ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကို ပေါင် ၂၅ သန်းဖြင့်ခေါ်ယူပြီး အသင်းကို အပြီးပြည့်စုံဆုံးပြောင်းလဲမှုစတင်ရန် နယူးကာဆယ်စီစဉ်

နယူးကာဆယ်ဟာရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားတိုနီခရူးစ်ကို ဆော်ဒီအသင်းပိုင်ရှင်သစ်လက်ထက်ပထမဆုံးခေါ်ယူမှုအဖြစ်ခေါ်ယူရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။

ဆော်ဒီပိုင်ရှင်သစ်များလက်အောက်မှာကမ္ဘာ့အချမ်းသာဆုံးကလပ်ဖြစ်လာတဲ့နယူးကာဆယ်ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ပြောင်းရွှေ့ကြေးများစွာအသုံးပြုပြီးကစားသမားခေါ်ယူအားဖြည့်ရန်စီစဉ်နေပါတယ်။

နယူးကာဆယ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၁၉နေရာတွင် ရောက်နေပေမယ့်ဇန်နဝါရီအပြောင်းအရွှေ့တွင်ကစားသမားသစ်အားဖြည့်ပြီးပရီးမီးယားလိဂ်တွင်တင်ကျန်ရေးလုပ်ဆောင်သွားပါမယ်။

El Nacional ရဲ့ဖော်ပြချက်အရနယူးကာဆယ်ဟာသူတို့ရဲ့အရေးပါတဲ့ပစ်မှတ်များထဲမှတစ်ဦးဖြစ်တဲ့ဂျာမနီလက်ရွေးစင်ဟောင်းတိုနီခရူးစ်ရေးအစွမ်းကုန်ကြိုးပမ်းရန်အသင့်ဖြစ်နေကြောင်းသိရပါတယ်။

နယူးကာဆယ်ဟာဆုဖလားမရရှိလာခဲ့သည်မှာ၆၆နှစ်တိုင်တိုင်ရှိပြီဖြစ်ပြီး တိုနီခရူးစ်ကို၎င်းတို့ရဲ့ဆုဖလားရရှိရေးစီမံကိန်းတွင်အရေးအပါဆုံးသူအဖြစ်သတ်မှတ်ထားပါတယ်။

အသက်၃၁နှစ်ရှိတိုနီခရူးစ်ဟာဘိုင်ယန်၊ရီးရဲလ်မက်ဒရစ်တို့နှင့်အတူလိဂ်ဖလားများဆွတ်ခူးခဲ့တဲ့အပြင်ချန်ပီယံလိဂ်ဖလား၄ကြိမ်ဆွတ်ခူးထားပါတယ်။သူဟာဂျာမနီနှင့်အတူ၂၀၁၄ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ပြီးယခုနှစ်အစောပိုင်းတုန်းကလက်ရွေးစင်ကစားသမားဘဝမှအနားယူခဲ့ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်တွင်အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ်ရှိနေဆဲဖြစ်ပြီးပုံမှန်ကစားခွင့်ရရှိနေဆဲဖြစ်ပါတယ်။သူကိုယ်တိုင်ကရီးရဲလ်မက်ဒရစ်တွင်ကစားသမားဘဝမှအနားယူလိုနေရာနယူးကာဆယ်အနေဖြင့်သူ့ကိုခေါ်ယူရေးလုပ်ဆောင်မူမှာအိပ်မက်လိုပဲလက်တွေ့ဖြစ်လာဖို့ကခက်ခဲပါတယ်။

ZawGyi

ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ကို ေပါင္ ၂၅ သန္းျဖင့္ေခၚယူၿပီး အသင္းကို အၿပီးျပည့္စုံဆုံးေျပာင္းလဲမႈစတင္ရန္ နယူးကာဆယ္စီစဥ္

နယူးကာဆယ္ဟာရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမားတိုနီခ႐ူးစ္ကို ေဆာ္ဒီအသင္းပိုင္ရွင္သစ္လက္ထက္ပထမဆုံးေခၚယူမႈအျဖစ္ေခၚယူရန္စိတ္ဝင္စားေနေၾကာင္းသိရပါတယ္။

ေဆာ္ဒီပိုင္ရွင္သစ္မ်ားလက္ေအာက္မွာကမာၻ႔အခ်မ္းသာဆုံးကလပ္ျဖစ္လာတဲ့နယူးကာဆယ္ဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ ေျပာင္းေ႐ႊ႕ေၾကးမ်ားစြာအသုံးျပဳၿပီးကစားသမားေခၚယူအားျဖည့္ရန္စီစဥ္ေနပါတယ္။

နယူးကာဆယ္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၁၉ေနရာတြင္ ေရာက္ေနေပမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ကစားသမားသစ္အားျဖည့္ၿပီးပရီးမီးယားလိဂ္တြင္တင္က်န္ေရးလုပ္ေဆာင္သြားပါမယ္။

El Nacional ရဲ႕ေဖာ္ျပခ်က္အရနယူးကာဆယ္ဟာသူတို႔ရဲ႕အေရးပါတဲ့ပစ္မွတ္မ်ားထဲမွတစ္ဦးျဖစ္တဲ့ဂ်ာမနီလက္ေ႐ြးစင္ေဟာင္းတိုနီခ႐ူးစ္ေရးအစြမ္းကုန္ႀကိဳးပမ္းရန္အသင့္ျဖစ္ေနေၾကာင္းသိရပါတယ္။

နယူးကာဆယ္ဟာဆုဖလားမရရွိလာခဲ့သည္မွာ၆၆ႏွစ္တိုင္တိုင္ရွိၿပီျဖစ္ၿပီး တိုနီခ႐ူးစ္ကို၎တို႔ရဲ႕ဆုဖလားရရွိေရးစီမံကိန္းတြင္အေရးအပါဆုံးသူအျဖစ္သတ္မွတ္ထားပါတယ္။

အသက္၃၁ႏွစ္ရွိတိုနီခ႐ူးစ္ဟာဘိုင္ယန္၊ရီးရဲလ္မက္ဒရစ္တို႔ႏွင့္အတူလိဂ္ဖလားမ်ားဆြတ္ခူးခဲ့တဲ့အျပင္ခ်န္ပီယံလိဂ္ဖလား၄ႀကိမ္ဆြတ္ခူးထားပါတယ္။သူဟာဂ်ာမနီႏွင့္အတူ၂၀၁၄ကမာၻ႔ဖလားဆြတ္ခူးခဲ့ၿပီးယခုႏွစ္အေစာပိုင္းတုန္းကလက္ေ႐ြးစင္ကစားသမားဘဝမွအနားယူခဲ့ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္တြင္အေရးပါတဲ့ကစားသမားတစ္ဦးအျဖစ္ရွိေနဆဲျဖစ္ၿပီးပုံမွန္ကစားခြင့္ရရွိေနဆဲျဖစ္ပါတယ္။သူကိုယ္တိုင္ကရီးရဲလ္မက္ဒရစ္တြင္ကစားသမားဘဝမွအနားယူလိုေနရာနယူးကာဆယ္အေနျဖင့္သူ႔ကိုေခၚယူေရးလုပ္ေဆာင္မူမွာအိပ္မက္လိုပဲလက္ေတြ႕ျဖစ္လာဖို႔ကခက္ခဲပါတယ္။