ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ကို ကျော်ဖြတ်ကာ ဟာလန်းကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီဖြစ်တဲ့ မန်စီးတီး

မန်စီးတီးဟာရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာတို့အားကျော်ဖြတ်ကာအာလင်းဟာလန်းအားခေါ်ယူရန်သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။

ဂျာမန်ထိပ်သီးကလပ်ဒေါ့မွန်ဟာနော်ဝေတိုက်စစ်မှူးကိုအသင်းတွင်နောက်ထပ်တစ်ရာသီဆက်ထိန်းထားလိုနေပေမဲ့ယခုအခါမှာတော့လာမယ့်နွေရာသီမှာအီတီဟတ်သို့လက်လွှတ်ရတော့မှာဖြစ်ပါတယ်။

အသက်၂၁နှစ်ရှိအာလင်းဟာလန်းဟာစာချုပ်အတွင်းတွင်လာမယ့်နွေရာသီမှာဒေါ့မွန်မှပြောင်းရွှေ့နိုင်မယ့်အချက်ပါဝင်နေသူလည်းဖြစ်ပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့သတင်းအရအာလင်းဟာလန်းဟာဖခင်ဖြစ်သူကဲ့သို့ပင်မန်စီးတီးတွင်ကစားသွားတော့မှာဖြစ်ကြောင်းသိရပါတယ်။အာလင်းဟာလန်းရဲ့ဖခင်ဟာမန်စီးတီးတွင်၂၀၀၀ခုနှစ်မျ၂၀၀၃ခုနှစ်အထိကစားခဲ့ဖူးပါတယ်။

အာလင်းဟာလန်းဟာဖခင်နှင့်အေးဂျင့်မီနိုင်ရိုင်အိုလာတို့ရဲ့တွန်းအားကြောင့် မန်စီးတီးသို့ပြောင်းတော့မှာဖြစ်ပါတယ်။

မန်စီးတီးဟာအာလင်းဟာလန်းအားခေါ်ယူရေးအတွက်ပေါင်သန်း၁၀၀အသုံးပြုရပါမယ်။ပေါင်သန်း၁၀၀မှ ပေါင်၆၄သန်းကို ဒေါ့မွန်သို့ပေးရမှာဖြစ်ပြီး ကျန်ငွေများကို အေးဂျင့်စရိတ်အဖြစ် ပေးရမှာလည်းဖြစ်ပါတယ်။

ဒေါ့မွန်ဟာလည်းအာလင်းဟာလန်းကိုရောင်းချလိုက်တဲ့ငွေများဖြင့် တိုက်စစ်မှူးအစားထိုးခေါ်ယူဖို့လုပ်ဆောင်နေပါတယ်။

အာလင်းဟာလန်းဟာ၂၀၂၀ခုနှစ်ဇန်နဝါရီတွင်ဆဲလ်ဘတ်မှပြောင်းရွှေ့လာပြီးနောက်ဒေါ့မွန်အတွက်၇၉ပွဲကစားထားရာမှာဂိုး၈၀သွင်းယူထားနိုင်သူဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကဒဏ်ရာကြောင့်အနားယူနေရပြီး မကြာမီပြန်လည်ကောင်းမွန်လာဖို့ရှိနေပါတယ်။

ZawGyi

ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာတို႔ကို ေက်ာ္ျဖတ္ကာ ဟာလန္းကို ေခၚယူရန္ သေဘာတူညီမႈ ရရွိသြားၿပီျဖစ္တဲ့ မန္စီးတီး

မန္စီးတီးဟာရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာတို႔အားေက်ာ္ျဖတ္ကာအာလင္းဟာလန္းအားေခၚယူရန္သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္းသိရပါတယ္။

ဂ်ာမန္ထိပ္သီးကလပ္ေဒါ့မြန္ဟာေနာ္ေဝတိုက္စစ္မႉးကိုအသင္းတြင္ေနာက္ထပ္တစ္ရာသီဆက္ထိန္းထားလိုေနေပမဲ့ယခုအခါမွာေတာ့လာမယ့္ေႏြရာသီမွာအီတီဟတ္သို႔လက္လႊတ္ရေတာ့မွာျဖစ္ပါတယ္။

အသက္၂၁ႏွစ္ရွိအာလင္းဟာလန္းဟာစာခ်ဳပ္အတြင္းတြင္လာမယ့္ေႏြရာသီမွာေဒါ့မြန္မွေျပာင္းေ႐ႊ႕ႏိုင္မယ့္အခ်က္ပါဝင္ေနသူလည္းျဖစ္ပါတယ္။

ယေန႔ထြက္ေပၚလာတဲ့သတင္းအရအာလင္းဟာလန္းဟာဖခင္ျဖစ္သူကဲ့သို႔ပင္မန္စီးတီးတြင္ကစားသြားေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။အာလင္းဟာလန္းရဲ႕ဖခင္ဟာမန္စီးတီးတြင္၂၀၀၀ခုႏွစ္မ်၂၀၀၃ခုႏွစ္အထိကစားခဲ့ဖူးပါတယ္။

အာလင္းဟာလန္းဟာဖခင္ႏွင့္ေအးဂ်င့္မီႏိုင္႐ိုင္အိုလာတို႔ရဲ႕တြန္းအားေၾကာင့္ မန္စီးတီးသို႔ေျပာင္းေတာ့မွာျဖစ္ပါတယ္။

မန္စီးတီးဟာအာလင္းဟာလန္းအားေခၚယူေရးအတြက္ေပါင္သန္း၁၀၀အသုံးျပဳရပါမယ္။ေပါင္သန္း၁၀၀မွ ေပါင္၆၄သန္းကို ေဒါ့မြန္သို႔ေပးရမွာျဖစ္ၿပီး က်န္ေငြမ်ားကို ေအးဂ်င့္စရိတ္အျဖစ္ ေပးရမွာလည္းျဖစ္ပါတယ္။

ေဒါ့မြန္ဟာလည္းအာလင္းဟာလန္းကိုေရာင္းခ်လိုက္တဲ့ေငြမ်ားျဖင့္ တိုက္စစ္မႉးအစားထိုးေခၚယူဖို႔လုပ္ေဆာင္ေနပါတယ္။

အာလင္းဟာလန္းဟာ၂၀၂၀ခုႏွစ္ဇန္နဝါရီတြင္ဆဲလ္ဘတ္မွေျပာင္းေ႐ႊ႕လာၿပီးေနာက္ေဒါ့မြန္အတြက္၇၉ပြဲကစားထားရာမွာဂိုး၈၀သြင္းယူထားႏိုင္သူျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလကတည္းကဒဏ္ရာေၾကာင့္အနားယူေနရၿပီး မၾကာမီျပန္လည္ေကာင္းမြန္လာဖို႔ရွိေနပါတယ္။