ရီးရဲလ်မက်ဒရစ်သို့ ဘက်ပေး ရောက်လာရန် သေချာကြောင်း ဘန်ဇီးမားပြောကြား

ကာရမ်ဘန်ဇီးမားကရီးရဲလ်မက်ဒရစ်မှာပြင်သစ်ကစားဖော်ကိုင်လီယန်ဘက်ပေးအားပီအက်စ်ဂျီမှခေါ်ယူလိုနေကြောင်းအတည်ပြုပြောကြားလာပါတယ်။

ရီးရဲလ်မက်ဒရစ်ဝါရင့်တိုက်စစ်မှူးကပြင်သစ်ကစားဖော်မှာနွေရာသီတုန်းကရီးရဲလ်မက်ဒရစ်သို့အပြောင်းအရွှေ့ပျက်ပြယ်ခဲ့သော်လည်းတစ်နေ့တွင်စပိန်ထိပ်သီးကလပ်သို့လာရောက်ကစားရန်သေချာနေကြောင်းလည်းပြောကြားသွားပါတယ်။

အသက်၃၃နှစ်ရှိဘန်ဇီးမားက “ရီးရဲလ်မက်ဒရစ်ကသူ့ကိုခေါ်ယူချင်တယ်ဆိုတာလျှို့ဝှက်ချက်မဟုတ်ပါဘူး။ကျွန်တော်ကလည်းသူ့ကိုဒီမှာလာရောက်စေချင်ပါတယ်။ဒါပေမယ့်မကြာသေးမီတုန်းကပြောခဲ့သလိုပေါ့တစ်နေ့မှာဘယ်လိုပဲဖြစ်ဖြစ်သူရောက်လာမှာပါ။နွေတုန်းကသူနဲ့စကားတွေပြောဖြစ်ပါတယ်။အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ဘဲပြောတာမဟုတ်ပါဘူး။ဒီလိုပဲပုံမှန်လေးအဆက်အသွယ်လေးရှိနေခဲ့ကြတာပါ”လို့ပြောကြားသွားပါတယ်။

ဘန်ဇီးမားနှင့်ကိုင်လီယန်ဘက်ပေးတို့ဟာယူရို၂၀၂၀ပြိုင်ပွဲတုန်းကပြင်သစ်အသင်းတိုက်စစ်ကိုဦးဆောင်ခဲ့ကြသူများဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်များတွင် ပေါင်၁၃၈သန်းဖြင့်တစ်ကြိမ်၊ပေါင်၁၄၅သန်းဖြင့်ဒုတိယအကြိမ်ကမ်းလှမ်းမှုပြုလုပ်ခဲ့သော်လည်းပီအက်စ်ဂျီရဲ့ပယ်ချခြင်းခံခဲ့ရပါတယ်။

ကိုင်လီယန်ဘက်ပေးဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးလာမယ့်ဇန်နဝါရီတွင်ရီးရဲလ်မက်ဒရစ်နှင့်အကြိုစာချုပ်ချုပ်ဆိုမယ်လို့သတင်းထွက်နေပါတယ်။

ZawGyi

ရီးရဲလ္မက္ဒရစ္သို႔ ဘက္ေပး ေရာက္လာရန္ ေသခ်ာေၾကာင္း ဘန္ဇီးမားေျပာၾကား

ကာရမ္ဘန္ဇီးမားကရီးရဲလ္မက္ဒရစ္မွာျပင္သစ္ကစားေဖာ္ကိုင္လီယန္ဘက္ေပးအားပီအက္စ္ဂ်ီမွေခၚယူလိုေနေၾကာင္းအတည္ျပဳေျပာၾကားလာပါတယ္။

ရီးရဲလ္မက္ဒရစ္ဝါရင့္တိုက္စစ္မႉးကျပင္သစ္ကစားေဖာ္မွာေႏြရာသီတုန္းကရီးရဲလ္မက္ဒရစ္သို႔အေျပာင္းအေ႐ႊ႕ပ်က္ျပယ္ခဲ့ေသာ္လည္းတစ္ေန႔တြင္စပိန္ထိပ္သီးကလပ္သို႔လာေရာက္ကစားရန္ေသခ်ာေနေၾကာင္းလည္းေျပာၾကားသြားပါတယ္။

အသက္၃၃ႏွစ္ရွိဘန္ဇီးမားက “ရီးရဲလ္မက္ဒရစ္ကသူ႔ကိုေခၚယူခ်င္တယ္ဆိုတာလွ်ိဳ႕ဝွက္ခ်က္မဟုတ္ပါဘူး။ကြၽန္ေတာ္ကလည္းသူ႔ကိုဒီမွာလာေရာက္ေစခ်င္ပါတယ္။ဒါေပမယ့္မၾကာေသးမီတုန္းကေျပာခဲ့သလိုေပါ့တစ္ေန႔မွာဘယ္လိုပဲျဖစ္ျဖစ္သူေရာက္လာမွာပါ။ေႏြတုန္းကသူနဲ႔စကားေတြေျပာျဖစ္ပါတယ္။အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီးေတာ့ဘဲေျပာတာမဟုတ္ပါဘူး။ဒီလိုပဲပုံမွန္ေလးအဆက္အသြယ္ေလးရွိေနခဲ့ၾကတာပါ”လို႔ေျပာၾကားသြားပါတယ္။

ဘန္ဇီးမားႏွင့္ကိုင္လီယန္ဘက္ေပးတို႔ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတုန္းကျပင္သစ္အသင္းတိုက္စစ္ကိုဦးေဆာင္ခဲ့ၾကသူမ်ားျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္မ်ားတြင္ ေပါင္၁၃၈သန္းျဖင့္တစ္ႀကိမ္၊ေပါင္၁၄၅သန္းျဖင့္ဒုတိယအႀကိမ္ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေသာ္လည္းပီအက္စ္ဂ်ီရဲ႕ပယ္ခ်ျခင္းခံခဲ့ရပါတယ္။

ကိုင္လီယန္ဘက္ေပးဟာယခုရာသီအကုန္တြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးလာမယ့္ဇန္နဝါရီတြင္ရီးရဲလ္မက္ဒရစ္ႏွင့္အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုမယ္လို႔သတင္းထြက္ေနပါတယ္။