ရီးရဲလ်မက်ဒရစ်နောက်ခံလူ ကိုဗစ်ကူးစက်ခံခြင်းခံထားရ

ရီးရဲလ်မက်ဒရစ်နောက်ခံလူနာချိုဖာနန်ဒက်ဇ်ဟာကိုဗစ်၁၉ ကူးစက်ခြင်းခံထားရပြီးမနေ့ညတုန်းက ဆီဂန်ဒါဘီကလပ်အယ်ကိုယာနိုအားရှုံးနိမ့်တဲ့ပွဲကိုလွဲချော်ခဲ့ပါတယ်။

သူဟာရာမို့စ်နှင့်ဗာရိန်းတို့မပါဝင်မှုနဲ့အတူအယ်ကိုယာနိုပွဲတွင်ပွဲထွက်ကစားရန်လျာထားခြင်းခံရပေမယ့်ကိုဗစ်ကူးစက်ခြင်းခံထားရမှုနဲ့အတူလွဲချော်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းဟာနာချိုကိုဗစ်ကြောင့်ကွာရန်တင်းဝင်နေရမှုနဲ့အတူရီးရဲလ်မက်ဒရစ်(ခ)အသင်းမှဆင့်ခေါ်ထားတဲ့ဗဟိုနောက်ခံလူဗစ်တာချပ်စ်အားမီလီတာအိုနှင့်တွဲဖက်ကစားစေခဲ့ပါတယ်။မီလီတာအိုဟာမနေ့ညက ပွဲစဉ်မတိုင်မီရီးရဲလ်မက်ဒရစ်အတွက်သုံးပွဲတည်းသာကစားခွင့်ရထားသူဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းဟာတတိယတန်းကလပ်အယ်ကိုယာနိုအားရှုံးနိမ့်ကာကိုပါဒယ်ရေး၃၂သင်းအဆင့်မှ ထွက်ခွာရမှုနဲ့အတူဖိအားများနှင့်ကြုံတွေ့နေရပြီဖြစ်ပါတယ်။

ZawGyi




