ရီးရဲလ်မက်ဒရစ်ရဲ့ရာသီသိမ်းပွဲစဉ်ကို တိုနီခရူးစ်လွဲချော်မည်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားတိုနီခရူးစ်ဟာကိုဗစ်ကူးစက်ခံထားရမှုကြောင့်ဗီလာရီးရဲလ်အားဧည့်ခံကစားရမယ့်လာလီဂါရာသီသိမ်းပွဲစဉ်ကိုလွဲချော်ပါမယ်။

ဂျာမနီစတားဟာကိုဗစ်ကူးစက်ခံထားရသူတစ်ဦးနှင့်ထိတွေ့ခဲ့မှုကြောင့်ကွာရန်တင်းဝင်နေရသူဖြစ်ပြီးပြီးခဲ့တဲ့အပတ်တုန်းကဘီလ်ဘာအိုအား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲကိုလွဲချော်ခဲ့သူလည်းဖြစ်ပါတယ်။

ယခုအခါအသက်၃၁နှစ်ရှိဂျာမနီလက်ရွေးစင်ကစားသမားကိုစစ်ဆေးမှုပြုလုပ်ခဲ့ရာကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိလာပြီဖြစ်ပါတယ်။

ဒါကြောင့်သူဟာကွာရန်တင်းဆက်လက်ဝင်နေရပြီးရာသီသိမ်းပွဲစဉ်ကိုလွဲချော်ပါတော့မယ်။ဒါပေမယ့်သူဟာဂျာမနီရဲ့ယူရို၂၀၂၀ပြိုင်ပွဲကိုတော့လွဲချော်ဖို့မရှိပါဘူး။

ရီးရဲလ်မက်ဒရစ်ဟာလာလီဂါဖလားဆွတ်ခူးနိုင်ရန်အတွက်ဗီလာရီးရဲလ်နှင့်ရာသီသိမ်းပွဲစဉ်အားအနိုင်ရရှိရန်လိုအပ်နေပါတယ်။ဒါပေမယ့်ရီးရဲလ်မက်ဒရစ်ဟာအက်သလက်တီကိုကအဝေးကွင်းမှာဗယ်လာဒိုးလစ်ကိုအနိုင်မရရှိမှသာလျှင်လာလီဂါချန်ပီယံဖြစ်မှာလည်းဖြစ်ပါတယ်။

ZawGyi

ရီးရဲလ္မက္ဒရစ္ရဲ႕ရာသီသိမ္းပြဲစဥ္ကို တိုနီခ႐ူးစ္လြဲေခ်ာ္မည္

ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမားတိုနီခ႐ူးစ္ဟာကိုဗစ္ကူးစက္ခံထားရမႈေၾကာင့္ဗီလာရီးရဲလ္အားဧည့္ခံကစားရမယ့္လာလီဂါရာသီသိမ္းပြဲစဥ္ကိုလြဲေခ်ာ္ပါမယ္။

ဂ်ာမနီစတားဟာကိုဗစ္ကူးစက္ခံထားရသူတစ္ဦးႏွင့္ထိေတြ႕ခဲ့မႈေၾကာင့္ကြာရန္တင္းဝင္ေနရသူျဖစ္ၿပီးၿပီးခဲ့တဲ့အပတ္တုန္းကဘီလ္ဘာအိုအား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲကိုလြဲေခ်ာ္ခဲ့သူလည္းျဖစ္ပါတယ္။

ယခုအခါအသက္၃၁ႏွစ္ရွိဂ်ာမနီလက္ေ႐ြးစင္ကစားသမားကိုစစ္ေဆးမႈျပဳလုပ္ခဲ့ရာကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိလာၿပီျဖစ္ပါတယ္။

ဒါေၾကာင့္သူဟာကြာရန္တင္းဆက္လက္ဝင္ေနရၿပီးရာသီသိမ္းပြဲစဥ္ကိုလြဲေခ်ာ္ပါေတာ့မယ္။ဒါေပမယ့္သူဟာဂ်ာမနီရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုေတာ့လြဲေခ်ာ္ဖို႔မရွိပါဘူး။

ရီးရဲလ္မက္ဒရစ္ဟာလာလီဂါဖလားဆြတ္ခူးႏိုင္ရန္အတြက္ဗီလာရီးရဲလ္ႏွင့္ရာသီသိမ္းပြဲစဥ္အားအႏိုင္ရရွိရန္လိုအပ္ေနပါတယ္။ဒါေပမယ့္ရီးရဲလ္မက္ဒရစ္ဟာအက္သလက္တီကိုကအေဝးကြင္းမွာဗယ္လာဒိုးလစ္ကိုအႏိုင္မရရွိမွသာလွ်င္လာလီဂါခ်န္ပီယံျဖစ္မွာလည္းျဖစ္ပါတယ္။