ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်သစ်အဖြစ် မာဆယ်လိုခန့်အပ်ခြင်းခံရ

ရီးရဲလ်မက်ဒရစ်ကအသင်းမှထွက်ခွာသွားတဲ့ဆာဂျီယိုရာမို့စ်ရဲ့ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်နေရာကိုမာဆယ်လိုဆက်ခံသွားမည်ဖြစ်ကြောင်းထုတ်ပြန်လာပါတယ်။ဘရာဇီးနောက်ခံလူကရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခြင်းခံရမှုကြောင့်အလွန်ဂုဏ်ယူကြောင်းနှင့်အိပ်မက်တစ်ခုအမှန်တကယ်ဖြစ်လာပြီလို့ဆိုသွားပါတယ်။

ဆန်တီယာဂိုဘာနေဗျူးတွင်နှစ်ပေါင်း၂၀ကြာကစားလာခဲ့တဲ့ရာမို့စ်ဟာရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်အဖြစ်၆နှစ်ကြာတာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပြီးစာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်ပီအက်စ်ဂျီသို့ပြောင်းရွှေ့သွားခဲ့ပါတယ်။

ယခုအခါရီးရဲလ်မက်ဒရစ်ဟာရာမို့စ်နေရာမှာအသင်းတွင်ကာလရှည်ကြာကစားလာခဲ့တဲ့အသက်၃၃နှစ်ရှိဘရာဇီးဘယ်နောက်ခံလူမာဆယ်လိုအားခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

မာဆယ်လိုဟာရီးရဲလ်မက်ဒရစ်တွင်၁၅ရာသီကြာကစားလာခဲ့သူဖြစ်ပြီးသူ့ရဲ့၁၆ရာသီမြောက်ရာသီအားအသင်းခေါင်းဆောင်အဖြစ်ဖြတ်သန်းရတော့မှာဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်ဟာဒုတိယအသင်းခေါင်းဆောင်အဖြစ်ဘန်ဇီးမားကိုလည်းခန့်အပ်ခဲ့ပြီးမာဆယ်လို ကွင်းထဲမှာမရှိချိန်မှာဘန်ဇီးမားကအသင်းကိုဦးဆောင်ပါမယ်။

မာဆယ်လိုက “ဒါကဂုဏ်ယူစရာပါ။ကမ္ဘာ့အကြီးကျယ်ဆုံးကလပ်ရဲ့အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခံရတဲ့အတွက်တာဝန်တွေလည်းအများကြီးရှိလာပါတယ်။ကျွန်တော်အရမ်းကံကောင်းပါတယ်။ရီးရဲလ်မက်ဒရစ်ကစားသမားတစ်ဦးဖြစ်ပြီဆိုတာနဲ့အိပ်ယာကနေနိုးလာတာနဲ့အောင်မြင်မှုဆာလောင်ပြီးနိုးထရပါတယ်။တစ်ရာသီပြီးတစ်ရာသီအောင်မြင်မှုပိုပြီးဆာလောင်ပါတယ်”လို့ပြောကြားသွားပါတယ်။

မာဆယ်လိုဟာ၂၀၀၇ခုနှစ်ကတည်းကရီးရဲလ်မက်ဒရစ်တွင်ကစားလာခဲ့သူဖြစ်ပြီးရီးရဲလ်မက်ဒရစ်အတွက်၅၂၈ပွဲကစားပေးထားသူလည်းဖြစ်ပါတယ်။သူဟာရီးရဲလ်မက်ဒရစ်နှင့်အတူလာလီဂါဖလား၅ကြိမ်၊ချန်ပီယံလိဂ်ဖလား၄ကြိမ်ဆွတ်ခူးထားပါတယ်။

သူဟာပြီးခဲ့တဲ့ရာသီတုန်းကပွဲထွက်ခွင့်နေရာအတွက်ဖာလင်းမင်ဒီနှင့်ယှဉ်ပြိုင်ခဲ့ရပေမယ့်အဓိကကစားသမားအဖြစ်ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။

ZawGyi

ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္သစ္အျဖစ္ မာဆယ္လိုခန႔္အပ္ျခင္းခံရ

ရီးရဲလ္မက္ဒရစ္ကအသင္းမွထြက္ခြာသြားတဲ့ဆာဂ်ီယိုရာမို႔စ္ရဲ႕ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ေနရာကိုမာဆယ္လိုဆက္ခံသြားမည္ျဖစ္ေၾကာင္းထုတ္ျပန္လာပါတယ္။ဘရာဇီးေနာက္ခံလူကရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္အျဖစ္ခန႔္အပ္ျခင္းခံရမႈေၾကာင့္အလြန္ဂုဏ္ယူေၾကာင္းႏွင့္အိပ္မက္တစ္ခုအမွန္တကယ္ျဖစ္လာၿပီလို႔ဆိုသြားပါတယ္။

ဆန္တီယာဂိုဘာေနဗ်ဴးတြင္ႏွစ္ေပါင္း၂၀ၾကာကစားလာခဲ့တဲ့ရာမို႔စ္ဟာရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္အျဖစ္၆ႏွစ္ၾကာတာဝန္ထမ္းေဆာင္လာခဲ့သူျဖစ္ၿပီးစာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။

ယခုအခါရီးရဲလ္မက္ဒရစ္ဟာရာမို႔စ္ေနရာမွာအသင္းတြင္ကာလရွည္ၾကာကစားလာခဲ့တဲ့အသက္၃၃ႏွစ္ရွိဘရာဇီးဘယ္ေနာက္ခံလူမာဆယ္လိုအားခန႔္အပ္လိုက္ၿပီျဖစ္ပါတယ္။

မာဆယ္လိုဟာရီးရဲလ္မက္ဒရစ္တြင္၁၅ရာသီၾကာကစားလာခဲ့သူျဖစ္ၿပီးသူ႔ရဲ႕၁၆ရာသီေျမာက္ရာသီအားအသင္းေခါင္းေဆာင္အျဖစ္ျဖတ္သန္းရေတာ့မွာျဖစ္ပါတယ္။ရီးရဲလ္မက္ဒရစ္ဟာဒုတိယအသင္းေခါင္းေဆာင္အျဖစ္ဘန္ဇီးမားကိုလည္းခန႔္အပ္ခဲ့ၿပီးမာဆယ္လို ကြင္းထဲမွာမရွိခ်ိန္မွာဘန္ဇီးမားကအသင္းကိုဦးေဆာင္ပါမယ္။

မာဆယ္လိုက “ဒါကဂုဏ္ယူစရာပါ။ကမာၻ႔အႀကီးက်ယ္ဆုံးကလပ္ရဲ႕အသင္းေခါင္းေဆာင္အျဖစ္ခန႔္အပ္ခံရတဲ့အတြက္တာဝန္ေတြလည္းအမ်ားႀကီးရွိလာပါတယ္။ကြၽန္ေတာ္အရမ္းကံေကာင္းပါတယ္။ရီးရဲလ္မက္ဒရစ္ကစားသမားတစ္ဦးျဖစ္ၿပီဆိုတာနဲ႔အိပ္ယာကေနႏိုးလာတာနဲ႔ေအာင္ျမင္မႈဆာေလာင္ၿပီးႏိုးထရပါတယ္။တစ္ရာသီၿပီးတစ္ရာသီေအာင္ျမင္မႈပိုၿပီးဆာေလာင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မာဆယ္လိုဟာ၂၀၀၇ခုႏွစ္ကတည္းကရီးရဲလ္မက္ဒရစ္တြင္ကစားလာခဲ့သူျဖစ္ၿပီးရီးရဲလ္မက္ဒရစ္အတြက္၅၂၈ပြဲကစားေပးထားသူလည္းျဖစ္ပါတယ္။သူဟာရီးရဲလ္မက္ဒရစ္ႏွင့္အတူလာလီဂါဖလား၅ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၄ႀကိမ္ဆြတ္ခူးထားပါတယ္။

သူဟာၿပီးခဲ့တဲ့ရာသီတုန္းကပြဲထြက္ခြင့္ေနရာအတြက္ဖာလင္းမင္ဒီႏွင့္ယွဥ္ၿပိဳင္ခဲ့ရေပမယ့္အဓိကကစားသမားအျဖစ္ဆက္လက္ရပ္တည္ေနဆဲျဖစ္ပါတယ္။