ရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှ ဇီဒန်း နုတ်ထွက်သွားတော့မည်

စပိန်မီဒီယာများရဲ့ဖော်ပြချက်အရဇီဒန်းဟာယခုရက်ပိုင်းအတွင်းတွင်ရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှနုတ်ထွက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၄၈နှစ်ရှိပြင်သစ်ဂန္ထဝင်ကစားသမားဟာ၂၀၁၉ခုနှစ်၊မတ်လတုန်းကရီးရဲလ်မက်ဒရစ်ကိုဒုတိယအကြိမ်မြောက်ကိုင်တွယ်ခဲ့တဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်စပိန်မီဒီယာများရဲ့ဖော်ပြချက်အရဇီဒန်းဟာရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှဒုတိယအကြိမ်မြောက်ထွက်ခွာရန်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ၂၀၂၀-၂၁ဘောလုံးရာသီမှာခက်ခဲတဲ့ရာသီတစ်ခုနှင့်ရင်ဆိုင်ခဲ့ရပြီးလာလီဂါတွင်အက်သလက်တီကိုနှင့်၂မှတ်ကွာဟကာချန်ပီယံဆုနှင့်ကပ်လွဲခဲ့ပါတယ်။

၎င်းတို့ဟာချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ခဲ့ပေမယ့်စပိန်ကိုပါဒယ်ရေးပြိုင်ပွဲမှာတတိယတန်းကလပ်အယ်လ်ကိုယာနိုအားရှုံးနိမ့်ကာထွက်ခွာခဲ့ရပါတယ်။

ဇီဒန်းဟာရီးရဲလ်မက်ဒရစ်အားလာလီဂါဖလား၁ကြိမ်၊ချန်ပီယံလိဂ်၃ကြိမ်နှင့်ဖီဖာကမ္ဘာ့ကလပ်ဖလား၂ကြိမ်ရရှိအောင်ဦးဆောင်ပေးထားနိုင်ပါတယ်။

ZawGyi

ရီးရဲလ္မက္ဒရစ္နည္းျပရာထူးမွ ဇီဒန္း ႏုတ္ထြက္သြားေတာ့မည္

စပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဇီဒန္းဟာယခုရက္ပိုင္းအတြင္းတြင္ရီးရဲလ္မက္ဒရစ္နည္းျပရာထူးမွႏုတ္ထြက္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၄၈ႏွစ္ရွိျပင္သစ္ဂႏၴဝင္ကစားသမားဟာ၂၀၁၉ခုႏွစ္၊မတ္လတုန္းကရီးရဲလ္မက္ဒရစ္ကိုဒုတိယအႀကိမ္ေျမာက္ကိုင္တြယ္ခဲ့တဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္စပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဇီဒန္းဟာရီးရဲလ္မက္ဒရစ္နည္းျပရာထူးမွဒုတိယအႀကိမ္ေျမာက္ထြက္ခြာရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ၂၀၂၀-၂၁ေဘာလုံးရာသီမွာခက္ခဲတဲ့ရာသီတစ္ခုႏွင့္ရင္ဆိုင္ခဲ့ရၿပီးလာလီဂါတြင္အက္သလက္တီကိုႏွင့္၂မွတ္ကြာဟကာခ်န္ပီယံဆုႏွင့္ကပ္လြဲခဲ့ပါတယ္။

၎တို႔ဟာခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္သို႔တက္ေရာက္ႏိုင္ခဲ့ေပမယ့္စပိန္ကိုပါဒယ္ေရးၿပိဳင္ပြဲမွာတတိယတန္းကလပ္အယ္လ္ကိုယာႏိုအားရႈံးနိမ့္ကာထြက္ခြာခဲ့ရပါတယ္။

ဇီဒန္းဟာရီးရဲလ္မက္ဒရစ္အားလာလီဂါဖလား၁ႀကိမ္၊ခ်န္ပီယံလိဂ္၃ႀကိမ္ႏွင့္ဖီဖာကမာၻ႔ကလပ္ဖလား၂ႀကိမ္ရရွိေအာင္ဦးေဆာင္ေပးထားႏိုင္ပါတယ္။