ရီးရဲလ်မက်ဒရစ်နှင့်လီဗာပူးပွဲတွင် ရာမို့စ်အနားသို့ ဆာလာကပ်ရဲမည်မဟုတ်

မိုဟာမက်ဆာလာမှာဆာဂျီယိုရာမို့စ်အနားသို့ကပ်ရဲမည်မဟုတ်ကြောင်းရောဘတ်တိုကားလို့စ်က ဟာသနှောပြောကြားလိုက်ပါတယ်။လီဗာပူးနှင့်ရီးရဲလ်မက်ဒရစ်တို့ဟာချန်ပီယံလိဂ်ကွာတားဖိုင်နယ်မဲခွဲ ခဲ့ရာတွင်ထိပ်တိုက်တွေ့နေကြပါတယ်။

၂၀၁၈ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းကရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ရာမို့စ်ဟာပထမပိုင်းမှာ မိုဟာမက်ဆာလာကိုဆွဲလှဲချကာပုခုံးဒဏ်ရာရရှိအောင်ပြုလုပ်ပြီးဆက်မကစားနိုင်အောင်ပြုလုပ်ခဲ့ပါ တယ်။ရာမို့စ်ရဲ့လုပ်ရပ်ကြောင့်ရီးရဲလ်မက်ဒရစ်ဟာလီဗာပူးကိုအသာစီးနဲ့ကစားနိုင်ခဲ့ပြီး၃-၁ဖြင့်အနိုင်ရရှိကာချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရာမို့စ်ဟာအထက်ပါဖြစ်ရပ်ကြောင့်လီဗာပူးပရိသတ်များရဲ့အပြင်းအထန်ဝေဖန်ခြင်းခံခဲ့ရပါတယ်။အီဂျစ်ရှေ့နေတစ်ဦးကလည်းပေါင်၈၇၄သန်းရရှိသင့်ကြောင်းဆိုကာအမှုဖွင့်လှစ်မှုပြုလုပ်ခဲ့ပါသေးတယ်။

ရာမို့စ်နှင့်ဆာလာတို့ဟာ၂၀၁၈ချန်ပီယံလိဂ်ဗိုလ်လုပွဲနောက်ပိုင်းတွင်တစ်ကြိမ်မျှပြန်လည်ဆုံတွေ့ကြခြင်း မရှိပါဘူး။ယခုအခါ၎င်းတို့ဟာလာမယ့်လချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာပြန်လည်ဆုံတွေ့ကြတော့မှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဂန္ထဝင်နောက်ခံလူရောဘတ်တိုကားလို့စ်က “ဆာလာဟာဆာဂျီယိုအနားသို့ကပ်မှာမ ဟုတ်ပါဘူး။တစ်ခုခုဖြစ်ပြီဆိုတာနဲ့ပြောစရာစကားတွေအများကြီးဖြစ်လာတော့မှာဖြစ်ပါတယ်”လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင်ကားလို့စ်ကရီးရဲလ်မက်ဒရစ်မှာလီဗာပူးကိုကျော်ဖြတ်ကာချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့တက် ရောက်လိမ့်မယ်လို့ယုံကြည်ကြောင်းလည်းပြောကြားသွားခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်ဟာလီဗာပူးကို ကျော်ဖြတ်နိုင်ပါကချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင်ပေါ်တို(သို့မဟုတ်)ချဲလ်ဆီးနှင့်ရင်ဆိုင်ရပါမယ်။

ZawGyi

ရီးရဲလ္မက္ဒရစ္ႏွင့္လီဗာပူးပြဲတြင္ ရာမို႔စ္အနားသို႔ ဆာလာကပ္ရဲမည္မဟုတ္

မိုဟာမက္ဆာလာမွာဆာဂ်ီယိုရာမို႔စ္အနားသို႔ကပ္ရဲမည္မဟုတ္ေၾကာင္းေရာဘတ္တိုကားလို႔စ္က ဟာသေႏွာေျပာၾကားလိုက္ပါတယ္။လီဗာပူးႏွင့္ရီးရဲလ္မက္ဒရစ္တို႔ဟာခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မဲခြဲ ခဲ့ရာတြင္ထိပ္တိုက္ေတြ႕ေနၾကပါတယ္။

၂၀၁၈ခုႏွစ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတုန္းကရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ရာမို႔စ္ဟာပထမပိုင္းမွာ မိုဟာမက္ဆာလာကိုဆြဲလွဲခ်ကာပုခုံးဒဏ္ရာရရွိေအာင္ျပဳလုပ္ၿပီးဆက္မကစားႏိုင္ေအာင္ျပဳလုပ္ခဲ့ပါ တယ္။ရာမို႔စ္ရဲ႕လုပ္ရပ္ေၾကာင့္ရီးရဲလ္မက္ဒရစ္ဟာလီဗာပူးကိုအသာစီးနဲ႔ကစားႏိုင္ခဲ့ၿပီး၃-၁ျဖင့္အႏိုင္ရရွိကာခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ရာမို႔စ္ဟာအထက္ပါျဖစ္ရပ္ေၾကာင့္လီဗာပူးပရိသတ္မ်ားရဲ႕အျပင္းအထန္ေဝဖန္ျခင္းခံခဲ့ရပါတယ္။အီဂ်စ္ေရွ႕ေနတစ္ဦးကလည္းေပါင္၈၇၄သန္းရရွိသင့္ေၾကာင္းဆိုကာအမႈဖြင့္လွစ္မႈျပဳလုပ္ခဲ့ပါေသးတယ္။

ရာမို႔စ္ႏွင့္ဆာလာတို႔ဟာ၂၀၁၈ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေနာက္ပိုင္းတြင္တစ္ႀကိမ္မွ်ျပန္လည္ဆုံေတြ႕ၾကျခင္း မရွိပါဘူး။ယခုအခါ၎တို႔ဟာလာမယ့္လခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာျပန္လည္ဆုံေတြ႕ၾကေတာ့မွာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ေနာက္ခံလူေရာဘတ္တိုကားလို႔စ္က “ဆာလာဟာဆာဂ်ီယိုအနားသို႔ကပ္မွာမ ဟုတ္ပါဘူး။တစ္ခုခုျဖစ္ၿပီဆိုတာနဲ႔ေျပာစရာစကားေတြအမ်ားႀကီးျဖစ္လာေတာ့မွာျဖစ္ပါတယ္”လို႔ ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ကားလို႔စ္ကရီးရဲလ္မက္ဒရစ္မွာလီဗာပူးကိုေက်ာ္ျဖတ္ကာခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္သို႔တက္ ေရာက္လိမ့္မယ္လို႔ယုံၾကည္ေၾကာင္းလည္းေျပာၾကားသြားခဲ့ပါတယ္။ရီးရဲလ္မက္ဒရစ္ဟာလီဗာပူးကို ေက်ာ္ျဖတ္ႏိုင္ပါကခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္တြင္ေပၚတို(သို႔မဟုတ္)ခ်ဲလ္ဆီးႏွင့္ရင္ဆိုင္ရပါမယ္။