ရီးရဲလ်မက်ဒရစ်၊ အာဆင်နယ်နှင့်မန်စီးတီးတို့က ပစ်မှတ်ထားလာမှုကြောင့် မီတိုမာကို ကလပ်စံချိန်တင်လုပ်ခပေးလာမဲ့ ဘရိုက်တန်

ဘရိုက်တန်ဟာရီးရဲလ်မက်ဒရစ်၊အာဆင်နယ်နှင့်မန်စီးတီးတို့ရဲ့ပစ်မှတ်ထားခြင်းလာရတဲ့အဓိကစတားကာအိုရူမီတိုမိုကိုကလပ်စံချိန်တင်လုပ်ခပေးကာစာချုပ်သစ်ချုပ်ဆိုရန်စီစဉ်လာပါတယ်။

အသက်၂၅နှစ်ရှိဂျပန်တောင်ပံစတားဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဘယ်လီဂျီယံကလပ်ယူနီယံအက်စ်ဂျီတွင်အငှားဖြင့်သွားရောက်ကစားခဲ့သူဖြစ်ပြီးဩဂုတ်လတုန်းကနယူးကာဆယ်နှင့်ဂိုးမရှိသရေကျတဲ့ပွဲတွင်ဘရိုက်တန်အတွက်ပထမဆုံးပွဲကစားခွင့်ရခဲ့ပါတယ်။

ယင်းနောက်သူဟာပရီးမီးယားလိဂ်တွင်ဆက်တိုက်ခြေစွမ်းပြကစားနိုင်ခဲ့ပြီးယခုရာသီအကောင်းဆုံးခြေစွမ်းဖြင့်ကစားထားနိုင်တဲ့စတားများထဲမှတစ်ဦးအဖြစ်ရပ်တည်နေပါတယ်။

မီတိုမာဟာအောက်တိုဘာလလယ်ပိုင်းမှစတင်ကာဘရိုက်တန်အတွက်၁၄ဂိုးအထိသွင်းယူထားနိုင်ပါတယ်။သူဟာလီဗာပူးနှင့်ပွဲတွင်ပြိုင်ဘက်ကစားသမားများကို၁၀ကြိမ်အထိအောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

သူဟာခြေစွမ်းပြကစားနိုင်မှုနှင့်အတူရီးရဲလ်မက်ဒရစ်၊ဘိုင်ယန်မြူးနစ်၊မန်စီးတီးနှင့်အာဆင်နယ်တို့ရဲ့ပစ်မှတ်ထားခြင်းခံလာရပါတယ်။

ဒါကြောင့်လည်းဘရိုက်တန်ဟာမီတိုမာကိုအသင်းတွင်ဆက်ထိန်းထားနိုင်ရေးအတွက်ကလပ်ရဲ့လုပ်ခအများဆုံးရရှိတဲ့ကစားသမားအဖြစ်စာချုပ်သစ်ကမ်းလှမ်းရန်စီစဉ်နေပါတယ်။

သူဟာ၂၀၂၁ခုနှစ်တုန်းကဘရိုက်တန်နှင့်၄နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ZawGyi

ရီးရဲလ္မက္ဒရစ္၊ အာဆင္နယ္ႏွင့္မန္စီးတီးတို႔က ပစ္မွတ္ထားလာမႈေၾကာင့္ မီတိုမာကို ကလပ္စံခ်ိန္တင္လုပ္ခေပးလာမဲ့ ဘ႐ိုက္တန္

ဘ႐ိုက္တန္ဟာရီးရဲလ္မက္ဒရစ္၊အာဆင္နယ္ႏွင့္မန္စီးတီးတို႔ရဲ႕ပစ္မွတ္ထားျခင္းလာရတဲ့အဓိကစတားကာအို႐ူမီတိုမိုကိုကလပ္စံခ်ိန္တင္လုပ္ခေပးကာစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္စီစဥ္လာပါတယ္။

အသက္၂၅ႏွစ္ရွိဂ်ပန္ေတာင္ပံစတားဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဘယ္လီဂ်ီယံကလပ္ယူနီယံအက္စ္ဂ်ီတြင္အငွားျဖင့္သြားေရာက္ကစားခဲ့သူျဖစ္ၿပီးဩဂုတ္လတုန္းကနယူးကာဆယ္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲတြင္ဘ႐ိုက္တန္အတြက္ပထမဆုံးပြဲကစားခြင့္ရခဲ့ပါတယ္။

ယင္းေနာက္သူဟာပရီးမီးယားလိဂ္တြင္ဆက္တိုက္ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီးယခုရာသီအေကာင္းဆုံးေျခစြမ္းျဖင့္ကစားထားႏိုင္တဲ့စတားမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္ေနပါတယ္။

မီတိုမာဟာေအာက္တိုဘာလလယ္ပိုင္းမွစတင္ကာဘ႐ိုက္တန္အတြက္၁၄ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။သူဟာလီဗာပူးႏွင့္ပြဲတြင္ၿပိဳင္ဘက္ကစားသမားမ်ားကို၁၀ႀကိမ္အထိေအာင္ျမင္ေအာင္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

သူဟာေျခစြမ္းျပကစားႏိုင္မႈႏွင့္အတူရီးရဲလ္မက္ဒရစ္၊ဘိုင္ယန္ျမဴးနစ္၊မန္စီးတီးႏွင့္အာဆင္နယ္တို႔ရဲ႕ပစ္မွတ္ထားျခင္းခံလာရပါတယ္။

ဒါေၾကာင့္လည္းဘ႐ိုက္တန္ဟာမီတိုမာကိုအသင္းတြင္ဆက္ထိန္းထားႏိုင္ေရးအတြက္ကလပ္ရဲ႕လုပ္ခအမ်ားဆုံးရရွိတဲ့ကစားသမားအျဖစ္စာခ်ဳပ္သစ္ကမ္းလွမ္းရန္စီစဥ္ေနပါတယ္။

သူဟာ၂၀၂၁ခုႏွစ္တုန္းကဘ႐ိုက္တန္ႏွင့္၄ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။