ရီးရဲလ်မက်ဒရစ်စတားကို ပေါင် ၃၄သန်းအပြင် လုပ်ခများစွာတိုးမြှင့်ပြီး ချဲလ်ဆီးကမ်းလှမ်း

ချဲလ်ဆီးဟာရီးရဲလ်မက်ဒရစ်ဗဟိုနောက်ခံလူအီဒါမီလီတုန်းကိုခေါ်ယူရန်ပြောင်းရွှေ့ကြေးပေါင်၃၄သန်းဖြင့်ကမ်းလှမ်းမှုပြုလုပ်လိုက်ကြောင်းသိရပါတယ်။ဒါ့အပြင်လန်ဒန်အခြေစိုက်ကလပ်ဟာဘရာဇီးနောက်ခံလူကိုလည်းလုပ်ခများစွာတိုးမြှင့်ပေးရန်အသင့်ရှိနေကြောင်းသိရပါတယ်။

ချဲလ်ဆီးဟာအင်ဒရေခရစ်တင်ဆင်နှင့်အန်တိုနီယိုရူဒီဂါတို့အားစာချုပ်သစ်ချုပ်ဆိုရန်အဆင်မပြေဖြစ်ပြီးနောက်နောက်ခံလူသစ်ရှာဖွေနေပါတယ်။ဒါ့အပြင်အသက်၃၇နှစ်ရှိပြီဖြစ်တဲ့တီယာဂိုဆေးလ်ဗားမှာလည်းရာသီအကုန်တွင်ထွက်ခွာဖို့ရှိနေပါတယ်။ခရစ်တင်ဆင်နှင့်ရူဒီဂါတို့မှာယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူများဖြစ်ပါတယ်။

El National ရဲ့ဖော်ပြချက်အရချဲလ်ဆီးဟာရာမို့စ်နှင့်ဗာရိန်းတို့ထွက်ခွာသွားပြီးနောက်ရီးရဲလ်မက်ဒရစ်တွင်ပုံမှန်ပွဲထွက်ခွာရလာတဲ့မီလီတုန်းကိုခေါ်ယူရန်ဆန္ဒရှိနေကြောင်းသိရပါတယ်။

သူဟာယခုရာသီတွင်ရီးရဲလ်မက်ဒရစ်ရဲ့လာလီဂါပွဲ၁၂ပွဲလုံးပွဲထွက်ကစားခွင့်ရထားသူဖြစ်ပါတယ်။

အသက်၂၃နှစ်ရှိမီလီတုန်းဟာရီးရဲလ်မက်ဒရစ်နှင့်၂၀၂၅ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပေမယ့်ချဲလ်ဆီးကသူ့ကိုစတမ်းဖို့ဒ်ဘရစ်ချ်သို့လာရောက်အောင်ဆွဲဆောင်နိုင်မယ်လို့ယုံကြည်နေပါတယ်။

သောမတ်စ်တူချယ်ကမီလီတုန်းမှာအမြင့်ဘောရှင်းလင်းထုတ်မှုကောင်းမွန်ခြင်း၊ဘောလုံးကျွမ်းကျင်မှုတို့ကြောင့်သူ့ရဲ့သုံးယောက်တန်း နောက်တန်းစနစ်တွင်အံဝင်မယ်လို့ယုံကြည်နေပါတယ်။

မီလီတုန်းဟာ၂၀၁၉ခုနှစ်တုန်းကပေါ်တိုမှရီးရဲလ်မက်ဒရစ်သို့ပေါင်၄၃.၅သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်တွင်နေရာအခိုင်အမာရယူလာမှုနဲ့အတူဘရာဇီးအသင်းတွင်လည်းပုံမှန်ကစားခွင့်ရရှိနေပါတယ်။

ZawGyi

ရီးရဲလ္မက္ဒရစ္စတားကို ေပါင္ ၃၄သန္းအျပင္ လုပ္ခမ်ားစြာတိုးျမႇင့္ၿပီး ခ်ဲလ္ဆီးကမ္းလွမ္း

ခ်ဲလ္ဆီးဟာရီးရဲလ္မက္ဒရစ္ဗဟိုေနာက္ခံလူအီဒါမီလီတုန္းကိုေခၚယူရန္ေျပာင္းေ႐ႊ႕ေၾကးေပါင္၃၄သန္းျဖင့္ကမ္းလွမ္းမႈျပဳလုပ္လိုက္ေၾကာင္းသိရပါတယ္။ဒါ့အျပင္လန္ဒန္အေျခစိုက္ကလပ္ဟာဘရာဇီးေနာက္ခံလူကိုလည္းလုပ္ခမ်ားစြာတိုးျမႇင့္ေပးရန္အသင့္ရွိေနေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးဟာအင္ဒေရခရစ္တင္ဆင္ႏွင့္အန္တိုနီယို႐ူဒီဂါတို႔အားစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အဆင္မေျပျဖစ္ၿပီးေနာက္ေနာက္ခံလူသစ္ရွာေဖြေနပါတယ္။ဒါ့အျပင္အသက္၃၇ႏွစ္ရွိၿပီျဖစ္တဲ့တီယာဂိုေဆးလ္ဗားမွာလည္းရာသီအကုန္တြင္ထြက္ခြာဖို႔ရွိေနပါတယ္။ခရစ္တင္ဆင္ႏွင့္႐ူဒီဂါတို႔မွာယခုရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္သူမ်ားျဖစ္ပါတယ္။

El National ရဲ႕ေဖာ္ျပခ်က္အရခ်ဲလ္ဆီးဟာရာမို႔စ္ႏွင့္ဗာရိန္းတို႔ထြက္ခြာသြားၿပီးေနာက္ရီးရဲလ္မက္ဒရစ္တြင္ပုံမွန္ပြဲထြက္ခြာရလာတဲ့မီလီတုန္းကိုေခၚယူရန္ဆႏၵရွိေနေၾကာင္းသိရပါတယ္။

သူဟာယခုရာသီတြင္ရီးရဲလ္မက္ဒရစ္ရဲ႕လာလီဂါပြဲ၁၂ပြဲလုံးပြဲထြက္ကစားခြင့္ရထားသူျဖစ္ပါတယ္။

အသက္၂၃ႏွစ္ရွိမီလီတုန္းဟာရီးရဲလ္မက္ဒရစ္ႏွင့္၂၀၂၅ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားေပမယ့္ခ်ဲလ္ဆီးကသူ႔ကိုစတမ္းဖို႔ဒ္ဘရစ္ခ်္သို႔လာေရာက္ေအာင္ဆြဲေဆာင္ႏိုင္မယ္လို႔ယုံၾကည္ေနပါတယ္။

ေသာမတ္စ္တူခ်ယ္ကမီလီတုန္းမွာအျမင့္ေဘာရွင္းလင္းထုတ္မႈေကာင္းမြန္ျခင္း၊ေဘာလုံးကြၽမ္းက်င္မႈတို႔ေၾကာင့္သူ႔ရဲ႕သုံးေယာက္တန္း ေနာက္တန္းစနစ္တြင္အံဝင္မယ္လို႔ယုံၾကည္ေနပါတယ္။

မီလီတုန္းဟာ၂၀၁၉ခုႏွစ္တုန္းကေပၚတိုမွရီးရဲလ္မက္ဒရစ္သို႔ေပါင္၄၃.၅သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္တြင္ေနရာအခိုင္အမာရယူလာမႈနဲ႔အတူဘရာဇီးအသင္းတြင္လည္းပုံမွန္ကစားခြင့္ရရွိေနပါတယ္။