ရီးရဲလ်မက်ဒရစ်မှာ သူ့ရဲ့အိပ်မက်ကလပ်လို့ ကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းဝင် ပြောကြားလာ

ပီအက်စ်ဂျီနောက်တန်းအစွန်လူဟာကီမီကရီးရဲလ်မက်ဒရစ်မှာသူငယ်စဉ်ကတည်းကအားပေးလာခဲ့တဲ့ကလပ်ဖြစ်ကြောင်းပြောကြားကာအနာဂတ်တွင်အသင်းဟောင်းသို့ပြန်လည်ပြောင်းရွှေ့ကစားနိုင်ကြောင်းအရိပ်အမြွက်ပြောကြားလာပါတယ်။

အသက်၂၄နှစ်ရှိဟာကီမီဟာရီးရဲလ်မက်ဒရစ်အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီးရီးရဲလ်မက်ဒရစ်နှင့်အတူ၂၀၁၈ခုနှစ်ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာဒေါ့မွန်တွင်အငှားဖြင့်နှစ်ရာသီကြာသွားကစားခဲ့ပြီး၂၀၂၀ခုနှစ်တုန်းကအင်တာမီလန်သို့အပြီးသတ်ရောင်းချခြင်းခံခဲ့ရပါတယ်။

ယခုနွေရာသီတွင်အင်တာမီလန်မှပီအက်စ်ဂျီသို့ပြောင်းလာခဲ့တဲ့ဟာကီမီကရီးရဲလ်မက်ဒရစ်အသင်းမှာသူ့နှလုံးသားထဲတွင်ရှိနေဆဲဖြစ်ကြောင်းပြောကြားလာပါတယ်။

ဟာကီမီက “ရီးရဲလ်မက်ဒရစ်ကကျွန်တော်ငယ်စဉ်ကတည်းကအားပေးလာတဲ့ကလပ်ပါ။ဒီကနေ့ကျွန်တော့်ဖြစ်တည်မှုအတွက်ကျေးဇူးရှိတဲ့ကလပ်လည်းဖြစ်ပါတယ်။ကျွန််တော်ဟာရီးရဲလ်မက်ဒရစ်မှာ၁၂နှစ်လောက်နေခဲ့တာပါ။အဲဒီမှာအောင်မြင်ဖို့အခွင့်အရေးမရခဲ့ဘူးဆိုပေမယ့်အနာဂတ်မှာဘာဖြစ်လာမလဲဆိုတာဘယ်သူမှမသိနိုင်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာကိုဗစ်ကြောင့်ကလပ်ရဲ့ဝင်ငွေများစွာထိခိုက်မှုနဲ့အတူ၂၀၂၀ခုနှစ်တုန်းကအင်တာမီလန်သို့အပြီးသတ်ရောင်းချခဲ့တာလို့ယူဆရပါတယ်။

မကြာသေးမီတုန်းကအင်တာမီလန်နည်းပြဟောင်းကွန်တီကလည်းဟာကီမီရဲ့နှလုံးသားထဲတွင်ရီးရဲလ်မက်ဒရစ်ရှိနေဆဲဖြစ်ပြီးတစ်နေ့တွင်သွားကစားရန်သေချာနေကြောင်းပြောကြားသွားခဲ့ဖူးပါတယ်။

ZawGyi

ရီးရဲလ္မက္ဒရစ္မွာ သူ႔ရဲ႕အိပ္မက္ကလပ္လို႔ ကမာၻ႔အေကာင္းဆုံးကစားသမားစာရင္းဝင္ ေျပာၾကားလာ

ပီအက္စ္ဂ်ီေနာက္တန္းအစြန္လူဟာကီမီကရီးရဲလ္မက္ဒရစ္မွာသူငယ္စဥ္ကတည္းကအားေပးလာခဲ့တဲ့ကလပ္ျဖစ္ေၾကာင္းေျပာၾကားကာအနာဂတ္တြင္အသင္းေဟာင္းသို႔ျပန္လည္ေျပာင္းေ႐ႊ႕ကစားႏိုင္ေၾကာင္းအရိပ္အႁမြက္ေျပာၾကားလာပါတယ္။

အသက္၂၄ႏွစ္ရွိဟာကီမီဟာရီးရဲလ္မက္ဒရစ္အကယ္ဒမီထြက္တစ္ဦးျဖစ္ၿပီးရီးရဲလ္မက္ဒရစ္ႏွင့္အတူ၂၀၁၈ခုႏွစ္ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာေဒါ့မြန္တြင္အငွားျဖင့္ႏွစ္ရာသီၾကာသြားကစားခဲ့ၿပီး၂၀၂၀ခုႏွစ္တုန္းကအင္တာမီလန္သို႔အၿပီးသတ္ေရာင္းခ်ျခင္းခံခဲ့ရပါတယ္။

ယခုေႏြရာသီတြင္အင္တာမီလန္မွပီအက္စ္ဂ်ီသို႔ေျပာင္းလာခဲ့တဲ့ဟာကီမီကရီးရဲလ္မက္ဒရစ္အသင္းမွာသူ႔ႏွလုံးသားထဲတြင္ရွိေနဆဲျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

ဟာကီမီက “ရီးရဲလ္မက္ဒရစ္ကကြၽန္ေတာ္ငယ္စဥ္ကတည္းကအားေပးလာတဲ့ကလပ္ပါ။ဒီကေန႔ကြၽန္ေတာ့္ျဖစ္တည္မႈအတြက္ေက်းဇူးရွိတဲ့ကလပ္လည္းျဖစ္ပါတယ္။ကြၽန္္ေတာ္ဟာရီးရဲလ္မက္ဒရစ္မွာ၁၂ႏွစ္ေလာက္ေနခဲ့တာပါ။အဲဒီမွာေအာင္ျမင္ဖို႔အခြင့္အေရးမရခဲ့ဘူးဆိုေပမယ့္အနာဂတ္မွာဘာျဖစ္လာမလဲဆိုတာဘယ္သူမွမသိႏိုင္ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာကိုဗစ္ေၾကာင့္ကလပ္ရဲ႕ဝင္ေငြမ်ားစြာထိခိုက္မႈနဲ႔အတူ၂၀၂၀ခုႏွစ္တုန္းကအင္တာမီလန္သို႔အၿပီးသတ္ေရာင္းခ်ခဲ့တာလို႔ယူဆရပါတယ္။

မၾကာေသးမီတုန္းကအင္တာမီလန္နည္းျပေဟာင္းကြန္တီကလည္းဟာကီမီရဲ႕ႏွလုံးသားထဲတြင္ရီးရဲလ္မက္ဒရစ္ရွိေနဆဲျဖစ္ၿပီးတစ္ေန႔တြင္သြားကစားရန္ေသခ်ာေနေၾကာင္းေျပာၾကားသြားခဲ့ဖူးပါတယ္။