ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ကစားရန် ဘယ်လင်ဂမ် ဆုံးဖြတ်လိုက်ပြီ

ဂျူ့ဘယ်လင်ဂမ်ဟာလာမယ့်နွေရာသီတွင်လီဗာပူးအပါအဝင်ပရီးမီးယားလိဂ်ကလပ်များကိုငြင်းပယ်ကာရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ကစားသွားတော့မှာဖြစ်ကြောင်းသိရပါတယ်။

Marca ကအသက်၁၉နှစ်ရှိဘယ်လင်ဂမ်ဟာယူနိုက်တက်၊မန်စီးတီး၊ချဲလ်ဆီးနှင့်လီဗာပူးတို့ရဲ့စိတ်ဝင်စားခြင်းခံနေရပေမဲ့လည်းရီးရဲလ်မက်ဒရစ်သို့သာပြောင်းရွှေ့ကစားရန်စိတ်အားထက်သန်နေကြောင်းသိရပါတယ်။

ဒေါ့မွန်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ဥရောပထိပ်သီးကလပ်တိုင်းကအလိုရှိနေတဲ့ဂျူ့ဘယ်လင်ဂမ်ကိုရောင်းချရန်စီစဉ်ထားပြီး အရစ်ကျမဟုတ်ဘဲငွေသားချည်းသက်သက်ပေါင်၈၃သန်းတည်းဖြင့်ရောင်းရန်စီစဉ်နေပါတယ်။

ယင်းသို့သတ်မှတ်လာမှုနှင့်အတူပရီးမီးယားလိဂ်ကလပ်များဟာဘယ်လင်ဂမ်ကိုကမ်းလှမ်းရေးတာစူလာကြပါတယ်။

ဒါပေမဲ့ကာယကံရှင်ကတော့ပရီးမီးယားလိဂ်သို့သွားရောက်ကစားလိုခြင်းမရှိဘဲ ရီးရဲလ်မက်ဒရစ်သို့သာပြောင်းရွှေ့ကစားလိုနေပါတယ်။

ဒါ့အပြင်ဂျူ့ဘယ်လင်ဂမ်က ရီးရဲလ်မက်ဒရစ်ရှိ အသက်၃၇နှစ်ရှိတိုနီခရူးစ်၊အသက်၃၂နှစ်ရှိတိုနီခရူးစ်တို့မှာအသက်အရွယ်ရလာပြီဖြစ်သောကြောင့် ရီးရဲလ်မက်ဒရစ်သို့ပြောင်းလျှင်နေရာပိုမိုရရှိလာမည်လို့ယုံကြည်နေပါတယ်။

တဖက်တွင်ရီးရဲလ်မက်ဒရစ်ဟာလည်းကာဗာမင်ဂါ၊ချူအာမီနီနှင့်ဗယ်ဗာဒီတို့ကိုပိုင်ဆိုင်ထားကာကွင်းလယ်ကိုအစားထိုးရန်စီစဉ်ထားပြီးလည်းဖြစ်ပါတယ်။

ZawGyi

ရီးရဲလ္မက္ဒရစ္သို႔ ေျပာင္းေ႐ႊ႕ကစားရန္ ဘယ္လင္ဂမ္ ဆုံးျဖတ္လိုက္ၿပီ

ဂ်ဴ႕ဘယ္လင္ဂမ္ဟာလာမယ့္ေႏြရာသီတြင္လီဗာပူးအပါအဝင္ပရီးမီးယားလိဂ္ကလပ္မ်ားကိုျငင္းပယ္ကာရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေ႐ႊ႕ကစားသြားေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

Marca ကအသက္၁၉ႏွစ္ရွိဘယ္လင္ဂမ္ဟာယူႏိုက္တက္၊မန္စီးတီး၊ခ်ဲလ္ဆီးႏွင့္လီဗာပူးတို႔ရဲ႕စိတ္ဝင္စားျခင္းခံေနရေပမဲ့လည္းရီးရဲလ္မက္ဒရစ္သို႔သာေျပာင္းေ႐ႊ႕ကစားရန္စိတ္အားထက္သန္ေနေၾကာင္းသိရပါတယ္။

ေဒါ့မြန္ဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ ဥေရာပထိပ္သီးကလပ္တိုင္းကအလိုရွိေနတဲ့ဂ်ဴ႕ဘယ္လင္ဂမ္ကိုေရာင္းခ်ရန္စီစဥ္ထားၿပီး အရစ္က်မဟုတ္ဘဲေငြသားခ်ည္းသက္သက္ေပါင္၈၃သန္းတည္းျဖင့္ေရာင္းရန္စီစဥ္ေနပါတယ္။

ယင္းသို႔သတ္မွတ္လာမႈႏွင့္အတူပရီးမီးယားလိဂ္ကလပ္မ်ားဟာဘယ္လင္ဂမ္ကိုကမ္းလွမ္းေရးတာစူလာၾကပါတယ္။

ဒါေပမဲ့ကာယကံရွင္ကေတာ့ပရီးမီးယားလိဂ္သို႔သြားေရာက္ကစားလိုျခင္းမရွိဘဲ ရီးရဲလ္မက္ဒရစ္သို႔သာေျပာင္းေ႐ႊ႕ကစားလိုေနပါတယ္။

ဒါ့အျပင္ဂ်ဴ႕ဘယ္လင္ဂမ္က ရီးရဲလ္မက္ဒရစ္ရွိ အသက္၃၇ႏွစ္ရွိတိုနီခ႐ူးစ္၊အသက္၃၂ႏွစ္ရွိတိုနီခ႐ူးစ္တို႔မွာအသက္အ႐ြယ္ရလာၿပီျဖစ္ေသာေၾကာင့္ ရီးရဲလ္မက္ဒရစ္သို႔ေျပာင္းလွ်င္ေနရာပိုမိုရရွိလာမည္လို႔ယုံၾကည္ေနပါတယ္။

တဖက္တြင္ရီးရဲလ္မက္ဒရစ္ဟာလည္းကာဗာမင္ဂါ၊ခ်ဴအာမီနီႏွင့္ဗယ္ဗာဒီတို႔ကိုပိုင္ဆိုင္ထားကာကြင္းလယ္ကိုအစားထိုးရန္စီစဥ္ထားၿပီးလည္းျဖစ္ပါတယ္။