ရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှ ဇီဒန်းထွက်ခွာ

ရီးရဲလ်မက်ဒရစ်ကနည်းပြဇီဒန်းမှာကလပ်မှထွက်ခွာသွားပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာလာပါတယ်။ပြင်သစ်ဂန္ထဝင်ကစားသမားဇီဒန်းဟာဖလားလက်မဲ့ရာသီတစ်ခုနှင့်ကြုံရပြီးနောက်ရီးရဲလ်မက်ဒရစ်မှထွက်ခွာမယ်လို့သတင်းထွက်နေသူလည်းဖြစ်ပါတယ်။

အသက်၄၈နှစ်ရှိဇီဒန်းဟာ၂၀၁၉ခုနှစ်၊မတ်လတုန်းကရီးရဲလ်မက်ဒရစ်ကိုဒုတိယအကြိမ်မြောက်အဖြစ်ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ရာမို့စ်က “ဇီဒန်းအတွက်အကောင်းဆုံးတွေဖြစ်လာဖို့မျှော်လင့်ပါတယ်။ထိုက်တန်တဲ့အရာတွေအားလုံးရယူနိုင်ခဲ့တယ်။ပျော်ရွှင်တဲ့မိသားစု၊ပျော်ရွှင်တဲ့ဘဝရယူနိုင်ခဲ့တယ်။အရမ်းချစ်တယ်ဇီဒန်း”လို့ဆိုသွားပါတယ်။

ရီးရဲံလ်မက်ဒရစ်ဟာယခုရာသီမှာခက်ခဲတဲ့ရာသီတစ်ခုနှင့်ကြုံဆုံခဲ့ရပြီးလာလီဂါတွင်ဒုတိယဖြင့်ကျေနပ်ခဲ့ရသလိုချန်ပီယံလိဂ်တွင်လည်းဆီမီးဖိုင်နယ်မှထွက်ခွာခဲ့ရပါတယ်။၎င်းတို့ဟာကိုပါဒယ်ရေးတွင်လည်းတတိယတန်းကလပ်အယ်ကိုယာနိုကိုရှုံးနိမ့်ကာထွက်ခဲ့ရပါတယ်။

လက်ရှိအချိိန်တွင်ရီးရဲလ်မက်ဒရစ်နည်းပြရာထူးအတွက်ရာအူးလ်၊ဂျာမနီနည်းပြဟောင်းဂျိုးအာချင်လော၊ဂျူဗင်တပ်နည်းပြဟောင်းအယ်လီဂရီတို့ကထိပ်ဆုံးမှရေပန်းစားနေပါတယ်။

ZawGyi

ရီးရဲလ္မက္ဒရစ္နည္းျပရာထူးမွ ဇီဒန္းထြက္ခြာ

ရီးရဲလ္မက္ဒရစ္ကနည္းျပဇီဒန္းမွာကလပ္မွထြက္ခြာသြားၿပီျဖစ္ေၾကာင္းထုတ္ျပန္ေၾကညာလာပါတယ္။ျပင္သစ္ဂႏၴဝင္ကစားသမားဇီဒန္းဟာဖလားလက္မဲ့ရာသီတစ္ခုႏွင့္ႀကဳံရၿပီးေနာက္ရီးရဲလ္မက္ဒရစ္မွထြက္ခြာမယ္လို႔သတင္းထြက္ေနသူလည္းျဖစ္ပါတယ္။

အသက္၄၈ႏွစ္ရွိဇီဒန္းဟာ၂၀၁၉ခုႏွစ္၊မတ္လတုန္းကရီးရဲလ္မက္ဒရစ္ကိုဒုတိယအႀကိမ္ေျမာက္အျဖစ္ကိုင္တြယ္ခဲ့သူျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ရာမို႔စ္က “ဇီဒန္းအတြက္အေကာင္းဆုံးေတြျဖစ္လာဖို႔ေမွ်ာ္လင့္ပါတယ္။ထိုက္တန္တဲ့အရာေတြအားလုံးရယူႏိုင္ခဲ့တယ္။ေပ်ာ္႐ႊင္တဲ့မိသားစု၊ေပ်ာ္႐ႊင္တဲ့ဘဝရယူႏိုင္ခဲ့တယ္။အရမ္းခ်စ္တယ္ဇီဒန္း”လို႔ဆိုသြားပါတယ္။

ရီးရဲံလ္မက္ဒရစ္ဟာယခုရာသီမွာခက္ခဲတဲ့ရာသီတစ္ခုႏွင့္ႀကဳံဆုံခဲ့ရၿပီးလာလီဂါတြင္ဒုတိယျဖင့္ေက်နပ္ခဲ့ရသလိုခ်န္ပီယံလိဂ္တြင္လည္းဆီမီးဖိုင္နယ္မွထြက္ခြာခဲ့ရပါတယ္။၎တို႔ဟာကိုပါဒယ္ေရးတြင္လည္းတတိယတန္းကလပ္အယ္ကိုယာႏိုကိုရႈံးနိမ့္ကာထြက္ခဲ့ရပါတယ္။

လက္ရွိအခ်ိိန္တြင္ရီးရဲလ္မက္ဒရစ္နည္းျပရာထူးအတြက္ရာအူးလ္၊ဂ်ာမနီနည္းျပေဟာင္းဂ်ိဳးအာခ်င္ေလာ၊ဂ်ဴဗင္တပ္နည္းျပေဟာင္းအယ္လီဂရီတို႔ကထိပ္ဆုံးမွေရပန္းစားေနပါတယ္။