ရီးရဲလ်မက်ဒရစ်နှင့်ဆီဗီလာနည်းပြဟောင်းလူပီတီဂူကို နည်းပြသစ်အဖြစ် ဝုဗ်ခန့်အပ်

ဝုဗ်ဟာနည်းပြသစ်အဖြစ်စပိန်လူမျိုးနည်းပြဂျူလန်လိုပီတီဂူကိုခန့်အပ်လိုက်နိုင်ပြီဖြစ်ပါတယ်။

အသက်၅၄နှစ်ရှိလူပီတီဂူဟာကမ္ဘာ့ဖလားပြိုင်ပွဲကြောင့်ပရီးမီးယားလိဂ်ရပ်နားမယ့် နိုဝင်ဘာလ၁၄ရက်နေ့မှစတင်ကာဝုဗ်ကိုဦးဆောင်လာပါမယ်။

ဝုဗ်ဟာအောက်တိုဘာလ၂ရက်နေ့တုန်းကဘရူနိုလာ့ကို ထုတ်ပယ်လိုက်ပြီးနောက်ဦးစားပေးပစ်မှတ်အဖြစ်လိုပီတီဂူကိုခန့်အပ်ရေးကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လိုပီတီဂူဟာစပိန်တွင်ပင်ဆက်လက်နည်းပြလိုနေမှုနှင့်အတူ ဝုဗ်ရဲ့ကမ်းလှမ်းမှုကိုပယ်ချခဲ့ပါတယ်။ဒါပေမဲ့သူဟာဝုဗ်ဘက်ကနောက်မဆုတ်ဘဲကြိုးပမ်းလာမှုနှင့်အတူလက်ခံလာပြီဖြစ်ပါတယ်။

လိုပီတီဂူဟာ၂၀၁၉ခုနှစ်၊ဇွန်လတွင်ဆီဗီလာကိုစတင်ကိုင်တွယ်ပြီးနောက် ယူရိုပါလိဂ်ဖလားရယူပေးခဲ့သူလည်းဖြစ်ပါတယ်။သူဟာအောက်တိုဘာလတုန်းကရလဒ်ဆိုးရွားမှုကြောင့်ဆီဗီလာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

သူဟာဝုဗ်အတွက်ပထမဆုံးပွဲအဖြစ် ဒီဇင်ဘာလ၂၆ရက်နေ့တွင်အဲဗာတန်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အားကြီးကြပ်သွားပါမယ်။

ZawGyi

ရီးရဲလ္မက္ဒရစ္ႏွင့္ဆီဗီလာနည္းျပေဟာင္းလူပီတီဂူကို နည္းျပသစ္အျဖစ္ ဝုဗ္ခန႔္အပ္

ဝုဗ္ဟာနည္းျပသစ္အျဖစ္စပိန္လူမ်ိဳးနည္းျပဂ်ဴလန္လိုပီတီဂူကိုခန႔္အပ္လိုက္ႏိုင္ၿပီျဖစ္ပါတယ္။

အသက္၅၄ႏွစ္ရွိလူပီတီဂူဟာကမာၻ႔ဖလားၿပိဳင္ပြဲေၾကာင့္ပရီးမီးယားလိဂ္ရပ္နားမယ့္ ႏိုဝင္ဘာလ၁၄ရက္ေန႔မွစတင္ကာဝုဗ္ကိုဦးေဆာင္လာပါမယ္။

ဝုဗ္ဟာေအာက္တိုဘာလ၂ရက္ေန႔တုန္းကဘ႐ူႏိုလာ့ကို ထုတ္ပယ္လိုက္ၿပီးေနာက္ဦးစားေပးပစ္မွတ္အျဖစ္လိုပီတီဂူကိုခန႔္အပ္ေရးႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့လိုပီတီဂူဟာစပိန္တြင္ပင္ဆက္လက္နည္းျပလိုေနမႈႏွင့္အတူ ဝုဗ္ရဲ႕ကမ္းလွမ္းမႈကိုပယ္ခ်ခဲ့ပါတယ္။ဒါေပမဲ့သူဟာဝုဗ္ဘက္ကေနာက္မဆုတ္ဘဲႀကိဳးပမ္းလာမႈႏွင့္အတူလက္ခံလာၿပီျဖစ္ပါတယ္။

လိုပီတီဂူဟာ၂၀၁၉ခုႏွစ္၊ဇြန္လတြင္ဆီဗီလာကိုစတင္ကိုင္တြယ္ၿပီးေနာက္ ယူ႐ိုပါလိဂ္ဖလားရယူေပးခဲ့သူလည္းျဖစ္ပါတယ္။သူဟာေအာက္တိုဘာလတုန္းကရလဒ္ဆိုး႐ြားမႈေၾကာင့္ဆီဗီလာနည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

သူဟာဝုဗ္အတြက္ပထမဆုံးပြဲအျဖစ္ ဒီဇင္ဘာလ၂၆ရက္ေန႔တြင္အဲဗာတန္ကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ကစားရမယ့္ပရီးမီးယားလိဂ္ပြဲစဥ္အားႀကီးၾကပ္သြားပါမယ္။