ရီးရဲလ်မက်ဒရစ်တွင် ဆက်ရှိနေရန် ဂျိုဗစ်ဆန္ဒရှိနေ

လူကာဂျိုဗစ်ဟာလာမယ့်ဘောလုံးရာသီတွင်ရီးရဲလ်မက်ဒရစ်တွင်ပင်ဆက်လက်ကစားလိုနေကြောင်းသိရပါတယ်။

ဆားဘီးယားတိုက်စစ်မှူးဟာလွန်ခဲ့တဲ့နှစ်ရာသီတုန်းကဖရန့်ဖတ်မှဘာနေဗျူးသို့ရောက်လာပြီးနောက်ပွဲထွက်ကစားခွင့်ရရှိရေးအတွက်ရုန်းကန်လာခဲ့ရသူဖြစ်ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်တွင်ကစားစဉ်ကာလအတွင်းတွင်လာလီဂါပွဲ၁၇ပွဲတည်းသာကစားခွင့်ရရှိခဲ့ရာမှာ၄ပွဲတည်းသာပွဲထွက်ခွင့်ရခဲ့သူလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းသူဟာပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းကအသင်းဟောင်းဖရန့်ဖတ်သို့အငှားဖြင့်ပြောင်းကစားခဲ့ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်တွင်ရုန်းကန်နေရသော်လည်းလာမယ့်ရာသီတွင်အသင်းရဲ့အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်လာနိုင်တယ်လို့ယုံကြည်နေပါတယ်။

အထူးသဖြင့်သူဟာအီတလီလူမျိုးနည်းပြကာလိုအန်ဆယ်လော့တီရဲ့လမ်းညွှန်မှုကြောင့်အကောင်းဆုံးပုံစံရရှိလာမယ်လို့ယုံကြည်နေပါတယ်။အန်ဆယ်လော့တီဟာ၂၀၁၈-၁၉ရာသီတုန်းကနာပိုလီကိုကိုင်တွယ်တုန်းကဂျိုဗစ်ကိုခေါ်ယူဖို့ကြိုးပမ်းခဲ့ဖူးပါတယ်။

အသက်၂၃နှစ်ရှိလူကာဂျိုဗစ်ဟာပြီးခဲ့တဲ့ရာသီဝက်တုန်းကဖရန့်ဖတ်သို့အငှားဖြင့်သွားကစားစဉ်တုန်းကဘွန်ဒက်စ်လီဂါပွဲ၁၈ပွဲကစားခဲ့ရာမှာ၄ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ZawGyi

ရီးရဲလ္မက္ဒရစ္တြင္ ဆက္ရွိေနရန္ ဂ်ိဳဗစ္ဆႏၵရွိေန

လူကာဂ်ိဳဗစ္ဟာလာမယ့္ေဘာလုံးရာသီတြင္ရီးရဲလ္မက္ဒရစ္တြင္ပင္ဆက္လက္ကစားလိုေနေၾကာင္းသိရပါတယ္။

ဆားဘီးယားတိုက္စစ္မႉးဟာလြန္ခဲ့တဲ့ႏွစ္ရာသီတုန္းကဖရန႔္ဖတ္မွဘာေနဗ်ဴးသို႔ေရာက္လာၿပီးေနာက္ပြဲထြက္ကစားခြင့္ရရွိေရးအတြက္႐ုန္းကန္လာခဲ့ရသူျဖစ္ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္တြင္ကစားစဥ္ကာလအတြင္းတြင္လာလီဂါပြဲ၁၇ပြဲတည္းသာကစားခြင့္ရရွိခဲ့ရာမွာ၄ပြဲတည္းသာပြဲထြက္ခြင့္ရခဲ့သူလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းသူဟာၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကအသင္းေဟာင္းဖရန႔္ဖတ္သို႔အငွားျဖင့္ေျပာင္းကစားခဲ့ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္တြင္႐ုန္းကန္ေနရေသာ္လည္းလာမယ့္ရာသီတြင္အသင္းရဲ႕အေရးပါတဲ့ကစားသမားတစ္ဦးျဖစ္လာႏိုင္တယ္လို႔ယုံၾကည္ေနပါတယ္။

အထူးသျဖင့္သူဟာအီတလီလူမ်ိဳးနည္းျပကာလိုအန္ဆယ္ေလာ့တီရဲ႕လမ္းၫႊန္မႈေၾကာင့္အေကာင္းဆုံးပုံစံရရွိလာမယ္လို႔ယုံၾကည္ေနပါတယ္။အန္ဆယ္ေလာ့တီဟာ၂၀၁၈-၁၉ရာသီတုန္းကနာပိုလီကိုကိုင္တြယ္တုန္းကဂ်ိဳဗစ္ကိုေခၚယူဖို႔ႀကိဳးပမ္းခဲ့ဖူးပါတယ္။

အသက္၂၃ႏွစ္ရွိလူကာဂ်ိဳဗစ္ဟာၿပီးခဲ့တဲ့ရာသီဝက္တုန္းကဖရန႔္ဖတ္သို႔အငွားျဖင့္သြားကစားစဥ္တုန္းကဘြန္ဒက္စ္လီဂါပြဲ၁၈ပြဲကစားခဲ့ရာမွာ၄ဂိုးသြင္းႏိုင္ခဲ့ပါတယ္။