အေဒင်ဟာဇက်ဟာရီးရဲလ်မက်ဒရစ်ရဲ့ကိုပါဒယ်ရေးဖလားပွဲစဉ်မှခြေစွမ်းကြောင့်ကာစီရီနိုကစားသမားတစ်ဦးရဲ့အပြင်းအထန်ဝေဖန်ခြင်းခံလာရပါတယ်။
လာလီဂါထိပ်သီးဟာစတုတ္ထတန်းကလပ်ကာစီရီနိုကိုကပ်ပြီးအနိုင်ယူကာကိုပါဒယ်ရေးဖလား၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာဒုတိယပိုင်းတွင်ရိုဒရီဂိုသွင်းယူတဲ့တစ်လုံးတည်းသောဂိုးဖြင့်ကာစီရီနိုကိုအနိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမဲ့ပွဲအပြီးတွင် စတုတ္ထတန်းကလပ်နှင့်ပွဲစဉ်မှခြေစွမ်းကြောင့်ကစားသမားတစ်ဦးအပြင်းအထန်ဝေဖန်မှုခံနေရပါတယ်။အေဒင်ဟာဇက်ဖြစ်ပါတယ်။
အေဒင်ဟာဇက်ဟာကာစီရီနိုနှင့်ပွဲတွင်၆၇မိနစ်ကစားခဲ့ရာမှာခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိပါဘူး။
သူဟာယင်းပွဲတွင်လိမ်ခေါက်မှုပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့သလိုဂိုးပေါက်ကန်ချက်လည်းမပြုလုပ်နိုင်ခဲ့ပါဘူး။
ဒါကြောင့်လည်းကာစီရီနိုကစားသမားကာမီလိုမီရီစီယာနိုက “ဟာဇက်လား။သူကဒီပွဲကိုဂရုမစိုက်ဘူး။ဘောလုံးတောင်မရယူချင်ဘူး။ပြေးလည်းမပြေးဘူး။သူ့ကိုဘယ်သူကမှသတိမထားမိပါဘူး”လို့ပြောကြားသွားပါတယ်။
ဒါပေမဲ့ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီကတော့ကာစီရီနိုရဲ့ကွင်းမှာအလွန်ဆိုးရွားမှုနဲ့အတူ ကစားရန်ခက်ခဲကြောင်း ကာကွယ်ပြောကြားသွားပါတယ်။
ZawGyi
ရီးရဲလ်မက်ဒရစ်ရဲ့ကိုပါဒယ်ရေးပွဲစဉ်မှ ခြေစွမ်းကြောင့် စတုတ္ထတန်းကလပ်ကစားသမားရဲ့ဝေဖန်မှုခံနေရတဲ့ ဟာဇက်