
မာယော့ကာအသင်းခေါင်းဆောင်အန်တိုနီယိုဟိုဆေးရိုင်လိုဟာရီးရဲလ်မက်ဒရစ်ကို၁-၀ဂိုးဖြင့်အနိုင်ရရှိပြီးနောက်သူ့အသင်းလိုဂိုအားနမ်းရန်ဗီနီရှပ်စ်ဂျူနီယာကိုပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာပထမပိုင်းတွင်နာချိုဖာနန်ဒက်ဇ်ရဲ့OG ဂိုးကြောင့်ယခုရာသီတတိယမြောက်ရှုံးပွဲအဖြစ်မာယော့ကာကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာမာယော့ကာရှုံးပွဲကြောင့်ထိပ်ဆုံးမှဘာစီလိုနာနှင့်ရမှတ်၈မှတ်အထိကွာဟသွားခဲ့ပါတယ်။
ပထမပိုင်းအပြီးတွင်ဗီနီရှပ်စ်ဂျူနီယာဟာဥမင်လှိုဏ်ခေါင်းသို့မဝင်မီ ရီးရဲလ်မက်ဒရစ်လိုဂိုကိုညွှန်ပြကာမာယော့ကာပရိသတ်များကိုဒေါသထွက်အောင်လုပ်ခဲ့ပါတယ်။
ယင်းနောက်မှာတော့အက်စ်ပန်ညိုစတားဟောင်းရိုင်လိုဟာမာယော့ကာလိုဂိုအားနမ်းရန်ပြောကြားပြီးဗီနီရှပ်စ်အားအနာပေါ်ဆားကျသလိုဖြစ်အောင်လုပ်ခဲ့ပါတယ်။
ဗီနီရှပ်စ်ဟာရိုင်လိုရဲ့အပြုအမူအပေါ်တွင်အကြီးအကျယ်ဒေါသထွက်နေခဲ့တာလည်းတွေ့ရပါတယ်။
ဗီနီရှပ်စ်ဟာမာယော့ကာနှင့်ပွဲတွင်ပြစ်ဒဏ်ကျူးလွန်မှု၁၀ကြိမ်အထိပြုလုပ်ခြင်းခံခဲ့ရပြီး၂၀၁၃ခုနှစ်၊ဩဂုတ်လတုန်းကဘက်တစ်နှင့်ပွဲတွင်အစ္စကို ပြစ်ဒဏ်ကျူးလွန်မှုခံရပြီးနောက်ပိုင်း လာလီဂါပွဲတစ်ပွဲတည်းတွင်ပြစ်ဒဏ်ကျူးလွန်မှုအခံရဆုံးကစားသမားဖြစ်ခဲ့ပါတယ်။
ZawGyi
ရီးရဲလ်မက်ဒရစ်ကို အနိုင်ရပြီးနောက် အသင်းလိုဂိုအား နမ်းရန် ဗီနီရှပ်စ်ကို မာယော့ကာအသင်းခေါင်းဆောင်ပြောကြားခဲ့