ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီးနောက် အဝတ်အစားလဲခန်းတွင် နေမာနှင့် ဒွန်နာရမ်မာတို့ ထိုးလုနီးပါးအခြေအနေထိဖြစ်ခဲ့

ပီအက်စ်ဂျီကစားဖော်များဖြစ်ကြတဲ့နေမာနှင့်ဂီယန်လူဂီဒွန်နာရမ်မာတို့ဟာ ကြားရက်တုန်းကရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ကာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာခဲ့ရပြီးနောက်အဝတ်အစားလဲခန်းအတွင်းတွင်ပြဿနာတက်ခဲ့ကြကြောင်းသိရပါတယ်။

မော်ရီစီယိုပိုချက်တီနိုရဲ့ပီအက်စ်ဂျီဟာဘာနေဗျူးပွဲစဉ်တွင်ကိုင်လီယန်ဘက်ပေးရဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမဲ့လည်းဘန်ဇီးမားရဲ့၁၇မိနစ်အတွင်းသွင်းယူတဲ့ဟက်ထရစ်ဂိုးကြောင့်၃-၁ဖြင့်ရှုံးနိမ့်ခဲ့ပြီးနှစ်ကျော့ပေါင်းရလဒ်၃-၂ဖြင့်ချန်ပီယံလိဂ်မှထွက်ခဲ့ရပါတယ်။

ပွဲအပြီးတွင်နေမာဟာအဝတ်အစားလဲခန်းသို့ရောက်ချိန်တွင် ဘန်ဇီးမားသွင်းယူတဲ့ချေပဂိုးနှင့်ပတ်သက်ပြီးဒွန်နာရမ်မာကိုအပြစ်တင်မှုပြုလုပ်ခဲ့ပါတယ်။ဘန်ဇီးမားရဲ့ပထမဂိုးကဒွန်နာရမ်မာရဲ့ဘောလုံးရှင်းထုတ်ရန်တုံ့ဆိုင်းနေမှုကြောင့်ပေးလိုက်ရတာပါ။

ဒါပေမဲ့ဒွန်နာရမ်မာကလည်းဘန်ဇီးမားရဲ့ဒုတိယဂိုးမှာနေမာရဲ့အလွယ်တကူ ဘောလုံးဆုံးရှုံးမှုကြောင့်လို့ပြန်လည်လက်ညှိုးထိုးခဲ့ပါတယ်။

စပိန်သတင်းစာ Marca ရဲ့ဖော်ပြချက်အရနေမာနှင့်ဒွန်နာရမ်မာတို့ဟာတစ်ဦးတစ်ဦးထထိုးလုနီးပါးဖြစ်ခဲ့ပေမဲ့ကစားဖော်များဝင်ရောက်ထိန်းသိမ်းမှုနဲ့အတူ ထိုးတဲ့အထိမဖြစ်ခဲ့ပါဘူး။

အဆိုပါပွဲအပြီးတွင်ပီအက်စ်ဂျီအသင်းပိုင်ရှင်နက်စ်ဆာအယ်ခီလိုင်ဖီနှင့်အားကစားဒါရိုက်တာလီယိုနာဒိုတို့ဟာလည်းဒိုင်လူကြီးအဝတ်အစားလဲခန်းအတွင်းသို့ဝင်ရောက်ကာပစ္စည်းများကိုဖျက်ဆီးမှုပြုလုပ်ခဲ့ကြပါတယ်။

Zawgyi

ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ၿပီးေနာက္ အဝတ္အစားလဲခန္းတြင္ ေနမာႏွင့္ ဒြန္နာရမ္မာတို႔ ထိုးလုနီးပါးအေျခအေနထိျဖစ္ခဲ့

ပီအက္စ္ဂ်ီကစားေဖာ္မ်ားျဖစ္ၾကတဲ့ေနမာႏွင့္ဂီယန္လူဂီဒြန္နာရမ္မာတို႔ဟာ ၾကားရက္တုန္းကရီးရဲလ္မက္ဒရစ္ကိုရႈံးနိမ့္ကာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မွထြက္ခြာခဲ့ရၿပီးေနာက္အဝတ္အစားလဲခန္းအတြင္းတြင္ျပႆနာတက္ခဲ့ၾကေၾကာင္းသိရပါတယ္။

ေမာ္ရီစီယိုပိုခ်က္တီႏိုရဲ႕ပီအက္စ္ဂ်ီဟာဘာေနဗ်ဴးပြဲစဥ္တြင္ကိုင္လီယန္ဘက္ေပးရဲ႕ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ေပမဲ့လည္းဘန္ဇီးမားရဲ႕၁၇မိနစ္အတြင္းသြင္းယူတဲ့ဟက္ထရစ္ဂိုးေၾကာင့္၃-၁ျဖင့္ရႈံးနိမ့္ခဲ့ၿပီးႏွစ္ေက်ာ့ေပါင္းရလဒ္၃-၂ျဖင့္ခ်န္ပီယံလိဂ္မွထြက္ခဲ့ရပါတယ္။

ပြဲအၿပီးတြင္ေနမာဟာအဝတ္အစားလဲခန္းသို႔ေရာက္ခ်ိန္တြင္ ဘန္ဇီးမားသြင္းယူတဲ့ေခ်ပဂိုးႏွင့္ပတ္သက္ၿပီးဒြန္နာရမ္မာကိုအျပစ္တင္မႈျပဳလုပ္ခဲ့ပါတယ္။ဘန္ဇီးမားရဲ႕ပထမဂိုးကဒြန္နာရမ္မာရဲ႕ေဘာလုံးရွင္းထုတ္ရန္တုံ႔ဆိုင္းေနမႈေၾကာင့္ေပးလိုက္ရတာပါ။

ဒါေပမဲ့ဒြန္နာရမ္မာကလည္းဘန္ဇီးမားရဲ႕ဒုတိယဂိုးမွာေနမာရဲ႕အလြယ္တကူ ေဘာလုံးဆုံးရႈံးမႈေၾကာင့္လို႔ျပန္လည္လက္ညႇိဳးထိုးခဲ့ပါတယ္။

စပိန္သတင္းစာ Marca ရဲ႕ေဖာ္ျပခ်က္အရေနမာႏွင့္ဒြန္နာရမ္မာတို႔ဟာတစ္ဦးတစ္ဦးထထိုးလုနီးပါးျဖစ္ခဲ့ေပမဲ့ကစားေဖာ္မ်ားဝင္ေရာက္ထိန္းသိမ္းမႈနဲ႔အတူ ထိုးတဲ့အထိမျဖစ္ခဲ့ပါဘူး။

အဆိုပါပြဲအၿပီးတြင္ပီအက္စ္ဂ်ီအသင္းပိုင္ရွင္နက္စ္ဆာအယ္ခီလိုင္ဖီႏွင့္အားကစားဒါ႐ိုက္တာလီယိုနာဒိုတို႔ဟာလည္းဒိုင္လူႀကီးအဝတ္အစားလဲခန္းအတြင္းသို႔ဝင္ေရာက္ကာပစၥည္းမ်ားကိုဖ်က္ဆီးမႈျပဳလုပ္ခဲ့ၾကပါတယ္။