ရီးရဲလ်မက်ဒရစ်တွင် ရာမို့စ်ရဲ့ကျောနံပါတ် ၄ ကို ဆက်ခံသွားမယ့် အလာဘာ

ရီးရဲလ်မက်ဒရစ်နောက်ခံလူသစ်ဒေးဗစ်အလာဘာဟာဘာနေဗျူးတွင်ဂန္ထဝင်နောက်ခံလူဆာဂျီယိုရာမို့စ်ဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၄ကိုဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့မေလကတည်းကဘိုင်ယန်မြူးနစ်မှရီးရဲလ်မက်ဒရစ်သို့ပြောင်းရန်သဘောတူညီမှုရရှိထားတဲ့အလာဘာဟာရီးရဲလ်မက်ဒရစ်သို့ပြောင်းရေးအပြီးသတ်လုပ်ဆောင်ရန်အတွက်ဆေးစစ်မှုခံယူခဲ့ပါတယ်။သူဟာဆေးစစ်မှုအောင်မြင်ပြီးနောက်ရီးရဲလ်မက်ဒရစ်ကစားသမားအဖြစ်မိတ်ဆက်ခဲ့ပြီးကျောနံပါတ်၄ကိုဝတ်ဆင်သွားမှာဖြစ်ကြောင်းကြေညာလာပါတယ်။

အသက်၂၉နှစ်ရှိအလာဘာက “ဒီနေ့ကကျွန်တော့်ကစားသမားဘဝအတွက်ကြီးကျယ်တဲ့နေ့တစ်နေ့ပါ။အရမ်းကိုစိတ်လှုပ်ရှားရပါတယ်။ရီးရဲလ်မက်ဒရစ်ရဲ့ဝတ်စုံအဖြူကိုဝတ်ဆင်ခွင့်ရတဲ့အတွက်အရမ်းဂုဏ်ယူပါတယ်။ကျွန်တော်တို့အတူလက်တွဲပြီးအောင်မြင်မှုတွေရယူနိုင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အလာဘာဟာကစားသမားဘဝတစ်ခုလုံးကိုဘိုင်ယန်မြူးနစ်တွင်သာကုန်ဆုံးလာခဲ့သူဖြစ်ပြီးချန်ပီယံလိဂ်ဖလားအပါအဝင်ဆုဖလား၂၈လုံးဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာစာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်ပီအက်စ်ဂျီသို့ထွက်ခွာသွားတဲ့ရာမို့စ်နေရာတွင်တိုက်ရိုက်အစားထိုးရန်အလာဘာကိုခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

 

ZawGyi

ရီးရဲလ္မက္ဒရစ္တြင္ ရာမို႔စ္ရဲ႕ေက်ာနံပါတ္ ၄ ကို ဆက္ခံသြားမယ့္ အလာဘာ

ရီးရဲလ္မက္ဒရစ္ေနာက္ခံလူသစ္ေဒးဗစ္အလာဘာဟာဘာေနဗ်ဴးတြင္ဂႏၴဝင္ေနာက္ခံလူဆာဂ်ီယိုရာမို႔စ္ဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၄ကိုဝတ္ဆင္ကစားသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

ၿပီးခဲ့တဲ့ေမလကတည္းကဘိုင္ယန္ျမဴးနစ္မွရီးရဲလ္မက္ဒရစ္သို႔ေျပာင္းရန္သေဘာတူညီမႈရရွိထားတဲ့အလာဘာဟာရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေရးအၿပီးသတ္လုပ္ေဆာင္ရန္အတြက္ေဆးစစ္မႈခံယူခဲ့ပါတယ္။သူဟာေဆးစစ္မႈေအာင္ျမင္ၿပီးေနာက္ရီးရဲလ္မက္ဒရစ္ကစားသမားအျဖစ္မိတ္ဆက္ခဲ့ၿပီးေက်ာနံပါတ္၄ကိုဝတ္ဆင္သြားမွာျဖစ္ေၾကာင္းေၾကညာလာပါတယ္။

အသက္၂၉ႏွစ္ရွိအလာဘာက “ဒီေန႔ကကြၽန္ေတာ့္ကစားသမားဘဝအတြက္ႀကီးက်ယ္တဲ့ေန႔တစ္ေန႔ပါ။အရမ္းကိုစိတ္လႈပ္ရွားရပါတယ္။ရီးရဲလ္မက္ဒရစ္ရဲ႕ဝတ္စုံအျဖဴကိုဝတ္ဆင္ခြင့္ရတဲ့အတြက္အရမ္းဂုဏ္ယူပါတယ္။ကြၽန္ေတာ္တို႔အတူလက္တြဲၿပီးေအာင္ျမင္မႈေတြရယူႏိုင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အလာဘာဟာကစားသမားဘဝတစ္ခုလုံးကိုဘိုင္ယန္ျမဴးနစ္တြင္သာကုန္ဆုံးလာခဲ့သူျဖစ္ၿပီးခ်န္ပီယံလိဂ္ဖလားအပါအဝင္ဆုဖလား၂၈လုံးဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာစာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ပီအက္စ္ဂ်ီသို႔ထြက္ခြာသြားတဲ့ရာမို႔စ္ေနရာတြင္တိုက္႐ိုက္အစားထိုးရန္အလာဘာကိုေခၚယူခဲ့တာလည္းျဖစ္ပါတယ္။