ရီးရဲလ်သို့ အံ့ဩဖွယ်ထွက်ခွာသွားတဲ့ အန်ဆယ်လော့တီနေရာတွင် ဆန်တိုနဲ့အစားထိုးရန်အဲဗာတန်ကြိုးပမ်း

အဲဗာတန်ဟာရီးရဲလ်မက်ဒရစ်သို့ထွက်ခွာသွားတဲ့ကာလိုအန်ဆယ်လော့တီရဲ့နေရာမှာနူနိုအက်စ်ပီရီတိုဆန်တိုနှင့်အစားထိုးနိုင်ဖို့အတွက်ခရစ္စတယ်ပဲလေ့စ်နှင့်အပြိုင်ကြိုးပမ်းနေပါတယ်။

အဲဗာတန်နည်းပြကာလိုအန်ဆယ်လော့တီဟာအသင်းနှင့်၂၀၂၄ခုနှစ်အထိစာချုပ်သက်တမ်းကျန်ရှိနေသေးသော်လည်းစာချုပ်ဖျက်သိမ်းကာရီးရဲလ်မက်ဒရစ်သို့ထွက်ခွာသွားခဲ့ပါတယ်။ဒါကြောင့်လည်းအဲဗာတန်ပိုင်ရှင်ဖာဟက်မိုရှီရီရဲ့လက်အောက်မှာနည်းပြခြောက်ဦးအထိလမ်းခွဲပြီးဖြစ်လာခဲ့ပါတယ်။

မိုရှီရီဟာဝုဗ်နည်းပြဟောင်းဆန်တိုအားအက်ဒီဟိုဝီ၊ရာဖေးလ်ဘင်နီတက်ဇ်တို့နှင့်အတူနည်းပြရာထူးအတွက်လျာထားစာရင်းမှာထည့်သွင်းထားပါတယ်။

ဆန်တိုဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာဝုဗ်နည်းပြရာထူးမှထွက်ခွာလာခဲ့သူဖြစ်ပြီးပရီးမီးယားလိဂ်တွင်ပင်ဆက်လက်ကျင်လည်လိုနေပါတယ်။

ZawGyi

ရီးရဲလ္သို႔ အံ့ဩဖြယ္ထြက္ခြာသြားတဲ့ အန္ဆယ္ေလာ့တီေနရာတြင္ ဆန္တိုနဲ႔အစားထိုးရန္အဲဗာတန္ႀကိဳးပမ္း

အဲဗာတန္ဟာရီးရဲလ္မက္ဒရစ္သို႔ထြက္ခြာသြားတဲ့ကာလိုအန္ဆယ္ေလာ့တီရဲ႕ေနရာမွာႏူႏိုအက္စ္ပီရီတိုဆန္တိုႏွင့္အစားထိုးႏိုင္ဖို႔အတြက္ခရစၥတယ္ပဲေလ့စ္ႏွင့္အၿပိဳင္ႀကိဳးပမ္းေနပါတယ္။

အဲဗာတန္နည္းျပကာလိုအန္ဆယ္ေလာ့တီဟာအသင္းႏွင့္၂၀၂၄ခုႏွစ္အထိစာခ်ဳပ္သက္တမ္းက်န္ရွိေနေသးေသာ္လည္းစာခ်ဳပ္ဖ်က္သိမ္းကာရီးရဲလ္မက္ဒရစ္သို႔ထြက္ခြာသြားခဲ့ပါတယ္။ဒါေၾကာင့္လည္းအဲဗာတန္ပိုင္ရွင္ဖာဟက္မိုရွီရီရဲ႕လက္ေအာက္မွာနည္းျပေျခာက္ဦးအထိလမ္းခြဲၿပီးျဖစ္လာခဲ့ပါတယ္။

မိုရွီရီဟာဝုဗ္နည္းျပေဟာင္းဆန္တိုအားအက္ဒီဟိုဝီ၊ရာေဖးလ္ဘင္နီတက္ဇ္တို႔ႏွင့္အတူနည္းျပရာထူးအတြက္လ်ာထားစာရင္းမွာထည့္သြင္းထားပါတယ္။

ဆန္တိုဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္မွာဝုဗ္နည္းျပရာထူးမွထြက္ခြာလာခဲ့သူျဖစ္ၿပီးပရီးမီးယားလိဂ္တြင္ပင္ဆက္လက္က်င္လည္လိုေနပါတယ္။