ရီးရဲလ်ဂန္ထဝင်အသင်းနှင့်ပွဲတွင် ဘောလုံးလောကရဲ့အကြီးကျယ်ဆုံးဖျော်ဖြေသူဆိုတာပြသခဲ့တဲ့ရော်နယ်ဒင်ဟို

ရော်နယ်ဒင်ဟိုဟာအင်္ဂါနေ့တုန်းကတဲလ်အဗစ်တွင်ရီးရဲလ်မက်ဒရစ်ဂန္ထဝင်အသင်းနှင့်ကစားတဲ့ ငြိမ်းချမ်းရေးချစ်ကြည်ရေးပွဲတွင်အံ့ဩစရာကောင်းတဲ့ခြေစွမ်းဖြင့်ကစားကာပရိသတ်များကိုလွန်ခဲ့တဲ့နှစ်ကာလများဆီသို့ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။

အင်္ဂါနေ့တုန်းကအစ္စရေးနိုင်ငံ၊တဲလ်အဗစ်ရှိ ဘလွမ်းဖီးလ်ကွင်းတွင် ရီးရဲလ်မက်ဒရစ်ဂန္ထဝင်အသင်းနှင့်ဘာစီလိုနာဂန္ထဝင်အသင်းတို့ဟာ Peace Clasico ပွဲကစားခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်ဘောလုံးလောကအကျော်အမော်ဟောင်းများဖြစ်တဲ့ရောဘတ်တိုကားလို့စ်၊လူးဝစ်ဖီဂို၊ဒေကို၊ရီဗယ်ဒိုတို့ပါဝင်ကစားခဲ့ကြပြီးနှစ်သင်းပေါင်းသွင်းဂိုး၅ဂိုးရှိခဲ့ကာပရိသတ်များအတွက်ဖျော်ဖြေမှုအပြည့်ပေးခဲ့တဲ့ပွဲလည်းဖြစ်ပါတယ်။

အထူးသဖြင့် အသက်၄၁နှစ်ရှိရော်နယ်ဒင်ဟိုဟာအသက်အရွယ်အရကြံ့ခိုင်မှုပိုင်းအကောင်းဆုံးပုံစံအနေအထားမျိုးမှာမရှိတော့ပေမယ့်လည်းသူ့ခြေထောက်ထဲသို့ဘောလုံးရောက်လာတိုင်းပရိသတ်၂၉၄၀၀ရှေ့မှောက်မှာဘောလုံးပဥ္စလက်ပညာများကိုမနားတမ်းပြသပြီးပရိသတ်များကိုဖျော်ဖြေမှုပြုလုပ်ခဲ့ပါတယ်။

ရော်နယ်ဒင်ဟိုဟာကိုဗစ်ကြောင့်တစ်နှစ်ကျော်ကာလအတွင်းပထမဆုံးကစားရတဲ့ဘာစီလိုနာဂန္ထဝင်အတွက်ပွဲစဉ်မှာတော်တော်လေးကိုပျော်ရွှင်နေတာတွေ့ရပါတယ်။

သူဟာဘာစီလိုနာဂန္ထဝင်အသင်းအတွက်အဖွင့်ဂိုးကိုပင်နယ်တီကနေတဆင့်သွင်းယူပြီးနောက်ကစားသမားဘဝတုန်းကသူ့အောင်ပွဲခံပုံစံမျိုးဖြင့်အောင်ပွဲခံခဲ့ပါသေးတယ်။

သူ့ရဲ့ကန်ချက်တစ်ကြိမ်တိုင်ထိထွက်ခဲ့သလိုရှေ့တက်နေတဲ့ရီးရဲလ်မက်ဒရစ်ဂိုးသမားကိုကျော်ပြီးအဝေးကလှမ်းကန်ချက်ဂိုးမရခဲ့လို့နစ်နာခဲ့ရပါတယ်။

ယင်းပွဲစဉ်မှာရော်နယ်ဒင်ဟိုလိုမျိုးအပြုံးမျက်နှာဖြင့်ကစားခဲ့တဲ့ကစားသမားမျိုးမရှိသလိုသူ့ခြေစွမ်းမျိုးနဲ့ကစားခဲ့တဲ့ကစားသမားလည်းမရှိခဲ့ပါဘူး။

ဒါပေမယ့်ယင်းပွဲစဉ်မှာရီးရဲလ်မက်ဒရစ်ဂန္ထဝင်အသင်းဟာပီဒရိုမြူနီတက်စ်၊အယ်ဖွန်ဆိုပီရက်ဇ်၊ရူဘင်ဒီလာရက်တို့သွင်းယူတဲ့ဂိုးဖြင့်၃-၂ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ဘာစီလိုနာအတွက်ဂိုးများကိုဂျိုဖရီနှင့်ရော်နယ်ဒင်ဟိုတို့ကသွင်းယူခဲ့ကြပါတယ်။

ရော်နယ်ဒင်ဟိုဟာ၂၀၂၀ခုနှစ်တုန်းကပါရာဂွေးသို့ပတ်စ်ပို့အတုနဲ့ဝင်ရောက်မှုနဲ့ထောင်ကျခဲ့သလိုယခုနှစ်အစောပိုင်းတုန်းကလည်းမိခင်ဖြစ်သူကိုဗစ်ကြောင့်သေဆုံးသွားလို့အခက်အခဲများစွာနှင့်ရင်ဆိုင်ခဲ့ရသူပါ။

သူဟာငွေကြေးပြဿနာများစွာကြောင့်ကုန်းကောက်စရာမရှိတဲ့အနေအထားသို့ရောက်ခဲ့ပေမယ့်လည်း၂၀၂၁ခုနှစ်မှာတော့သူဟာအပြောင်းအလဲများစွာပြုလုပ်ကာငွေကြေးရရှိရေးအတွက်အလုပ်ကြိုးစားလုပ်ဆောင်မှုနဲ့အတူယခုအခါစီးပွားရေးပိုင်းပြန်လည်ဦးမော့လာခဲ့ပြီဖြစ်ပါတယ်။

ZawGyi

ရီးရဲလ္ဂႏၴဝင္အသင္းႏွင့္ပြဲတြင္ ေဘာလုံးေလာကရဲ႕အႀကီးက်ယ္ဆုံးေဖ်ာ္ေျဖသူဆိုတာျပသခဲ့တဲ့ေရာ္နယ္ဒင္ဟို

ေရာ္နယ္ဒင္ဟိုဟာအဂၤါေန႔တုန္းကတဲလ္အဗစ္တြင္ရီးရဲလ္မက္ဒရစ္ဂႏၴဝင္အသင္းႏွင့္ကစားတဲ့ ၿငိမ္းခ်မ္းေရးခ်စ္ၾကည္ေရးပြဲတြင္အံ့ဩစရာေကာင္းတဲ့ေျခစြမ္းျဖင့္ကစားကာပရိသတ္မ်ားကိုလြန္ခဲ့တဲ့ႏွစ္ကာလမ်ားဆီသို႔ျပန္လည္ေခၚေဆာင္သြားခဲ့ပါတယ္။

အဂၤါေန႔တုန္းကအစၥေရးႏိုင္ငံ၊တဲလ္အဗစ္ရွိ ဘလြမ္းဖီးလ္ကြင္းတြင္ ရီးရဲလ္မက္ဒရစ္ဂႏၴဝင္အသင္းႏွင့္ဘာစီလိုနာဂႏၴဝင္အသင္းတို႔ဟာ Peace Clasico ပြဲကစားခဲ့ပါတယ္။

အဆိုပါပြဲစဥ္တြင္ေဘာလုံးေလာကအေက်ာ္အေမာ္ေဟာင္းမ်ားျဖစ္တဲ့ေရာဘတ္တိုကားလို႔စ္၊လူးဝစ္ဖီဂို၊ေဒကို၊ရီဗယ္ဒိုတို႔ပါဝင္ကစားခဲ့ၾကၿပီးႏွစ္သင္းေပါင္းသြင္းဂိုး၅ဂိုးရွိခဲ့ကာပရိသတ္မ်ားအတြက္ေဖ်ာ္ေျဖမႈအျပည့္ေပးခဲ့တဲ့ပြဲလည္းျဖစ္ပါတယ္။

အထူးသျဖင့္ အသက္၄၁ႏွစ္ရွိေရာ္နယ္ဒင္ဟိုဟာအသက္အ႐ြယ္အရႀကံ့ခိုင္မႈပိုင္းအေကာင္းဆုံးပုံစံအေနအထားမ်ိဳးမွာမရွိေတာ့ေပမယ့္လည္းသူ႔ေျခေထာက္ထဲသို႔ေဘာလုံးေရာက္လာတိုင္းပရိသတ္၂၉၄၀၀ေရွ႕ေမွာက္မွာေဘာလုံးပၪၥလက္ပညာမ်ားကိုမနားတမ္းျပသၿပီးပရိသတ္မ်ားကိုေဖ်ာ္ေျဖမႈျပဳလုပ္ခဲ့ပါတယ္။

ေရာ္နယ္ဒင္ဟိုဟာကိုဗစ္ေၾကာင့္တစ္ႏွစ္ေက်ာ္ကာလအတြင္းပထမဆုံးကစားရတဲ့ဘာစီလိုနာဂႏၴဝင္အတြက္ပြဲစဥ္မွာေတာ္ေတာ္ေလးကိုေပ်ာ္႐ႊင္ေနတာေတြ႕ရပါတယ္။

သူဟာဘာစီလိုနာဂႏၴဝင္အသင္းအတြက္အဖြင့္ဂိုးကိုပင္နယ္တီကေနတဆင့္သြင္းယူၿပီးေနာက္ကစားသမားဘဝတုန္းကသူ႔ေအာင္ပြဲခံပုံစံမ်ိဳးျဖင့္ေအာင္ပြဲခံခဲ့ပါေသးတယ္။

သူ႔ရဲ႕ကန္ခ်က္တစ္ႀကိမ္တိုင္ထိထြက္ခဲ့သလိုေရွ႕တက္ေနတဲ့ရီးရဲလ္မက္ဒရစ္ဂိုးသမားကိုေက်ာ္ၿပီးအေဝးကလွမ္းကန္ခ်က္ဂိုးမရခဲ့လို႔နစ္နာခဲ့ရပါတယ္။

ယင္းပြဲစဥ္မွာေရာ္နယ္ဒင္ဟိုလိုမ်ိဳးအၿပဳံးမ်က္ႏွာျဖင့္ကစားခဲ့တဲ့ကစားသမားမ်ိဳးမရွိသလိုသူ႔ေျခစြမ္းမ်ိဳးနဲ႔ကစားခဲ့တဲ့ကစားသမားလည္းမရွိခဲ့ပါဘူး။

ဒါေပမယ့္ယင္းပြဲစဥ္မွာရီးရဲလ္မက္ဒရစ္ဂႏၴဝင္အသင္းဟာပီဒ႐ိုျမဴနီတက္စ္၊အယ္ဖြန္ဆိုပီရက္ဇ္၊႐ူဘင္ဒီလာရက္တို႔သြင္းယူတဲ့ဂိုးျဖင့္၃-၂ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ဘာစီလိုနာအတြက္ဂိုးမ်ားကိုဂ်ိဳဖရီႏွင့္ေရာ္နယ္ဒင္ဟိုတို႔ကသြင္းယူခဲ့ၾကပါတယ္။

ေရာ္နယ္ဒင္ဟိုဟာ၂၀၂၀ခုႏွစ္တုန္းကပါရာေဂြးသို႔ပတ္စ္ပို႔အတုနဲ႔ဝင္ေရာက္မႈနဲ႔ေထာင္က်ခဲ့သလိုယခုႏွစ္အေစာပိုင္းတုန္းကလည္းမိခင္ျဖစ္သူကိုဗစ္ေၾကာင့္ေသဆုံးသြားလို႔အခက္အခဲမ်ားစြာႏွင့္ရင္ဆိုင္ခဲ့ရသူပါ။

သူဟာေငြေၾကးျပႆနာမ်ားစြာေၾကာင့္ကုန္းေကာက္စရာမရွိတဲ့အေနအထားသို႔ေရာက္ခဲ့ေပမယ့္လည္း၂၀၂၁ခုႏွစ္မွာေတာ့သူဟာအေျပာင္းအလဲမ်ားစြာျပဳလုပ္ကာေငြေၾကးရရွိေရးအတြက္အလုပ္ႀကိဳးစားလုပ္ေဆာင္မႈနဲ႔အတူယခုအခါစီးပြားေရးပိုင္းျပန္လည္ဦးေမာ့လာခဲ့ၿပီျဖစ္ပါတယ္။