ရီးရဲလ်မက်ဒရစ်နောက်ဆုတ်သွားမှုကြောင့် ပီအက်စ်ဂျီတွင် ဘက်ပေး ဆက်ရှိနေမည်

ရီးရဲလ်မက်ဒရစ်ဟာယခုနွေရာသီတွင်ပီအက်စ်ဂျီစတားကိုင်လီယန်ဘက်ပေးအားခေါ်ယူရေးကြိုးပမ်းမှုနောက်ဆုတ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာဘက်ပေးအားဒုတိယအကြိမ်ကမ်းလှမ်းမှုအဖြစ်ပြောင်းရွှေ့ကြေးပေါင်၁၄၅.၆သန်းအပြင်ပေါင်၈.၆သန်းအပိုဆုကြေးပေးမယ့်အချက်ဖြင့်ကမ်းလှမ်းခဲ့ပေမယ့်ပီအက်စ်ဂျီကပယ်ချခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာတနင်္ဂနွေနေ့ညနေ၅နာရီ(ဒေသစံတော်ချိန်)အထိပီအက်စ်ဂျီထံမှလက်ခံမှုမရရှိမှုနဲ့အတူနောက်ဆုတ်လိုက်တာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းရီးရဲလ်မက်ဒရစ်ဟာလာမယ့်ဇန်နဝါရီလ၁ရက်နေ့မှစတင်ကာဘက်ပေးအားအကြိုစာချုပ်ချုပ်ဆိုနိုင်ရေးအတွက်ကြိုးပမ်းလာတော့မှာဖြစ်ပါတယ်။

ဘက်ပေးဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာနဲ့အညီဇန်နဝါရီလ၁ရက်နေ့မှစတင်ကာနိုင်ငံခြားကလပ်တစ်ခုနှင့်လွတ်လပ်စွာဆွေးနွေးပြီးအကြိုစာချုပ်ချုပ်ဆိုထားနိုင်ပါတယ်။

ZawGyi

ရီးရဲလ္မက္ဒရစ္ေနာက္ဆုတ္သြားမႈေၾကာင့္ ပီအက္စ္ဂ်ီတြင္ ဘက္ေပး ဆက္ရွိေနမည္

ရီးရဲလ္မက္ဒရစ္ဟာယခုေႏြရာသီတြင္ပီအက္စ္ဂ်ီစတားကိုင္လီယန္ဘက္ေပးအားေခၚယူေရးႀကိဳးပမ္းမႈေနာက္ဆုတ္လိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာဘက္ေပးအားဒုတိယအႀကိမ္ကမ္းလွမ္းမႈအျဖစ္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၄၅.၆သန္းအျပင္ေပါင္၈.၆သန္းအပိုဆုေၾကးေပးမယ့္အခ်က္ျဖင့္ကမ္းလွမ္းခဲ့ေပမယ့္ပီအက္စ္ဂ်ီကပယ္ခ်ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာတနဂၤေႏြေန႔ညေန၅နာရီ(ေဒသစံေတာ္ခ်ိန္)အထိပီအက္စ္ဂ်ီထံမွလက္ခံမႈမရရွိမႈနဲ႔အတူေနာက္ဆုတ္လိုက္တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းရီးရဲလ္မက္ဒရစ္ဟာလာမယ့္ဇန္နဝါရီလ၁ရက္ေန႔မွစတင္ကာဘက္ေပးအားအႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ေရးအတြက္ႀကိဳးပမ္းလာေတာ့မွာျဖစ္ပါတယ္။

ဘက္ေပးဟာယခုရာသီအကုန္တြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္တာနဲ႔အညီဇန္နဝါရီလ၁ရက္ေန႔မွစတင္ကာႏိုင္ငံျခားကလပ္တစ္ခုႏွင့္လြတ္လပ္စြာေဆြးေႏြးၿပီးအႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုထားႏိုင္ပါတယ္။