ရီးရဲလ်ကိုရှုံးနိမ့်ပြီးနောက် ရော်နယ်ကိုးမန်းရဲ့ကားကို ဒေါသထွက်နေတဲ့လူအုပ်ကြီးတိုက်ခိုက်

မနေ့ညတုန်းကအယ်ကလက်စီကိုပွဲတွင်မဟာပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်မှုကြောင့်အကြီးအကျယ်ဒေါသထွက်နေတဲ့ဘာစီလိုနာပရိသတ်များဟာဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းရဲ့ကားကိုတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

နူးကမ့်တွင်ပရိသတ်၈၆၀၀၀ရှေ့မှောက်မှာကစားရတဲ့ယင်းပွဲစဉ်တွင်ရီးရဲလ်မက်ဒရစ်ဟာဒေးဗစ်အလာဘာရဲ့ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပြီးလူးကပ်စ်ဗက်ဇ်ကွက်ဇ်ကနာကျင်အချိန်ပိုသုံးမိနစ်မှာဒုတိယဂိုးသွင်းခဲ့ပါတယ်။

နာကျင်အချိန်ပို၉၇မိနစ်မှာဆာဂျီယိုအဂွဲရိုးကဘာစီလိုနာအတွက်ချေပဂိုးသွင်းခဲ့ပါတယ်။ဘာစီလိုနာဟာလာလီဂါပွဲ၉ပွဲကစားချိန်မှာအမှတ်ပေးဇယားအဆင့်၉နေရာသို့အထိရောက်နေပါတယ်။

ပွဲအပြီးမှာကွင်းအတွင်းမှထွက်ခွာဖို့လုပ်နေတဲ့ဒတ်ချ်လူမျိုးနည်းပြရော်နယ်ကိုးမန်းဟာဒေါသထွက်နေတဲ့ဘာစီလိုနာပရိသတ်အုပ်နှင့်ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သူဟာကွင်းမှ သူ့ရဲ့ Audi ကားဖြင့်မောင်းပြေးဖို့ကြိုးပမ်းခဲ့ပေမယ့်ဘာစီလိုနာပရိသတ်များကဘေးမှဝိုင်းရံကကား Bonnet ကိုထုခြင်း။ဆဲဆိုခြင်း၊ကားမှန်ကိုထုခြင်းတို့ပြုလုပ်ခဲ့ကြပါတယ်။

ဘာစီလိုနာကကွင်းမှထွက်ခွာရန်ပြင်နေတဲ့နည်းပြကိုးမန်းအားတိုက်ခိုက်မှုကိုရှုံ့ချကြောင်းနှင့်နောက်တွင်ယင်းသို့မဖြစ်လာစေရန်လုပ်ဆောင်သွားမယ်လို့ကြေညာထားပါတယ်။

ဘာစီလိုနာဟာဗလင်စီယာ၊ဒိုင်နမိုဇာဂရက်တို့အားအနိုင်ရရှိကာအနိုင်လမ်းကြောင်းပေါ်သို့ရောက်လာခဲ့ပြီးမှရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်ကိုးမန်းက “ဒီရလဒ်အပေါ်အရမ်စိတ်ပျက်ရပါတယ်။အသင်းကလည်းနောက်ဆုံးစက္ကန့်အထိကြိုးစားခဲ့ပါတယ်။အခွင့်အရေးအများကြီးမဖန်တီးနိုင်ခဲ့ဘူး။နောက်ဆုံးမှာတော့အသေးစိတ်အချက်အလက်ကလေးတွေကပွဲရဲ့အဖြေဖြစ်သွားပါတယ်။မက်ဒရစ်ကိုအိမ်ကွင်းမှာရှုံးမှုကနေဘာအပြုသဘောမှရှာလို့မရပါဘူး။ဒါပေမယ့်ပရိသတ်နဲ့ကစားသမားတွေရဲ့စိတ်ဓာတ်နဲ့အပြုအမူကိုကြိုက်ပါတယ်။ဗုဒ္ဓဟူးနေ့မှာနောက်တစ်ပွဲကစားရပါမယ်။ရာသီကရှည်ကြာပါတယ်။ကျွန်တော်တုိ့ဆက်ပြီးတော့တိုက်ပွဲဝင်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

ဘာစီလိုနာဟာကြားရက်တွင်ဗယ်လီကာနိုနှင့်ရင်ဆိုင်ကစားရမှာဖြစ်ပြီး လာမယ့်စနေနေ့မှာအလာဗက်စ်နှင့်ရင်ဆိုင်ရပါမယ်။

ZawGyi

ရီးရဲလ္ကိုရႈံးနိမ့္ၿပီးေနာက္ ေရာ္နယ္ကိုးမန္းရဲ႕ကားကို ေဒါသထြက္ေနတဲ့လူအုပ္ႀကီးတိုက္ခိုက္

မေန႔ညတုန္းကအယ္ကလက္စီကိုပြဲတြင္မဟာၿပိဳင္ဘက္ရီးရဲလ္မက္ဒရစ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္မႈေၾကာင့္အႀကီးအက်ယ္ေဒါသထြက္ေနတဲ့ဘာစီလိုနာပရိသတ္မ်ားဟာဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းရဲ႕ကားကိုတိုက္ခိုက္မႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

ႏူးကမ့္တြင္ပရိသတ္၈၆၀၀၀ေရွ႕ေမွာက္မွာကစားရတဲ့ယင္းပြဲစဥ္တြင္ရီးရဲလ္မက္ဒရစ္ဟာေဒးဗစ္အလာဘာရဲ႕ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ၿပီးလူးကပ္စ္ဗက္ဇ္ကြက္ဇ္ကနာက်င္အခ်ိန္ပိုသုံးမိနစ္မွာဒုတိယဂိုးသြင္းခဲ့ပါတယ္။

နာက်င္အခ်ိန္ပို၉၇မိနစ္မွာဆာဂ်ီယိုအဂြဲ႐ိုးကဘာစီလိုနာအတြက္ေခ်ပဂိုးသြင္းခဲ့ပါတယ္။ဘာစီလိုနာဟာလာလီဂါပြဲ၉ပြဲကစားခ်ိန္မွာအမွတ္ေပးဇယားအဆင့္၉ေနရာသို႔အထိေရာက္ေနပါတယ္။

ပြဲအၿပီးမွာကြင္းအတြင္းမွထြက္ခြာဖို႔လုပ္ေနတဲ့ဒတ္ခ်္လူမ်ိဳးနည္းျပေရာ္နယ္ကိုးမန္းဟာေဒါသထြက္ေနတဲ့ဘာစီလိုနာပရိသတ္အုပ္ႏွင့္ထိပ္တိုက္ေတြ႕ခဲ့ပါတယ္။

သူဟာကြင္းမွ သူ႔ရဲ႕ Audi ကားျဖင့္ေမာင္းေျပးဖို႔ႀကိဳးပမ္းခဲ့ေပမယ့္ဘာစီလိုနာပရိသတ္မ်ားကေဘးမွဝိုင္းရံကကား Bonnet ကိုထုျခင္း။ဆဲဆိုျခင္း၊ကားမွန္ကိုထုျခင္းတို႔ျပဳလုပ္ခဲ့ၾကပါတယ္။

ဘာစီလိုနာကကြင္းမွထြက္ခြာရန္ျပင္ေနတဲ့နည္းျပကိုးမန္းအားတိုက္ခိုက္မႈကိုရႈံ႕ခ်ေၾကာင္းႏွင့္ေနာက္တြင္ယင္းသို႔မျဖစ္လာေစရန္လုပ္ေဆာင္သြားမယ္လို႔ေၾကညာထားပါတယ္။

ဘာစီလိုနာဟာဗလင္စီယာ၊ဒိုင္နမိုဇာဂရက္တို႔အားအႏိုင္ရရွိကာအႏိုင္လမ္းေၾကာင္းေပၚသို႔ေရာက္လာခဲ့ၿပီးမွရီးရဲလ္မက္ဒရစ္ကိုရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးသတင္းစာရွင္းလင္းပြဲတြင္ကိုးမန္းက “ဒီရလဒ္အေပၚအရမ္စိတ္ပ်က္ရပါတယ္။အသင္းကလည္းေနာက္ဆုံးစကၠန႔္အထိႀကိဳးစားခဲ့ပါတယ္။အခြင့္အေရးအမ်ားႀကီးမဖန္တီးႏိုင္ခဲ့ဘူး။ေနာက္ဆုံးမွာေတာ့အေသးစိတ္အခ်က္အလက္ကေလးေတြကပြဲရဲ႕အေျဖျဖစ္သြားပါတယ္။မက္ဒရစ္ကိုအိမ္ကြင္းမွာရႈံးမႈကေနဘာအျပဳသေဘာမွရွာလို႔မရပါဘူး။ဒါေပမယ့္ပရိသတ္နဲ႔ကစားသမားေတြရဲ႕စိတ္ဓာတ္နဲ႔အျပဳအမူကိုႀကိဳက္ပါတယ္။ဗုဒၶဟူးေန႔မွာေနာက္တစ္ပြဲကစားရပါမယ္။ရာသီကရွည္ၾကာပါတယ္။ကြၽန္ေတာ္တုိ႔ဆက္ၿပီးေတာ့တိုက္ပြဲဝင္သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဘာစီလိုနာဟာၾကားရက္တြင္ဗယ္လီကာႏိုႏွင့္ရင္ဆိုင္ကစားရမွာျဖစ္ၿပီး လာမယ့္စေနေန႔မွာအလာဗက္စ္ႏွင့္ရင္ဆိုင္ရပါမယ္။