ရီစီဂျိမ်းစ်အား ပုလင်းဖြင့် ပစ်သူအား စီစီတီဗွီမှတ်တမ်းဖြင့် ရှာဖွေကာ အာဆင်နယ် အရေးယူမည်

အာဆင်နယ်ကချဲလ်ဆီးစတားရီစီဂျိမ်းစ်အားပုလင်းဖြင့်ပစ်ပေါက်ခဲ့တဲ့ဆိုးသွမ်းပရိသတ်အားရှာဖွေကာပွဲကြည့်ခွင့်ပိတ်ပင်မှုပြုလုပ်သွားမည်ဖြစ်ကြောင်းကြေညာလာပါတယ်။

အင်္ဂလန်စတားဟာတနင်္ဂနွေနေ့တုန်းကအာဆင်နယ်အား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ဂိုးသွင်းယူပြီးနောက်အလံတိုင်ထောင့်တွင်အောင်ပွဲခံစဉ်ပုလင်းဖြင့်ပစ်ပေါက်ခံခဲ့ရပါတယ်။

ကံကောင်းချင်တော့ချဲလ်ဆီးစတားရီစီဂျိမ်းစ်ကိုမထိလိုက်ဘဲတစ်စုံတစ်ရာဒဏ်ရာမရရှိခဲ့ပါဘူး။

ယခုအခါအာဆင်နယ်ကရီစီဂျိမ်းစ်အားပုလင်းဖြင့်ပစ်ပေါက်ကာလက်မခံနိုင်တဲ့အပြုအမူလုပ်ခဲ့တဲ့ဆိုးသွမ်းပရိသတ်အား စီစီတီဗွီမှတ်တမ်း၊ဒီဂျစ်တယ်လက်မှတ်အချက်အလက်များတို့စစ်ဆေးဖော်ထုတ်ကာအရေးယူသွားမယ်လို့ကြေညာလာပါတယ်။

ချဲလ်ဆီးတောင်ပံခံစစ်ကစားသမားဟာအာဆင်နယ်အား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာကိုယ်တိုင်တစ်ဂိုးသွင်းခဲ့သလိုလူကာကူဦးဆောင်ဂိုးသွင်းနိုင်အောင်လည်းဖန်တီးပေးနိုင်ခဲ့ပါတယ်။

ZawGyi

ရီစီဂ်ိမ္းစ္အား ပုလင္းျဖင့္ ပစ္သူအား စီစီတီဗြီမွတ္တမ္းျဖင့္ ရွာေဖြကာ အာဆင္နယ္ အေရးယူမည္

အာဆင္နယ္ကခ်ဲလ္ဆီးစတားရီစီဂ်ိမ္းစ္အားပုလင္းျဖင့္ပစ္ေပါက္ခဲ့တဲ့ဆိုးသြမ္းပရိသတ္အားရွာေဖြကာပြဲၾကည့္ခြင့္ပိတ္ပင္မႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္းေၾကညာလာပါတယ္။

အဂၤလန္စတားဟာတနဂၤေႏြေန႔တုန္းကအာဆင္နယ္အား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ဂိုးသြင္းယူၿပီးေနာက္အလံတိုင္ေထာင့္တြင္ေအာင္ပြဲခံစဥ္ပုလင္းျဖင့္ပစ္ေပါက္ခံခဲ့ရပါတယ္။

ကံေကာင္းခ်င္ေတာ့ခ်ဲလ္ဆီးစတားရီစီဂ်ိမ္းစ္ကိုမထိလိုက္ဘဲတစ္စုံတစ္ရာဒဏ္ရာမရရွိခဲ့ပါဘူး။

ယခုအခါအာဆင္နယ္ကရီစီဂ်ိမ္းစ္အားပုလင္းျဖင့္ပစ္ေပါက္ကာလက္မခံႏိုင္တဲ့အျပဳအမူလုပ္ခဲ့တဲ့ဆိုးသြမ္းပရိသတ္အား စီစီတီဗြီမွတ္တမ္း၊ဒီဂ်စ္တယ္လက္မွတ္အခ်က္အလက္မ်ားတို႔စစ္ေဆးေဖာ္ထုတ္ကာအေရးယူသြားမယ္လို႔ေၾကညာလာပါတယ္။

ခ်ဲလ္ဆီးေတာင္ပံခံစစ္ကစားသမားဟာအာဆင္နယ္အား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာကိုယ္တိုင္တစ္ဂိုးသြင္းခဲ့သလိုလူကာကူဦးေဆာင္ဂိုးသြင္းႏိုင္ေအာင္လည္းဖန္တီးေပးႏိုင္ခဲ့ပါတယ္။