ပြဲခံလွည့္လည္မႈမတိုင္မီ႐ိုးမားရဲ႕ေအာင္ပြဲခံဘတ္စ္ကားကိုတက္ေမာင္းခဲ့ပါတယ္။

႐ိုးမားဟာဗုဒၶဟူးေန႔တုန္းကအယ္ေဘးနီးယားတြင္ဖီယင္ႏုကို၁-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးကလပ္သမိုင္းတြင္ပထမဆုံးဥေရာပဖလားႏွင့္ပထမဆုံးယူ႐ိုပါကြန္ဖရင့္လိဂ္ဖလားဆြတ္ခူးခဲ့ပါတယ္။

ေမာ္ရင္ဟိုဟာလည္းယင္းဖလားေၾကာင့္ဥေရာပဖလားငါးႀကိမ္ဆြတ္ခူးလာႏိုင္တဲ့အျပင္ခ်န္ပီယံလိဂ္ဖလား၊ယူ႐ိုပါလိဂ္ဖလားႏွင့္ယူ႐ိုပါကြန္ဖရင့္လိဂ္ဖလားအားလုံးကိုဆြတ္ခူးထားႏိုင္တဲ့ပထမဆုံးနည္းျပျဖစ္လာပါတယ္။

ေမာ္ရင္ဟိုဟာၾကာသပေတးေန႔တုန္းကေရာမတြင္ဆုဖလားေအာင္ပြဲခံလွည့္လည္မႈမျပဳလုပ္မီအသင္းဘတ္စ္ကားကိုေမာင္းႏွင္ဖို႔အခြင့္အေရးရခဲ့ပါတယ္။

ေပၚတူဂီလူမ်ိဳးနည္းျပဟာအေပ်ာ္အျဖစ္ဘတ္စ္ကားကိုတက္ေမာင္းခဲ့ၿပီးေနာက္ခံမွကစားသမားမ်ားကသူ႔အမည္ကိုသီဆိုခဲ့ၾကပါတယ္။

ဒါေပမဲ့ေမာ္ရင္ဟိုဟာရဲတပ္ဖြဲ႕ဆိုင္ကယ္တစ္စီး ဘတ္စ္ကားေရွ႕သို႔တက္လာမႈနဲ႔အတူကားကိုဘရိတ္အုပ္ခဲ့ရပါတယ္။