ရီးရဲလ်မက်ဒရစ်နှင့်နောက်ဆုံး၉ပွဲတွင် ဂိုးသွင်းနိုင်ခြင်းမရှိသလို ဖန်တီးမှုလည်းမလုပ်နိုင်တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာမနေ့ညတုန်းကရီးရဲလ်မက်ဒရစ်အား၃-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်ကိုယ်ပျောက်ခြေစွမ်းဖြင့်ကစားခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်နှင့်နောက်ဆုံးကိုးပွဲဆက်တွင်ဂိုးသွင်းနိုင်ခြင်းမရှိသလိုဖန်တီးမှုလည်းမပြုလုပ်နိုင်ခဲ့ပါဘူး။

အာဂျင်တီးနားစတားဟာဘာစီလိုနာမှာတုန်းကရီးရဲလ်မက်ဒရစ်နှင့်အကြိမ်ကြိမ်ရင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာမနေ့ညတုန်းကဘာနေဗျူးကွင်းတွင်၃-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိပါဘူး။

အသက်၃၄နှစ်ရှိမက်ဆီဟာပြီးခဲ့တဲ့လကကစားခဲ့တဲ့ပထမအကျော့ပွဲစဉ်တုန်းကဂိုးသွင်းနိုင်မယ့်ရွှေအခွင့်အရေးရရှိခဲ့ပေမဲ့သူ့ရဲ့ပင်နယ်တီကိုရီးရဲလ်မက်ဒရစ်ဂိုးသမားကော့တွိုက်စ်ကာကွယ်သွားခဲ့ပါတယ်။

မက်ဆီအတွက်ရီးရဲလ်မက်ဒရစ်ဘက်သို့နောက်ဆုံးအကြိမ်ဂိုးသွင်းခဲ့တာ၂၀၁၈ခုနှစ်၊မေလတုန်းကရီးရဲလ်မက်ဒရစ်နှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲမှာသွင်းယူခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာကစားသမားဘဝတစ်လျှောက်ရီးရဲလ်မက်ဒရစ်နှင့်ရင်ဆိုင်ခဲ့ရာမှာ၂၆ဂိုးသွင်းယူထားပြီး၁၄ကြိမ်ဖန်တီးထားပါတယ်။သူဟာရီးရဲလ်မက်ဒရစ်ဘက်သို့ဟက်ထရစ်နှစ်ကြိမ်သွင်းယူခဲ့ဖူးသူလည်းဖြစ်ပါတယ်။

ZawGyi






