ရီးရဲလ်မက်ဒရစ်တွင် ဒဏ်ရာနှင့်နပန်းလုံးနေရတဲ့ အေဒင်ဟာဇက် လုပ်ခဘယ်လောက်ရလဲ ထွက်ပေါ်လာ

ရီးရဲလ်မက်ဒရစ်ဟာဒဏ်ရာပြဿနာများနှင့်ရုန်းကန်နေရတဲ့အေဒင်ဟာဇက်အတွက်လုပ်ခဘယ်လောက် ပေးနေရသလဲဆိုတာထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်စတားဟာရီးရဲလ်မက်ဒရစ်အသင်းမှာတစ်ပတ်လုပ်ခပေါင်၄၁၆၀၀၀ရရှိနေပြီး လက်ရှိအချိန်ရီးရဲလ်မက်ဒရစ်တွင်ကစားနေတဲ့ကစားသမားများထဲမှာလုပ်ခအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။သူဟာ၂၀၁၉ခုနှစ်၊ဇူလိုင်လတွင်ချဲလ်ဆီးမှပြောင်းလာပြီးနောက်ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရကာလာလီဂါပွဲ၂၄ပွဲတည်းသာကစားထားနိုင်တဲ့အပြင်လိဂ်ဂိုး၃ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။

ဟာဇက်ပြီးလျှင်ရီးရဲလ်မက်ဒရစ်ရဲ့ဒုတိယလုပ်ခအများဆုံးကစားသမားအဖြစ်အသင်းခေါင်းဆောင်ဆာဂျီယိုရာ မို့စ်ကပေါင်၃၁၂၀၀၀ဖြင့်ရပ်တည်နေပြီးသူ့နောက်တွင်တိုနီခရူးစ်(ပေါင်၂၁၀၀၀၀)၊လူကာမိုဒရစ်(ပေါင်၂၁၀၀၀၀)၊ ကာရမ်ဘန်ဇီးမား(ပေါင်၁၆၆၀၀၀)တို့ရရှိနေပါတယ်။

တကယ်တော့ရီးရဲလ်မက်ဒရစ်မှာလုပ်ခအများဆုံးရရှိနေတဲ့သူကဂါရတ်ဘေးလ်ဖြစ်ပါတယ်။စပါးစ်မှာအငှားဖြင့် သွားကစားနေတဲ့ဘေးလ်ဟာတစ်ပတ်လုပ်ခပေါင်၆၅၀၀၀၀အထိရရှိနေတာပါ။ရီးရဲလ်မက်ဒရစ်ဟာကိုဗစ်ကြောင့် ဝင်ငွေကျဆင်းမှုနဲ့အတူအသုံးစရိတ်လျှော့ချတဲ့အနေဖြင့်ဘေးလ်ကိုစပါးစ်သို့အငှားချထားတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာလုပ်ခလျှော့ချတဲ့အနေဖြင့်တစ်ပတ်လုပ်ခပေါင်၁၀၀၀၀၀ကျော်ပေးနေရတဲ့တိုက်စစ်မှူးဂျိုဗစ်ကိုလည်း အသင်းဟောင်းဖရန့်ဖတ်သို့အငှားချထားပါတယ်။

ZawGyi

ရီးရဲလ္မက္ဒရစ္တြင္ ဒဏ္ရာႏွင့္နပန္းလုံးေနရတဲ့ ေအဒင္ဟာဇက္ လုပ္ခဘယ္ေလာက္ရလဲ ထြက္ေပၚလာ

ရီးရဲလ္မက္ဒရစ္ဟာဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ေနရတဲ့ေအဒင္ဟာဇက္အတြက္လုပ္ခဘယ္ေလာက္ ေပးေနရသလဲဆိုတာထြက္ေပၚလာၿပီ ျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္စတားဟာရီးရဲလ္မက္ဒရစ္အသင္းမွာတစ္ပတ္လုပ္ခေပါင္၄၁၆၀၀၀ရရွိေနၿပီး လက္ရွိအခ်ိန္ရီးရဲလ္မက္ဒရစ္တြင္ကစားေနတဲ့ကစားသမားမ်ားထဲမွာလုပ္ခအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။သူဟာ၂၀၁၉ခုႏွစ္၊ဇူလိုင္လတြင္ခ်ဲလ္ဆီးမွေျပာင္းလာၿပီးေနာက္ဒဏ္ရာျပႆနာမ်ားႏွင့္ ႐ုန္းကန္ေနရကာလာလီဂါပြဲ၂၄ပြဲတည္းသာကစားထားႏိုင္တဲ့အျပင္လိဂ္ဂိုး၃ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။

ဟာဇက္ၿပီးလွ်င္ရီးရဲလ္မက္ဒရစ္ရဲ႕ဒုတိယလုပ္ခအမ်ားဆုံးကစားသမားအျဖစ္အသင္းေခါင္းေဆာင္ဆာဂ်ီယိုရာ မို႔စ္ကေပါင္၃၁၂၀၀၀ျဖင့္ရပ္တည္ေနၿပီးသူ႔ေနာက္တြင္တိုနီခ႐ူးစ္(ေပါင္၂၁၀၀၀၀)၊လူကာမိုဒရစ္(ေပါင္၂၁၀၀၀၀)၊ ကာရမ္ဘန္ဇီးမား(ေပါင္၁၆၆၀၀၀)တို႔ရရွိေနပါတယ္။

တကယ္ေတာ့ရီးရဲလ္မက္ဒရစ္မွာလုပ္ခအမ်ားဆုံးရရွိေနတဲ့သူကဂါရတ္ေဘးလ္ျဖစ္ပါတယ္။စပါးစ္မွာအငွားျဖင့္ သြားကစားေနတဲ့ေဘးလ္ဟာတစ္ပတ္လုပ္ခေပါင္၆၅၀၀၀၀အထိရရွိေနတာပါ။ရီးရဲလ္မက္ဒရစ္ဟာကိုဗစ္ေၾကာင့္ ဝင္ေငြက်ဆင္းမႈနဲ႔အတူအသုံးစရိတ္ေလွ်ာ့ခ်တဲ့အေနျဖင့္ေဘးလ္ကိုစပါးစ္သို႔အငွားခ်ထားတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာလုပ္ခေလွ်ာ့ခ်တဲ့အေနျဖင့္တစ္ပတ္လုပ္ခေပါင္၁၀၀၀၀၀ေက်ာ္ေပးေနရတဲ့တိုက္စစ္မႉးဂ်ိဳဗစ္ကိုလည္း အသင္းေဟာင္းဖရန႔္ဖတ္သို႔အငွားခ်ထားပါတယ္။