ရီးရဲလ်မက်ဒရစ်နှင့်တစ်နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ လူကာမိုဒရစ်
ခရိုအေးရှားကွင်းလယ်ကစားသမားလူကာမိုဒရစ်ဟာရီးရဲလ်မက်ဒရစ်နှင့်တစ်နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။
လူကာမိုဒရစ်ဟာဇွန်လအကုန်တွင်ရီးရဲလ်မက်ဒရစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူဖြစ်ပါတယ်။ဒါပေမယ့်ယခုအခါသူဟာစာချုပ်သစ်ချုပ်ဆိုလိုက်မှုကြောင့်ရီးရဲလ်မက်ဒရစ်တွင်၂၀၂၁-၂၂ရာသီအကုန်အထိရှိနေတော့မှာဖြစ်ပါတယ်။
အသက်၃၅နှစ်ရှိစပါးစ်ကစားသမားဟောင်းဟာရီးရဲလ်မက်ဒရစ်တွင်ကိုးနှစ်ကြာကစားလာသူဖြစ်ပြီးစာချုပ်သစ်ကြောင့်ဆယ်စုနှစ်တစ်ခုကြာအထိကစားနိုင်သူဖြစ်လာပါမယ်။
မိုဒရစ်ဟာ၂၀၁၂ခုနှစ်တွင်စပါးစ်မှပေါင်သန်း၃၀ဖြင့်ပြောင်းလာပြီးနောက်ရီးရဲလ်မက်ဒရစ်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၃၉၁ပွဲကစားထားပါတယ်။
သူဟာရီးရဲလ်မက်ဒရစ်နှင့်အတူချန်ပီယံလိဂ်ဖလား၄ကြိမ်၊လာလီဂါဖလား၂ကြိမ်၊ကိုပါဒယ်ရေးဖလား၁ကြိမ်နှင့်ဖီဖာကမ္ဘာ့ကလပ်ဖလား၃ကြိမ်ဆွတ်ခူးထားပါတယ်။သူဟာရီးရဲလ်မက်ဒရစ်အတွက်၂၆ဂိုးသွင်းကာ၁၆ကြိမ်ဖန်တီးထားပါတယ်။
ZawGyi