ရီးဒင်းနှင့်ပွဲတွင် အမိုက်စားဂိုးနှစ်ဂိုးသွင်းခဲ့တဲ့ ကက်စ်မီရိုကြောင့် ယူနိုက်တက်ပရိသတ်များ ရူးကုန်ပြီ

မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာမနေ့ညတုန်းကရီးဒင်းနှင့်ပွဲတွင်နှစ်ဂိုးသွင်းခဲ့တဲ့ကက်စ်မီရိုကိုချီးကျူးခန်းဖွင့်လျက်ရှိကြပါတယ်။

ဘရာဇီးစတားဟာမနေ့ညတုန်းကရီးဒင်းကို၃-၁ဂိုးဖြင့်အနိုင်ရတဲ့နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ကက်စ်မီရိုဟာပွဲချိန်၅၄မိနစ်တွင်အန်တိုနီရဲ့ချပေးမှုကနေ ဂိုးသမားကိုကျော်ပြီးဦးဆောင်ဂိုးသွင်းခဲ့သလိုနောက်၄မိနစ်အကြာတွင်ဖရက်ရဲ့ပေးပို့မှုမှတဆင့်ဧရိယာအပြင်ကိုက်၃၀အကွာမှထောင့်ကျဉ်းသို့ဝှေ့ဝိုက်ကန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

မနေ့ညကပွဲတွင်ရီးဒင်းရဲ့ကာရိုးဟာပွဲချိန်၆၆မိနစ်တွင်အနီကတ်ပြအထုတ်ခံခဲ့ရပြီးယူနိုက်တက်အတွက်နောက်ထပ်ဂိုးတစ်ဂိုးကိုဖရက်ကသွင်းယူခဲ့ပါတယ်။ရီးဒင်းအတွက်နှစ်သိမ့်ဂိုးကိုအမ်ဘန်ဂူကသွင်းယူခဲ့ပါတယ်။

ယူနိုက်တက်အတွက်လှပတဲ့ဂိုးနှစ်ဂိုးသွင်းယူခဲ့တဲ့ကက်စ်မီရိုကို ယူနိုက်တတ်ပရိသတ်များအကြီးအကျယ်ချီးကျူးခန်းဖွင့်လှစ်ရှိကြပါတယ်။

ယူနိုက်တက်ပရိသတ်တစ်ဦးးက “ကက်စ်မီရိုဆီကဘယ်လိုနတ်စွမ်းတွေပါလိမ့်”လို့ ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ခံစစ်သမားပဲ”လို့ပြောကြားသွားပါတယ်။အခြားတစ်ဦးကလည်း “ယူနိုက်တက်ရဲ့ဘီလူးတစ်ကောင်ပဲ။သူ့ကိုချစ်တယ်”လို့ဆိုသွားပါတယ်။

ယူနိုက်တက်ဟာအက်ဖ်အေဖလားပဥ္စမအဆင့်တွင်ဘယ်အသင်းနှင့်ဆုံတွေ့ရမလဲဆိုတာတနင်္လာနေ့တွင်သိရပါမယ်။

ZawGyi

ရီးဒင္းႏွင့္ပြဲတြင္ အမိုက္စားဂိုးႏွစ္ဂိုးသြင္းခဲ့တဲ့ ကက္စ္မီ႐ိုေၾကာင့္ ယူႏိုက္တက္ပရိသတ္မ်ား ႐ူးကုန္ၿပီ

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္မ်ားဟာမေန႔ညတုန္းကရီးဒင္းႏွင့္ပြဲတြင္ႏွစ္ဂိုးသြင္းခဲ့တဲ့ကက္စ္မီ႐ိုကိုခ်ီးက်ဴးခန္းဖြင့္လ်က္ရွိၾကပါတယ္။

ဘရာဇီးစတားဟာမေန႔ညတုန္းကရီးဒင္းကို၃-၁ဂိုးျဖင့္အႏိုင္ရတဲ့ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ကက္စ္မီ႐ိုဟာပြဲခ်ိန္၅၄မိနစ္တြင္အန္တိုနီရဲ႕ခ်ေပးမႈကေန ဂိုးသမားကိုေက်ာ္ၿပီးဦးေဆာင္ဂိုးသြင္းခဲ့သလိုေနာက္၄မိနစ္အၾကာတြင္ဖရက္ရဲ႕ေပးပို႔မႈမွတဆင့္ဧရိယာအျပင္ကိုက္၃၀အကြာမွေထာင့္က်ဥ္းသို႔ေဝွ႔ဝိုက္ကန္သြင္းခဲ့တာလည္းျဖစ္ပါတယ္။

မေန႔ညကပြဲတြင္ရီးဒင္းရဲ႕ကာ႐ိုးဟာပြဲခ်ိန္၆၆မိနစ္တြင္အနီကတ္ျပအထုတ္ခံခဲ့ရၿပီးယူႏိုက္တက္အတြက္ေနာက္ထပ္ဂိုးတစ္ဂိုးကိုဖရက္ကသြင္းယူခဲ့ပါတယ္။ရီးဒင္းအတြက္ႏွစ္သိမ့္ဂိုးကိုအမ္ဘန္ဂူကသြင္းယူခဲ့ပါတယ္။

ယူႏိုက္တက္အတြက္လွပတဲ့ဂိုးႏွစ္ဂိုးသြင္းယူခဲ့တဲ့ကက္စ္မီ႐ိုကို ယူႏိုက္တတ္ပရိသတ္မ်ားအႀကီးအက်ယ္ခ်ီးက်ဴးခန္းဖြင့္လွစ္ရွိၾကပါတယ္။

ယူႏိုက္တက္ပရိသတ္တစ္ဦးးက “ကက္စ္မီ႐ိုဆီကဘယ္လိုနတ္စြမ္းေတြပါလိမ့္”လို႔ ဆိုသြားပါတယ္။အျခားတစ္ဦးကလည္း “ကမာၻ႔အေကာင္းဆုံးကြင္းလယ္ခံစစ္သမားပဲ”လို႔ေျပာၾကားသြားပါတယ္။အျခားတစ္ဦးကလည္း “ယူႏိုက္တက္ရဲ႕ဘီလူးတစ္ေကာင္ပဲ။သူ႔ကိုခ်စ္တယ္”လို႔ဆိုသြားပါတယ္။

ယူႏိုက္တက္ဟာအက္ဖ္ေအဖလားပၪၥမအဆင့္တြင္ဘယ္အသင္းႏွင့္ဆုံေတြ႕ရမလဲဆိုတာတနလၤာေန႔တြင္သိရပါမယ္။