ရီးရဲလ်မက်ဒရစ်ရှုံးပွဲအတွက် အန်ဖီးလ်ကွင်းမြက်ခင်းကို လီဗာပူးပရိသတ်များ အပြစ်တင်

လီဗာပူးပရိသတ်များဟာမနေ့ညတုန်းကရီးရဲလ်မက်ဒရစ်ကိုဂိုးပြတ်ရှုံးနိမ့်ပြီးနောက်ကွင်းအတွင်းကစားသမားများချော်လဲနေမှုအတွက်အန်ဖီးလ်ကွင်းမြက်ခင်းကိုအပြစ်တင်လာကြပါတယ်။

လီဗာပူးဟာမနေ့ညတုန်းကမာဆေးဆိုက်တွင်ချန်ပီယံလိဂ်ချန်ပီယံရီးရဲလ်မက်ဒရစ်ကိုဧည့်ခံကစားခဲ့ပါတယ်။

ဒါပေမဲ့အန်ဖီးလ်ကွင်းအတွင်းရေလွှမ်းမိုးနေမှုနှင့်အတူကွင်းဝန်ထမ်းများအလုပ်လုပ်နေခဲ့ကြတာတွေ့ရပါတယ်။

ပွဲအစပိုင်းမိနစ်များတွင်မိုဟာမက်ဆာလက်နှင့်ကိုဒီဂတ်ပိုတို့ချော်လဲကျနေခဲ့တာတွေ့ရပါတယ်။ဂတ်ပိုဟာရီးရဲလ်မက်ဒရစ်ဧရိယာအတွင်းတွင်နေရာကောင်းရယူထားစဉ်ချော်လဲခဲ့တာပါ။

ဒါကြောင့်လည်းပရိသတ်များဟာကွင်းအတွင်းနေရာတိုင်းတွင်ကစားသမားများလျော်လဲကျနေမှုနှင့်အတူ အန်ဖီးလ်ကွင်းမြက်ခင်းကိုအပြစ်တင်လာကြပါတယ်။

BT Sports မှအစီအစဉ်တင်ဆက်သူစတိဗ်မက်နာမန်က “သူတို့ခွာအကြီးကြီးလိုနေတယ်။ပထမပိုင်းပြီးရင်တော့လဲရမယ်။လီဗာပူးကွင်းမှာရေလျှံနေတယ်”လို့ဝေဖန်သွားပါတယ်။

ပရိသတ်တစ်ဦးကလည်း “အန်ဖီးလ်ကွင်းကဘာဖြစ်နေတာလဲ။နှစ်သင်းလုံး ကောင်းကောင်းမကစားနိုင်ဘူး”လို့ပြောကြားသွားပါတယ်။

ယင်းသို့အန်ဖီးလ်ကွင်းအတွင်းရေများရှိနေမှုကြောင့်နှစ်ဖက်အသင်းသားတို့ ဘောလုံးကောင်းကောင်းမကစားနိုင်ပေမဲ့လည်းမနေ့ညကပွဲတွင်ဂိုးများစွာမြင်တွေ့ခဲ့ရပါတယ်။

ပွဲအစ၄မိနစ်မှာပင်ဒါဝင်နူနက်ဇ်ကလီဗာပူးအတွက်ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ယင်းနောက်ပွဲချိန်၁၄မိနစ်မှာမိုဟာမက်ဆာလက်ကသီဘောက်ကော့တွိုက်ရဲ့အမှားကနေလီဗာပူးအတွက်ဒုတိယဂိုးသွင်းခဲ့ပါတယ်။

ဒါပေမဲ့လည်းရီးရဲလ်မက်ဒရစ်ဟာဗီနီရှပ်စ်(၂ဂိုး)၊မီလီတာအို(၁ဂိုး)၊ကာရမ်ဘန်ဇီးမား(၂ဂိုး)တို့ရဲ့ဂိုးတွေကြောင့်အန်ဖီးလ်မှာလီဗာပူးကို၅-၂ဂိုးဖြင့်အနိုင်ယူကာကွာတားဖိုင်နယ်သို့တက်ရောက်ဖို့ခြေတစ်လှမ်းလှမ်းလိုက်နိုင်ပြီဖြစ်ပါတယ်။

ZawGyi

ရီးရဲလ္မက္ဒရစ္ရႈံးပြဲအတြက္ အန္ဖီးလ္ကြင္းျမက္ခင္းကို လီဗာပူးပရိသတ္မ်ား အျပစ္တင္

လီဗာပူးပရိသတ္မ်ားဟာမေန႔ညတုန္းကရီးရဲလ္မက္ဒရစ္ကိုဂိုးျပတ္ရႈံးနိမ့္ၿပီးေနာက္ကြင္းအတြင္းကစားသမားမ်ားေခ်ာ္လဲေနမႈအတြက္အန္ဖီးလ္ကြင္းျမက္ခင္းကိုအျပစ္တင္လာၾကပါတယ္။

လီဗာပူးဟာမေန႔ညတုန္းကမာေဆးဆိုက္တြင္ခ်န္ပီယံလိဂ္ခ်န္ပီယံရီးရဲလ္မက္ဒရစ္ကိုဧည့္ခံကစားခဲ့ပါတယ္။

ဒါေပမဲ့အန္ဖီးလ္ကြင္းအတြင္းေရလႊမ္းမိုးေနမႈႏွင့္အတူကြင္းဝန္ထမ္းမ်ားအလုပ္လုပ္ေနခဲ့ၾကတာေတြ႕ရပါတယ္။

ပြဲအစပိုင္းမိနစ္မ်ားတြင္မိုဟာမက္ဆာလက္ႏွင့္ကိုဒီဂတ္ပိုတို႔ေခ်ာ္လဲက်ေနခဲ့တာေတြ႕ရပါတယ္။ဂတ္ပိုဟာရီးရဲလ္မက္ဒရစ္ဧရိယာအတြင္းတြင္ေနရာေကာင္းရယူထားစဥ္ေခ်ာ္လဲခဲ့တာပါ။

ဒါေၾကာင့္လည္းပရိသတ္မ်ားဟာကြင္းအတြင္းေနရာတိုင္းတြင္ကစားသမားမ်ားေလ်ာ္လဲက်ေနမႈႏွင့္အတူ အန္ဖီးလ္ကြင္းျမက္ခင္းကိုအျပစ္တင္လာၾကပါတယ္။

BT Sports မွအစီအစဥ္တင္ဆက္သူစတိဗ္မက္နာမန္က “သူတို႔ခြာအႀကီးႀကီးလိုေနတယ္။ပထမပိုင္းၿပီးရင္ေတာ့လဲရမယ္။လီဗာပူးကြင္းမွာေရလွ်ံေနတယ္”လို႔ေဝဖန္သြားပါတယ္။

ပရိသတ္တစ္ဦးကလည္း “အန္ဖီးလ္ကြင္းကဘာျဖစ္ေနတာလဲ။ႏွစ္သင္းလုံး ေကာင္းေကာင္းမကစားႏိုင္ဘူး”လို႔ေျပာၾကားသြားပါတယ္။

ယင္းသို႔အန္ဖီးလ္ကြင္းအတြင္းေရမ်ားရွိေနမႈေၾကာင့္ႏွစ္ဖက္အသင္းသားတို႔ ေဘာလုံးေကာင္းေကာင္းမကစားႏိုင္ေပမဲ့လည္းမေန႔ညကပြဲတြင္ဂိုးမ်ားစြာျမင္ေတြ႕ခဲ့ရပါတယ္။

ပြဲအစ၄မိနစ္မွာပင္ဒါဝင္ႏူနက္ဇ္ကလီဗာပူးအတြက္ဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။ယင္းေနာက္ပြဲခ်ိန္၁၄မိနစ္မွာမိုဟာမက္ဆာလက္ကသီေဘာက္ေကာ့တြိဳက္ရဲ႕အမွားကေနလီဗာပူးအတြက္ဒုတိယဂိုးသြင္းခဲ့ပါတယ္။

ဒါေပမဲ့လည္းရီးရဲလ္မက္ဒရစ္ဟာဗီနီရွပ္စ္(၂ဂိုး)၊မီလီတာအို(၁ဂိုး)၊ကာရမ္ဘန္ဇီးမား(၂ဂိုး)တို႔ရဲ႕ဂိုးေတြေၾကာင့္အန္ဖီးလ္မွာလီဗာပူးကို၅-၂ဂိုးျဖင့္အႏိုင္ယူကာကြာတားဖိုင္နယ္သို႔တက္ေရာက္ဖို႔ေျခတစ္လွမ္းလွမ္းလိုက္ႏိုင္ၿပီျဖစ္ပါတယ္။