ရီးရဲလ်မက်ဒရစ်သို့ တကျော့ပြန်ရောက်လာတဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်ဟာကာလိုအန်ဆယ်လော့တီအားနည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

စပိန်ထိပ်သီးကလပ်ဟာပြီးခဲ့တဲ့အပတ်တုန်းကဇီဒန်းရာထူးမှနုတ်ထွက်သွားခဲ့ပြီးနောက်နည်းပြသစ်ရှာဖွေနေခဲ့တဲ့ကလပ်လည်းဖြစ်ပါတယ်။

အီတလီလူမျိုးနည်းပြအန်ဆယ်လော့တီဟာရီးရဲလ်မက်ဒရစ်ကို၂၀၁၃ခုနှစ်မှ၂၀၁၅ခုနှစ်အထိကိုင်တွယ်ခဲ့ဖူးပြီး၁၁၉ပွဲကိုင်တွယ်ခဲ့ရာမှာအနိုင်ရာခိုင်နှုန်း၇၅ရာခိုင်နှုန်းအထိရရှိခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။သူဟာရာထူးမှထုတ်ပယ်ခြင်းမခံရမီရီးရဲလ်မက်ဒရစ်နှင့်အတူချန်ပီယံလိဂ်ဖလား၊ကိုပါဒယ်ရေးဖလား၊ဖီဖာကမ္ဘာ့ကလပ်ဖလားတို့ဆွတ်ခူးခဲ့ဖူးပါတယ်။

အသက်၆၁နှစ်ရှိအန်ဆယ်လော့တီဟာအဲဗာတန်နှင့်၂၀၂၄ခုနှစ်အထိစာချုပ်ချုပ်ဆိုထားကာကွင်းသစ်သို့ပြောင်းတဲ့အထိတာဝန်ထမ်းဆောင်လိုသော်လည်းရီးရဲလ်မက်ဒရစ်ကဲ့သို့ကလပ်ကကမ်းလှမ်းလာမှုကိုငြင်းပယ်နိုင်စွမ်းမရှိမှုနဲ့အတူအဲဗာတန်နှင့်စာချုပ်ဖျက်သိမ်းကာအသင်းဟောင်းသို့ပြန်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ZawGyi

ရီးရဲလ္မက္ဒရစ္သို႔ တေက်ာ့ျပန္ေရာက္လာတဲ့ အန္ဆယ္ေလာ့တီ

ရီးရဲလ္မက္ဒရစ္ဟာကာလိုအန္ဆယ္ေလာ့တီအားနည္းျပသစ္အျဖစ္ခန႔္အပ္လိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။

စပိန္ထိပ္သီးကလပ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကဇီဒန္းရာထူးမွႏုတ္ထြက္သြားခဲ့ၿပီးေနာက္နည္းျပသစ္ရွာေဖြေနခဲ့တဲ့ကလပ္လည္းျဖစ္ပါတယ္။

အီတလီလူမ်ိဳးနည္းျပအန္ဆယ္ေလာ့တီဟာရီးရဲလ္မက္ဒရစ္ကို၂၀၁၃ခုႏွစ္မွ၂၀၁၅ခုႏွစ္အထိကိုင္တြယ္ခဲ့ဖူးၿပီး၁၁၉ပြဲကိုင္တြယ္ခဲ့ရာမွာအႏိုင္ရာခိုင္ႏႈန္း၇၅ရာခိုင္ႏႈန္းအထိရရွိခဲ့တဲ့အသင္းလည္းျဖစ္ပါတယ္။သူဟာရာထူးမွထုတ္ပယ္ျခင္းမခံရမီရီးရဲလ္မက္ဒရစ္ႏွင့္အတူခ်န္ပီယံလိဂ္ဖလား၊ကိုပါဒယ္ေရးဖလား၊ဖီဖာကမာၻ႔ကလပ္ဖလားတို႔ဆြတ္ခူးခဲ့ဖူးပါတယ္။

အသက္၆၁ႏွစ္ရွိအန္ဆယ္ေလာ့တီဟာအဲဗာတန္ႏွင့္၂၀၂၄ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားကာကြင္းသစ္သို႔ေျပာင္းတဲ့အထိတာဝန္ထမ္းေဆာင္လိုေသာ္လည္းရီးရဲလ္မက္ဒရစ္ကဲ့သို႔ကလပ္ကကမ္းလွမ္းလာမႈကိုျငင္းပယ္ႏိုင္စြမ္းမရွိမႈနဲ႔အတူအဲဗာတန္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းကာအသင္းေဟာင္းသို႔ျပန္ရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။